252 Shares 72 Views
၄၉ လက်မ display ကွေး၊ resolution အမြင့်တွေနဲ့ Asus ရဲ့ ဂိမ်းမော်နီတာအသစ်
Jun 04, 2018
252 72
[Zawgyi]
ProArt PA34V
Asus CG32UQ
Ref: CNET.com, Asus
[Unicode]
ဂိမ်းကစားတဲ့အခါ တစ်ချို့တီဗီတွေထက်ကို ပိုကြီးတဲ့ ဂိမ်းမော်နီတာကြီးနဲ့ဆော့ဖို့ စိတ်ကူးမယဉ်ကြည့်မိဘူးလား?? ဒီအတွက် Asus ကနေ ရွေးချယ်စရာတစ်ခု ထပ်တိုးလာခဲ့ပြန်ပါပြီ။
တနင်္လာနေ့ တိုင်ပေမှာကျင်းပခဲ့တဲ့ Computex မှာ Asus က ၄၉လက်မ display အကွေးနဲ့ Asus VG49V ကိုမိတ်ဆက်လိုက်ပါတယ်။ TV လောကမှာတော့ သာမန်တီဗီဆိုဒ်လောက်လို့ပြောလို့ရပေမယ့် ဂိမ်းမော်နီတာလောကမှာတော့ တော်တော်ကြီး တော်တော်မိုက်တဲ့ display လို့ပြောရမှာပါ။
Image result for Asus CG32UQ
ဒီဂိမ်းမော်နီတာရဲ့ resolution ကတော့ 3,840 x 1,080-pixel resolution ရှိပြီး ပုံမှန် 1,920 x 1,080 pixel Full HD display တွေထက် ၂ဆပိုကျယ်တဲ့အတွက် Asus ကတော့ Double Full HD မော်ဒယ်လို့ခေါ်ထားပါတယ်။
ဒီလောက် pixel-resolution အပြင် refresh rate ကလည်း 144Hz တောင်ရှိပါတယ်။ screen မှာ ထစ်ပြီး ၂ပိုင်းပြတ်သွားတာမျိုးတွေမရှိရအောင် AMD ရဲ့ FreeSync နည်းပညာကိုလည်း သုံးပေးထားပါတယ်။
ဒီပွဲမှာ Asus က မော်နီတာတင်မဟုတ်ဘဲ console ဂိမ်းဆော့တဲ့သူတွေအတွက် CG32UQ နဲ့ ပရော်ဖက်ရှင်နယ်တွေအတွက် ProArt PA34V ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။
ProArt PA34V
Image result for ProArt PA34V
ProArt ကတော့ နာမည်အတိုင်း ပရော်ဖက်ရှင်နယ်အနုပညာသမားတွေအတွက်ကော ဂိမ်းသမားတွေအတွက်ပါ အဆင်ပြေစေမယ့် မော်နီတာပါ။ 21:9 ratio ရှိတဲ့ ၃၄ လက်မ မျက်နှာပြင်နဲ့ resolution ကတော့ 3,440 x 1,440 pixel ရှိပါတယ်။ ပရော်ဖက်ရှင်နယ်အနုပညာသမားတွေအတွက်လို့ ပြောရခြင်းက သူ့မှာ အရောင်ကွဲပမာတွေ အများကြီးပါဝင်တဲ့အတွက်ပါ။
ဒီ ProArt မှာတော့ DisplayPort 1.2 တစ်ပေါက် HDMI 2.0 ၂ပေါက်နဲ့ Thunderbolt 3 USB-C ပေါက် ၃ပေါက်ပါဝင်မှာဖြစ်ပြီး bandwidth ပမာဏကတော့ 40Gbps ထိတောင် ထောက်ပံ့ပေးနိုင်ပါတယ်။
Asus CG32UQ
Image result for Asus CG32UQ
သူကလည်း gaming panel တစ်ခုလို့ Asus က ဆိုထားပါတယ်။ ၃၁.၅လက်မရှိပြီး resolution ကတော့ 3,840 x 2,160 pixel ရှိတဲ့ 4K resolution နဲ့ပါ။ သူ့ကိုတော့ PlayStation 4 Pro, Xbox One X တွေနဲ့ 4K output ထုတ်ပေးနိုင်တဲ့ ဘယ် console တွေနဲ့မဆို သုံးလို့ရနိုင်ပါတယ်။
TV တွေအတွက် HDR10 (High-dynamic စံနှုန်း) ကို ဒီဂိမ်းမော်နီတာတွေမှာလည်း ခံစားနိုင်မှာဖြစ်ပါတယ်။
တီဗီတွေလို ဆိုဒ်ကြီးကြီး resolution မြင့်မြင့် display တွေနဲ့ ဂိမ်းဆော့ချင်ရင်တော့ Asus ရဲ့ဂိမ်းမော်နီတာတွေကို ထည့်စဉ်းစားရတော့မှာပေါ့…
You may be interested
Honor Magic 2 ရဲ့ Teaser Video ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares0 views
Honor Magic 2 ရဲ့ Teaser Video ထွက်ပေါ်လာ
Ko Thuya - Oct 21, 2018
Honor Magic 2 ရဲ့ သတင်းအချက်အလက် အသေးစိတ်များ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးသလို တရုတ်ဆက်သွယ်ရေး ကော်မရှင် (TENAA) ကိုလည်း သူ့ရဲ့ ဒေတာများ မရောက်ရှိသေးပါဘူး။ ဒါပေမယ့် Honor က ဖုန်းရဲ့ အကောင်းဆုံး စွမ်းရည်များကို အွန်လိုင်းမှာ မကြာခဏ…
Vivo V11 ရဲ့ 25MP AI Camera မှာပါတဲ့ အလန်းစား Feature များ
Android, FEATURES, Mobiles & Tablets
0 shares0 views
Vivo V11 ရဲ့ 25MP AI Camera မှာပါတဲ့ အလန်းစား Feature များ
Creepy Tyler - Oct 21, 2018
(Zawgyi) Vivo V11 က In-display Fingerprint နည်းပညာ ပါဝင်တဲ့ စမတ်ဖုန်းအဖြစ် ပြည်တွင်းကို တရားဝင် ဝင်ရောက်ခဲ့တဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ V11 မှာ In-display Fingerprint နည်းပညာအပြင် Dual-Engine Fast Charging,…
Asus ROG Phone ကို Pre Order ပြုလုပ်နိုင်ပြီ
Android, ASUS, HUBS
0 shares0 views
Asus ROG Phone ကို Pre Order ပြုလုပ်နိုင်ပြီ
Ko Thuya - Oct 21, 2018
Gaming Phone နယ်ပယ်မှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်လာနေပါပြီ။ Razer က ပထမဆုံး Gaming Phone ကို မိတ်ဆက်ပြီးနောက်မှာ အခြား ကုမ္ပဏီများကလည်း အားကျမခံ သူတို့ ကိုယ်ပိုင် Gaming Phone များကို ပွဲထုတ်လာကြပါတယ်။ အဲဒီအထဲမှာ Asus…
Leave a Comment
Most from this category