305 Shares 92 Views

စကၤာပူ Certification Site ကေန တစ္ဆင့္ ထြက္ေပၚလာတဲ့ Xiaomi Mi A2 Lite

Jun 05, 2018
305 92

[Zawgyi]

ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္က Xiaomi ရဲ႕ စမတ္ဖုန္း အသစ္တစ္လုံးဟာ TENAA ကေန တစ္ဆင့္ ထြက္ေပၚခဲ့ဖူးပါတယ္။ ဒီေန႔မွာေတာ့ Xiaomi ရဲ႕ M1805D1SG အမည္ရွိ ေမာ္ဒယ္ နံပါတ္တစ္ခုဟာ စကၤာပူႏိုင္ငံရဲ႕ Certification ဝက္ဆိုက္တစ္ခု ျဖစ္တဲ့ IMDA ကေန တစ္ဆင့္ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

ထြက္ေပၚခဲ့တဲ့ အခ်က္အလက္မ်ားအရ ၎ ေမာ္ဒယ္ နံပါတ္ဟာ Mi A2 Lite ျဖစ္တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္က TENAA မွာ ထြက္ေပၚခဲ့တဲ့ စမတ္ဖုန္းရဲ႕ ေမာ္ဒယ္ နံပါတ္နဲ႔ ယခု Mi A2 Lite တို႔ရဲ႕ ေမာ္ဒယ္ နံပါတ္ေတြဟာ ဆင္တူပါတယ္။ TENAA မွာ ထြက္ေပၚခဲ့တဲ့ ေမာ္ဒယ္နံပါတ္ေတြကေတာ့ M1805D1SC, M1805D1SE နဲ႔ M1805D1ST တို႔ ျဖစ္ပါတယ္။ ကြၽမ္းက်င္သူမ်ားကေတာ့ ၎ေမာ္ဒယ္ေတြဟာ Redmi 6 ျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္း ေျပာဆိုထားၾကပါတယ္။ စကၤာပူ ေမာ္ဒယ္နဲ႔ TENAA မွ ထြက္ေပၚခဲ့တဲ့ ေမာ္ဒယ္ေတြဟာ ေနာက္ဆုံး စာလုံး ၂လုံးဘဲ ကြာျခားေနတာကို ေတြ႕ရမွာပါ။ ဒါ့ေၾကာင့္ SG ေမာ္ဒယ္ကို Mi A2 Lite အျဖစ္ မိတ္ဆက္ႏိုင္ၿပီး TENAA ေမာ္ဒယ္ေတြကိုေတာ့ Redmi 6 အျဖစ္ မိတ္ဆက္ႏိုင္ဖြယ္ ရွိပါတယ္။

TENAA ရွိ အခ်က္အလက္မ်ားအရ Mi A2 Lite (သို႔မဟုတ္) Redmi 6 ဟာ ၅.၈၄ လက္မ မ်က္ႏွာျပင္ အ႐ြယ္အစားရွိၿပီး FHD+ Display ကို အသုံးျပဳထားႏိုင္ပါတယ္။ Notch လည္း ပါဝင္ ပါလိမ့္မယ္။ Processor အပိုင္းအတြက္ Clock Speed 2.0GHz ရွိတဲ့ Octa-core SoC ကို အသုံးျပဳႏိုင္ၿပီး RAM အေနနဲ႔ 2GB, 3GB နဲ႔ 4GB ဆိုၿပီး ၃မ်ိဴး ပါဝင္လာႏိုင္ပါတယ္။ Memory Storage မွာလည္း 16GB, 32GB နဲ႔ 64GB ဆိုၿပီး ၃မ်ိဴး ထုတ္လုပ္ ေရာင္းခ်သြားဖြယ္ ရွိပါတယ္။ ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Dual Camera ကို တပ္ဆင္ထားႏိုင္ၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 5MP Selfie Camera ကို တပ္ဆင္ထားႏိုင္ပါတယ္။

Security အပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားႏိုင္ၿပီး Android 8.1 Oreo နဲ႔ ပြဲထြက္လာႏိုင္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏကေတာ့ 3900mAh (သို႔မဟုတ္) 4000mAh ပါဝင္လာႏိုင္တယ္လို႔ သိရပါတယ္။ Xiaomi Mi A2 Lite ရဲ႕ တရားဝင္ မိတ္ဆက္မယ့္ေန႔ကို အတိအက် မသိရေသးေပမယ့္လည္း မၾကာမီ အခ်ိန္အတြင္းမွာ ျမင္ေတြ႕ႏိုင္ဖို႔ ေမွ်ာ္လင့္မိပါတယ္။

Ref: gizmochina

[Unicode]

စင်္ကာပူ Certification Site ကနေ တစ်ဆင့် ထွက်ပေါ်လာတဲ့ Xiaomi Mi A2 Lite

ပြီးခဲ့တဲ့ တစ်ပတ်လောက်က Xiaomi ရဲ့ စမတ်ဖုန်း အသစ်တစ်လုံးဟာ TENAA ကနေ တစ်ဆင့် ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီနေ့မှာတော့ Xiaomi ရဲ့ M1805D1SG အမည်ရှိ မော်ဒယ် နံပါတ်တစ်ခုဟာ စင်္ကာပူနိုင်ငံရဲ့ Certification ဝက်ဆိုက်တစ်ခု ဖြစ်တဲ့ IMDA ကနေ တစ်ဆင့် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ထွက်ပေါ်ခဲ့တဲ့ အချက်အလက်များအရ ၎င်း မော်ဒယ် နံပါတ်ဟာ Mi A2 Lite ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က TENAA မှာ ထွက်ပေါ်ခဲ့တဲ့ စမတ်ဖုန်းရဲ့ မော်ဒယ် နံပါတ်နဲ့ ယခု Mi A2 Lite တို့ရဲ့ မော်ဒယ် နံပါတ်တွေဟာ ဆင်တူပါတယ်။ TENAA မှာ ထွက်ပေါ်ခဲ့တဲ့ မော်ဒယ်နံပါတ်တွေကတော့ M1805D1SC, M1805D1SE နဲ့ M1805D1ST တို့ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများကတော့ ၎င်းမော်ဒယ်တွေဟာ Redmi 6 ဖြစ်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။ စင်္ကာပူ မော်ဒယ်နဲ့ TENAA မှ ထွက်ပေါ်ခဲ့တဲ့ မော်ဒယ်တွေဟာ နောက်ဆုံး စာလုံး ၂လုံးဘဲ ကွာခြားနေတာကို တွေ့ရမှာပါ။ ဒါ့ကြောင့် SG မော်ဒယ်ကို Mi A2 Lite အဖြစ် မိတ်ဆက်နိုင်ပြီး TENAA မော်ဒယ်တွေကိုတော့ Redmi 6 အဖြစ် မိတ်ဆက်နိုင်ဖွယ် ရှိပါတယ်။

TENAA ရှိ အချက်အလက်များအရ Mi A2 Lite (သို့မဟုတ်) Redmi 6 ဟာ ၅.၈၄ လက်မ မျက်နှာပြင် အရွယ်အစားရှိပြီး FHD+ Display ကို အသုံးပြုထားနိုင်ပါတယ်။ Notch လည်း ပါဝင် ပါလိမ့်မယ်။ Processor အပိုင်းအတွက် Clock Speed 2.0GHz ရှိတဲ့ Octa-core SoC ကို အသုံးပြုနိုင်ပြီး RAM အနေနဲ့ 2GB, 3GB နဲ့ 4GB ဆိုပြီး ၃မျိူး ပါဝင်လာနိုင်ပါတယ်။ Memory Storage မှာလည်း 16GB, 32GB နဲ့ 64GB ဆိုပြီး ၃မျိူး ထုတ်လုပ် ရောင်းချသွားဖွယ် ရှိပါတယ်။ ကျောဘက် ကင်မရာအပိုင်းအတွက် Dual Camera ကို တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 5MP Selfie Camera ကို တပ်ဆင်ထားနိုင်ပါတယ်။

Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ထားနိုင်ပြီး Android 8.1 Oreo နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏကတော့ 3900mAh (သို့မဟုတ်) 4000mAh ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ Xiaomi Mi A2 Lite ရဲ့ တရားဝင် မိတ်ဆက်မယ့်နေ့ကို အတိအကျ မသိရသေးပေမယ့်လည်း မကြာမီ အချိန်အတွင်းမှာ မြင်တွေ့နိုင်ဖို့ မျှော်လင့်မိပါတယ်။

Ref: gizmochina

 

You may be interested

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား
Android, FEATURES, HUBS
0 shares0 views

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား

Ko Thuya - Nov 19, 2018

Android ေပၚလာတာ ဆယ္စုႏွစ္တစ္ခုေက်ာ္လာပါၿပီ။ Update တစ္ခုထြက္တိုင္းမွာ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ အခ်ိဳ႕ လုပ္ေဆာင္ခ်က္ေတြကို လူေတြ သိပ္မသိၾကပါဘူး။ ဒီပို႔စ္မွာ အန္းဒရြိဳက္ကို ဆရာတစ္ဆူလို သံုးႏိုင္မယ့္ နည္းလမ္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။ ၁။ App မ်ားအတြက္ သီးျခား Shortcuts…

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား
Facebook, HUBS, NEWS
56 shares10 views

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား

Ko Thuya - Nov 19, 2018

Instagram မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Download Your Data Tool ကေန User မ်ားရဲ႕ Password မ်ား ေပါက္ၾကားသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ User အနည္းငယ္သာ ေပါက္ၾကားသြားတာ ျဖစ္ၿပီး အခုေတာ့ လံုျခံဳေရး ဟာကြက္ကို…

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္
NEWS, Odd
86 shares25 views

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္

Ko Thuya - Nov 19, 2018

ခ်စ္စရာ အနက္နဲ႔ အ၀ါေရာင္ ေၾကာင္ေလး ႏွစ္ေကာင္ဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားၿမိဳ႕မွ အနုပညာ ျပတိုက္ကို တစ္ပတ္လွ်င္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ၀င္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔ ဒီလိုလုပ္ေနတာ ၂ ႏွစ္ေလာက္ ရွိပါၿပီ။ လံုျခံဳေရး ၀န္ထမ္းမ်ားေၾကာင့္…

Leave a Comment

Most from this category