0 Shares 118 Views

GitHub ကို ပိုင္ဆိုင္ႏိုင္ေတာ့မယ့္ Microsoft

Jun 04, 2018
0 118

[Zawgyi]

Microsoft အေနနဲ႔ GitHub ကို ဝယ္ယူၿပီး ျဖစ္ေၾကာင္း သတင္းမ်ားအရ သိရပါတယ္။ ေနာက္ၿပီး သေဘာတူ စာခ်ဴပ္ကိုလည္း ဒီေန႔မနက္ အေစာပိုင္းမွာ ခ်ဴပ္ဆိုႏိုင္ပါတယ္။ Software ကုမၸဏီႀကီး တစ္ခုျဖစ္တဲ့ Microsoft ဟာ GitHub ကို ဝယ္ယူဖို႔အတြက္ သေဘာတူညီခ်က္ ရရွိၿပီး ျဖစ္တယ္လို႔ Bloomberg က ဆိုထားပါတယ္။

GitHub မွာ Project ေတြကို စီမံခန႔္ခြဲျခင္း၊ Code ေတြကို ျပန္လည္ဆန္းစစ္ျခင္းမ်ား ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ Software မ်ား တီထြင္ဖန္တီးဖို႔အတြက္ ကမာၻ႔အႏွံ႔အျပားက သန္းေပါင္းမ်ားစြာေသာ Developer ေတြနဲ႔အတူ လက္တြဲလုပ္ကိုင္ႏိုင္တဲ့ Development Platform တစ္ခုလည္း ျဖစ္ပါတယ္။ GitHub ဟာ Developer ေတြနဲ႔ ကုမၸဏီႀကီးမ်ားက သူတို႔ရဲ႕ Project, Code နဲ႔ စာ႐ြက္စာတမ္းေတြကို Host လုပ္ရာကေန စတင္ ေရပန္းစားလာခဲ့တဲ့ Code Repository ဝက္ဆိုက္ တစ္ခုျဖစ္ပါတယ္။

GitHub ကို အသုံးျပဳေနၾကတဲ့ ကုမၸဏီႀကီးေတြထဲမွာ Google, Facebook, IBM, NASA စတဲ့ ကုမၸဏီႀကီးမ်ား ပါဝင္ပါတယ္။ Microsoft ေတာင္မွ သူရဲ႕ Windows File Manager source code ေတြကို GitHub မွာ Host လုပ္ထားတာပါ။ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ကေတာ့ GitHub ရဲ႕ တန္ဖိုးဟာ ကန္ေဒၚလာ ၂ဘီလီယမ္ တန္ေၾကး ရွိပါတယ္။ အခု ၂၀၁၈ ခုႏွစ္မွာေတာ့ Microsoft ဟာ GitHub ကို ဘယ္ေလာက္ တန္ေၾကးနဲ႔ ဝယ္ယူသြားလဲဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

လက္ရွိ Microsoft ရဲ႕ CEO ျဖစ္သူ Satya Nadella ဟာ CEO ရာထူးကို စတင္ထမ္းေဆာင္ခ်ိန္က စၿပီး Open Source နည္းပညာဘက္ကို ဦးစားေပး ရင္းႏွီးျမႇပ္ႏွံေနတာ ျဖစ္ပါတယ္။ Microsoft ရဲ႕ Open Source မ်ားကေတာ့ PowerShell, Visual Studio Code နဲ႔ Microsoft Edge JavaScript engine တို႔ ျဖစ္ပါတယ္။ Microsoft ဟာ Ubuntu ကို Windows 10 မွာ အသုံးျပဳႏိုင္ဖို႔အတြက္ Canonical နဲ႔အတူ လက္တြဲလုပ္ကိုင္ခဲ့တာပါ။ ဒါ့အျပင္ Mobile App Development အပိုင္းအတြက္ အေထာက္အကူ ျဖစ္ေစရန္ အလို႔ငွာ Xamarin ကိုလည္း ထပ္မံ ဝယ္ယူခဲ့ပါေသးတယ္။

Microsoft ၊ GitHub အေရာင္းအဝယ္ႀကီးသာ တရားဝင္ျဖစ္သြားရင္ Microsoft ရဲ႕ GitHub ႀကီးက Developer ေတြအတြက္ ပိုၿပီး အသုံးဝင္လာမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Ref: theverge

[Unicode]

Microsoft အနေနဲ့ GitHub ကို ဝယ်ယူပြီး ဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။ နောက်ပြီး သဘောတူ စာချူပ်ကိုလည်း ဒီနေ့မနက် အစောပိုင်းမှာ ချူပ်ဆိုနိုင်ပါတယ်။ Software ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Microsoft ဟာ GitHub ကို ဝယ်ယူဖို့အတွက် သဘောတူညီချက် ရရှိပြီး ဖြစ်တယ်လို့ Bloomberg က ဆိုထားပါတယ်။

GitHub မှာ Project တွေကို စီမံခန့်ခွဲခြင်း၊ Code တွေကို ပြန်လည်ဆန်းစစ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Software များ တီထွင်ဖန်တီးဖို့အတွက် ကမ္ဘာ့အနှံ့အပြားက သန်းပေါင်းများစွာသော Developer တွေနဲ့အတူ လက်တွဲလုပ်ကိုင်နိုင်တဲ့ Development Platform တစ်ခုလည်း ဖြစ်ပါတယ်။ GitHub ဟာ Developer တွေနဲ့ ကုမ္ပဏီကြီးများက သူတို့ရဲ့ Project, Code နဲ့ စာရွက်စာတမ်းတွေကို Host လုပ်ရာကနေ စတင် ရေပန်းစားလာခဲ့တဲ့ Code Repository ဝက်ဆိုက် တစ်ခုဖြစ်ပါတယ်။

GitHub ကို အသုံးပြုနေကြတဲ့ ကုမ္ပဏီကြီးတွေထဲမှာ Google, Facebook, IBM, NASA စတဲ့ ကုမ္ပဏီကြီးများ ပါဝင်ပါတယ်။ Microsoft တောင်မှ သူရဲ့ Windows File Manager source code တွေကို GitHub မှာ Host လုပ်ထားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတော့ GitHub ရဲ့ တန်ဖိုးဟာ ကန်ဒေါ်လာ ၂ဘီလီယမ် တန်ကြေး ရှိပါတယ်။ အခု ၂၀၁၈ ခုနှစ်မှာတော့ Microsoft ဟာ GitHub ကို ဘယ်လောက် တန်ကြေးနဲ့ ဝယ်ယူသွားလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

လက်ရှိ Microsoft ရဲ့ CEO ဖြစ်သူ Satya Nadella ဟာ CEO ရာထူးကို စတင်ထမ်းဆောင်ချိန်က စပြီး Open Source နည်းပညာဘက်ကို ဦးစားပေး ရင်းနှီးမြှပ်နှံနေတာ ဖြစ်ပါတယ်။ Microsoft ရဲ့ Open Source များကတော့ PowerShell, Visual Studio Code နဲ့ Microsoft Edge JavaScript engine တို့ ဖြစ်ပါတယ်။ Microsoft ဟာ Ubuntu ကို Windows 10 မှာ အသုံးပြုနိုင်ဖို့အတွက် Canonical နဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့တာပါ။ ဒါ့အပြင် Mobile App Development အပိုင်းအတွက် အထောက်အကူ ဖြစ်စေရန် အလို့ငှာ Xamarin ကိုလည်း ထပ်မံ ဝယ်ယူခဲ့ပါသေးတယ်။

Microsoft ၊ GitHub အရောင်းအဝယ်ကြီးသာ တရားဝင်ဖြစ်သွားရင် Microsoft ရဲ့ GitHub ကြီးက Developer တွေအတွက် ပိုပြီး အသုံးဝင်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: theverge

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category