မြန်မာ့ပညာရေးကဏ္ဍအား အဆင့်မြှင့်တင်ပံ့ပိုးပေးမည့် “လေ့လာ” အွန်လိုင်းပညာရေး Application အားစတင်မိတ်ဆက်

မြန်မာနိုင်ငံတွင် လိုအပ်နေသော အဆင့်မြင့် ပညာရေးစနစ်အား ပါဝင်အားဖြည့်ပံ့ပိုးနိုင်ရန် ရည်ရွယ်ကာ မြန်မာနိုင်ငံသား နည်းပညာရှင်များဖြင့် စုစည်းတည်ထောင်ထားသည့် လေ့လာနည်းပညာကုမ္ပဏီလီမိတက်သည် ဇွန်လ ၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်တွင် လေ့လာအမည်ရှိ Application အား စတင်မိတ်ဆက်ခဲ့သည်။ လေ့လာ သည် အွန်လိုင်းပညာရေး Platform ဖြစ်ပြီး လက်ရှိတွင် သင်ခန်းစာစုစုပေါင်း ၂၀ ကျော် အား မြန်မာဘာသာစကားဖြင့် စတင်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေ့လာ Platform ကို Harvard University၊ Stanford နှင့် MIT ၊ Microsoft တို့တွင် လက်ရှိအသုံးပြုနေသော e-Learning System ကိုအခြေခံကာ ပြည်တွင်းရှိ မြန်မာနည်းပညာသမားများမှ မြန်မာလူမျိုးများအတွက် ဖန်းတီးထားပြီး၊ Website ဖြင့် စတင်မိတ်ဆက်ခဲ့ပြီး၊ ယခုအခါတွင် Mobile Apps ဖြင့် Play Store နှင့် Apple Store တို့တွင်လည်းကောင်း သုံးစွဲသူများ အခမဲ့ဒေါင်းလုပ် ရယူကာ အသုံးပြုနိုင်စေရန် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ လေ့လာတွင် အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား အစရှိသည့် ဘာသာစကားများ၊ Python Programming၊ MATLAB အစရှိသည့် နည်းပညာဘာသာရပ်များ၊ လက်မှုဖန်တီးခြင်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များဖြစ်သည့် အိတ်ချုပ်လုပ်ခြင်း၊ ဖဲကြိုးပန်းချီ၊ ဆေးဆိုးပန်းရိုက်၊ စီးပွားရေးပညာရပ်များနှင့် လူနေမှုဆိုင်ရာဘာသာရပ်များအား ဈေးနှုန်းသက်သာစွာဖြင့် သင်ယူနိုင်မည် ဖြစ်ပြီး၊ တက်ရောက်လေ့လာသည့်ဘာသာရပ်တိုင်းအတွက် သင်ကြားသူဆရာများကိုယ်တိုင် ကြီးကြပ်လမ်းညွှန်ပေးသည့် လက်တွေ့လေ့ကျင့်ခန်းများ(Assignment နှင့် Project များ)၊ သင်ယူသူများအချင်းချင်း သင်ခန်းစာများကိုအပြန်အလှန်ဆွေးနွေးနိုင်စေမည့် ဆွေးနွေးခန်းကဏ္ဍများ ပါဝင်သည်။ ထို့အပြင် မြန်မာဘာသာစကားသင်ကြားလိုသော နိုင်ငံခြားသားများ အတွက်လည်း မြန်မာဘာသာစကားအွန်လိုင်းသင်ခန်းစာများကို လေ့လာနိုင်အောင် ပြုလုပ်ပေးသွားမည်ဖြစ်သည်။

လေ့လာ Application တွင် ရုပ်သံအရည်အသွေးပြည့်ဝသော သင်ခန်းစာဗီဒီယိုများဖြင့် ရှင်းလင်းလွယ်ကူစွာလေ့လာနိုင်မည်ဖြစ်ပြီး၊ သင်ခန်းစာများကို Wifi ဖြင့် ဒေါင်းလော့ဒ်ရယူကာ အင်တာနက်ဒေတာမလိုအပ်ဘဲ Application အတွင်း offline ကြည့်ရှုနိုင်မည်ဖြစ်သည်။

လေ့လာနည်းပညာကုမ္ပဏီလီမိတက်၏ Founder နှင့် CEO ဖြစ်သူ ဦးရဲလင်းဝေက ‘ကျွန်တော်တို့လက်ထဲက စမတ်ဖုန်းတွေက ဆက်သွယ်ရေးတစ်ခုတည်းအတွက် မဟုတ်တော့ပါဘူး။ လေ့လာ Application သွင်းထားလိုက်ပြီဆိုတာနဲ့ ပညာရပ်မျိုးစုံလေ့လာနိုင်တဲ့ စာသင်ကျောင်းကြီးတစ်ခု ဖုန်းထဲကိုရောက်ရှိလာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာဆိုရင်လည်း အွန်လိုင်း ပညာရေး platform တွေကနေတစ်ဆင့် self-study လေ့လာကြတာတွေ၊ ဘွဲ့လွန်ဒီဂရီတွေထပ်ယူပြီး လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ပညာရပ်တွေကို life-long Learning လို့ခေါ်တဲ့ စဉ်ဆက်မပြတ်သင်ယူနေကြတာ တွေကိုလည်းတွေ့မြင်ရမှာပါ။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံမှာလည်း အွန်လိုင်းပညာရေးကို ထိထိရောက်ရောက် အသုံးချနိုင်စေဖို့ရည်ရွယ်ပြီး ဒီ platform ကို ဖန်တီးမိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

အွန်လိုင်း ပညာရေး platform ဖြစ်သည့်အတွက် အားလပ်ချိန် (သို့) အလုပ်ချိန်ပြင်ပတွင် ဘာသာရပ်များစွာအား တစ်နေရာတည်းတွင် တစ်စုတစ်စီးတည်း ဝင်ရောက် လေ့လာလိုသူများအတွက် ဖန်တီးထားသော အဆိုပါ Application ကိုသင်တန်းသားများအတွက်သာမက နယ်ပယ်အသီးသီးရှိ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သော ဆရာ၊ဆရာမများအတွက် အကျိုးကျေးဇူးများစွာရရှိစေရန်ရည်ရွယ်ပါသည်။ ဆရာ၊ ဆရာမများအနေနှင့် မိမိသင်ကြားလိုသော သင်ခန်းစာများအား တစ်ကြိမ်သင်ကြားရိုက်ကူးရုံဖြင့် ဝင်ငွေများအကန့်အသတ်မရှိရရှိနိုင်ခြင်း၊ ပြည်တွင်းပြည်ပရှိ လေ့လာသူများစွာအတွက် အသိပညာများမျှဝေပေးနိုင်ခြင်း၊ အချိန်ကုန်လူပင်ပန်းသက်သာစေခြင်း အစရှိသည့် ကောင်းကျိုးများစွာရရှိစေပါသည်။

‘အခုဆိုရင် လေ့လာမှာ ဘာသာရပ်ပေါင်း ၂၀ ကျော်ကို ပြည်တွင်းမှာရှိတဲ့ ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမများက သင်ကြားပေးနေပြီဖြစ်ပါတယ်။ Online learning platform ဖြစ်လို့ သင်ယူလေ့လာရာမှာ အမှန်တကယ်ထိရောက်စေဖို့ ဘာသာရပ်တစ်ခုပြီးမြောက်တိုင်း Assignment တွေ၊ Project တွေနှင့်၊ အရည်အချင်းစစ် စာမေးပွဲတွေကိုလည်း ဆရာ၊ ဆရာမများရဲ့ ကြီးကြပ်မှုနှင့် ပြုလုပ်စစ်ဆေးပေးနေပြီး၊ သင်ခန်းစာနှင့် ပတ်သက်ပြီး ဆွေးနွေးမေးမြန်းနိုင်အောင် ဆွေးနွေးပွဲအစီအစဉ်များကို ဒီ platform ထဲမှာ တစ်ပါတည်းထည့်သွင်းပေးထားတာကတော့ လေ့လာ ရဲ့ အားသာချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ မြန်မာဘာသာစကားသင်ကြားလေ့လာလိုတဲ့ နိုင်ငံခြားသားများ အတွက်လည်း မြန်မာဘာသာစကား အွန်လိုင်းသင်ခန်းစာ များကို လေ့လာနိုင်အောင် ပြုလုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်’ ဟုပြောကြားခဲ့ပါသည်။

အဆိုပါ အွန်လိုင်းပညာရေး platform ပေါ်ရှိ သင်ခန်းစာများအား မြန်မာကျပ်ငွေ ၇,၀၀၀ မှ စတင်ကာ သင်ယူလေ့လာနိုင်မည်ဖြစ်ကာ၊ ပြည်တွင်းရှိဘဏ်များမှ တဆင့်ငွေပေးသွင်းကာ စာရင်းပေးအပ်နှံနိုင်သည်။ လေ့လာ Application အား နိုင်ငံရပ်ခြားရှိ မြန်မာနိုင်ငံသားများပါ အသုံးပြုနိုင်စေရန် ဆက်လက်လုပ်ဆောင်လျှက်ရှိရာလက်ရှိတွင် UK, စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ နှင့် ထိုင်းနိုင်ငံ တို့တွင် နေထိုင်လျက်ရှိသော မြန်မာလူမျိုးများ စတင်သုံးစွဲနေပြီဖြစ်သည်။ လေ့လာ Application ကို Android ဖုန်းများအတွက် bit.ly/mmeduapp နှင့် iPhone များအတွက် bit.ly/laelarios တို့တွင် download ရယူနိုင်ပြီး၊ အသေးစိတ်သိရှိလိုပါက Facebook စာမျက်နှာ https://www.facebook.com/laelarMyanmar တွင် လည်းကောင်း၊ website www.laelar.com တွင် လည်းကောင်း ကြည့်ရှုနိုင်ပါသည်။

%d bloggers like this: