Fantasy Pink အေရာင္နဲ႔ ထြက္လာတဲ့ Oppo R15
Oppo က R15 ကို မတ္လမွာ ေၾကညာခဲ့ၿပီး အေရာင္သံုးမ်ိဳးထုတ္လုပ္ေပးခဲ့ပါတယ္။ အဲဒီေနာက္မွာ စတုတၳ အေရာင္ကို ထုတ္လုပ္ေပးခဲ့ပါတယ္။ အခုေတာ့ ပဌၥမ အေရာင္ကို ေတြ႕ျမင္ပါၿပီ။ သူ႔ရဲ႕ အေရာင္ကို Fantasy Pink လို႔ အမည္ေပးထားၿပီး ပန္းေရာင္ျဖစ္ပါတယ္။ ထူးျခားတာက မတူညီတဲ့ အလင္းေရာင္မ်ားေအာက္မွာ ဖုန္းရဲ႕ အေနာက္ဘက္မွာ ႏွင္းဆီေရႊေရာင္ကို ေျပာင္းသြားပါတယ္။
သူ႔မွာ ၆.၃၈ လက္မ AMOLED Display တပ္ဆင္ထားၿပီး Notch လည္း ပါပါတယ္။ FHD+ Resolution ျဖစ္ပါတယ္။ မ်က္နွာျပင္ အခ်ိဳးမွာ 19:9 ျဖစ္ပါတယ္။ MediaTek Octa-Core Helio P60 Chipset ထည့္သြင္းထားပါတယ္။ 4GB RAM, Android Oreo 8.1 အေျချပဳ ColorOS 5.0 ပါလာပါတယ္။ Oppo ရဲ႕ အြန္လိုင္းစတိုးကေန ၄၂၀ ေဒၚလာ ၀န္းက်င္ျဖင့္ ေရာင္းခ်ေပးမွာပါ။ အေနာက္ဘက္မွာ ကင္မရာ ႏွစ္လံုး တပ္ဆင္ထားၿပီး ေနာက္ခံမႈန္၀ါးတဲ့ ဓါတ္ပံုမ်ားကို ဖန္တီးေပးပါတယ္။
Oppo က ေမလတုန္းကလည္း R15 ရဲ႕ အထူးထုတ္ ေမာ္ဒယ္ကို ေရာင္းခ်ေပးခဲ့ပါတယ္။ Nebula Special Edition ျဖစ္ပါတယ္။ သူ႔ရဲ႕ ဒီဇိုင္းကို နာမည္ေက်ာ္ အီဂ်စ္ ဒီဇိုင္နာ Karim Rashid နဲ႔ ပူးေပါင္းဖန္တီးထားပါတယ္။ သူ႔ရဲ႕ အေနာက္ဘက္ ကိုယ္ထည္ရဲ႕ အေရာင္ကို အျပာ၊ အနီနဲ႔ ပန္းေရာင္မ်ားျဖင့္ ေပါင္းစပ္ဖန္တီးထားတာက အလြန္ စြဲမက္ဖြယ္ေကာင္းပါတယ္။ အလင္းေရာင္ထဲမွာ တစ္ဖ်ပ္ဖ်ပ္နဲ႔ ေတာက္ပေနပါတယ္။ ဒီဇိုင္နာရဲ႕ လက္မွတ္ကို အေနာက္ဘက္ ကိုယ္ထည္ရဲ႕ ေအာက္ေျခမွာ ေရးထိုးထားပါတယ္။
Ref : gsmarena
unicode
Fantasy Pink အရောင်နဲ့ ထွက်လာတဲ့ Oppo R15
Oppo က R15 ကို မတ်လမှာ ကြေညာခဲ့ပြီး အရောင်သုံးမျိုးထုတ်လုပ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ စတုတ္ထ အရောင်ကို ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ ပဌ္စမ အရောင်ကို တွေ့မြင်ပါပြီ။ သူ့ရဲ့ အရောင်ကို Fantasy Pink လို့ အမည်ပေးထားပြီး ပန်းရောင်ဖြစ်ပါတယ်။ ထူးခြားတာက မတူညီတဲ့ အလင်းရောင်များအောက်မှာ ဖုန်းရဲ့ အနောက်ဘက်မှာ နှင်းဆီရွှေရောင်ကို ပြောင်းသွားပါတယ်။
သူ့မှာ ၆.၃၈ လက်မ AMOLED Display တပ်ဆင်ထားပြီး Notch လည်း ပါပါတယ်။ FHD+ Resolution ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ MediaTek Octa-Core Helio P60 Chipset ထည့်သွင်းထားပါတယ်။ 4GB RAM, Android Oreo 8.1 အခြေပြု ColorOS 5.0 ပါလာပါတယ်။ Oppo ရဲ့ အွန်လိုင်းစတိုးကနေ ၄၂၀ ဒေါ်လာ ဝန်းကျင်ဖြင့် ရောင်းချပေးမှာပါ။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံး တပ်ဆင်ထားပြီး နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများကို ဖန်တီးပေးပါတယ်။
Oppo က မေလတုန်းကလည်း R15 ရဲ့ အထူးထုတ် မော်ဒယ်ကို ရောင်းချပေးခဲ့ပါတယ်။ Nebula Special Edition ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းကို နာမည်ကျော် အီဂျစ် ဒီဇိုင်နာ Karim Rashid နဲ့ ပူးပေါင်းဖန်တီးထားပါတယ်။ သူ့ရဲ့ အနောက်ဘက် ကိုယ်ထည်ရဲ့ အရောင်ကို အပြာ၊ အနီနဲ့ ပန်းရောင်များဖြင့် ပေါင်းစပ်ဖန်တီးထားတာက အလွန် စွဲမက်ဖွယ်ကောင်းပါတယ်။ အလင်းရောင်ထဲမှာ တစ်ဖျပ်ဖျပ်နဲ့ တောက်ပနေပါတယ်။ ဒီဇိုင်နာရဲ့ လက်မှတ်ကို အနောက်ဘက် ကိုယ်ထည်ရဲ့ အောက်ခြေမှာ ရေးထိုးထားပါတယ်။
Ref : gsmarena
You may be interested

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Ko Thuya - Feb 23, 2019ၿပီးခဲ့တဲ့ ရက္ပိုင္းက ဆမ္ေဆာင္းက ေခါက္ခ်ိဳး စမတ္ဖုန္း Galaxy Fold ကို ေၾကညာခဲ့ပါတယ္။ ဟြာေ၀းကလည္း မၾကာခင္မွာ သူ႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းရဲ႕ ပိုစတာတစ္ခု ေပါက္ၾကားထြက္ေပၚလာပါတယ္။ တြစ္တာမွာ…

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္
Ko Thuya - Feb 23, 2019သတင္းေခါင္းစဥ္ကို ဖတ္ၿပီး စာဖတ္သူ မွားေနတယ္လို႔ မေျပာၾကပါနဲ႔။ ဒါ အမွန္ပါ။ သုေတသန ကုမၸဏီ Open Signal ရဲ႕ က ႏိုင္ငံေပါင္း ၇၇ ႏိုင္ငံရဲ႕ 4G အင္တာနက္ အျမန္ႏႈန္းမ်ားကို တိုင္းတာခဲ့ၾကပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ…

Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လံုးကို ႏိႈင္းယွဥ္ျခင္း။)
Ko Thuya - Feb 22, 2019Samsung က ၈၉၉ ေဒၚလာတန္ Galaxy S10 နဲ႔ ၉၉၉ ေဒၚလာတန္ Galaxy S10 Plus တို႔အျပင္ တန္ဖိုးသက္သာတဲ့ Galaxy S10E ကိုပါ ေရာင္းခ်မွာပါ။ သူဟာ iPhone XR ကို…
Leave a Comment
You must be logged in to post a comment.