0 Shares 84 Views

ျမန္မာ့ပညာ​ေရးက႑အား အဆင့္ျမွင့္တင္ပ့ံပိုး​ေပးမည့္ “​ေလ့လာ” အြန္လိုင္းပညာေရး Application အားစတင္မိတ္ဆက္

Jun 04, 2018
0 84

[Zawgyi]

ျမန္မာနိုင္ငံတြင္ လိုအပ္​ေန​ေသာ အဆင့္ျမင့္ ပညာ​ေရးစနစ္အား ပါဝင္အားျဖည့္ပံ့ပိုးနိုင္ရန္ ရည္ရြယ္ကာ ျမန္မာနိုင္ငံသား နည္းပညာရွင္မ်ား​ျဖင့္ စုစည္းတည္​ေထာင္ထားသည့္ ​ေလ့လာနည္းပညာကုမၸဏီလီမိတက္သည္ ဇြန္လ ၅ ရက္​ေန႔၊ ၂၀၁၈ ခုနွစ္တြင္ ​ေလ့လာအမည္ရွိ Application အား စတင္မိတ္ဆက္ခဲ့သည္။ ​ေလ့လာ သည္ အြန္လိုင္းပညာ​ေရး Platform ျဖစ္ျပီး လက္ရွိတြင္ သင္ခန္းစာစုစုေပါင္း ၂၀ ေက်ာ္ အား ျမန္မာဘာသာစကားျဖင့္ စတင္​ေလ့လာနိုင္မည္ျဖစ္​ေၾကာင္း သိရသည္။

​​ေလ့လာ Platform ကို Harvard University၊ Stanford ႏွင့္ MIT ၊ Microsoft တို႔တြင္ လက္ရွိအသံုးျပဳ​ေန​ေသာ e-Learning System ကိုအ​ေျခခံကာ ျပည္တြင္းရွိ ျမန္မာနည္းပညာသမားမ်ားမွ ျမန္မာလူမ်ိဳးမ်ားအတြက္ ဖန္းတီးထားျပီး၊ Website ျဖင့္ စတင္မိတ္ဆက္ခဲ့ျပီး၊ ယခုအခါတြင္ Mobile Apps ျဖင့္ ​Play Store ႏွင့္ Apple Store တို႔တြင္လည္း​ေကာင္း သံုးစြဲသူမ်ား အခမဲ့​ေဒါင္းလုပ္ ရယူကာ အသံုးျပဳနိုင္​ေစရန္ မိတ္ဆက္ခဲ့ျခင္းျဖစ္သည္။ ​ေလ့လာတြင္ အဂၤလိပ္၊ ဂ်ပန္၊ တရုတ္၊ ကိုရီးယား အစရွိသည့္ ဘာသာစကားမ်ား၊ Python Programming၊ MATLAB အစရွိသည့္ နည္းပညာဘာသာရပ္မ်ား၊ လက္မႈဖန္တီးျခင္းႏွင့္ အသက္​ေမြး၀မ္း​ေၾကာင္းဆိုင္ရာပညာရပ္မ်ားျဖစ္သည့္ အိတ္ခ်ဳပ္လုပ္ျခင္း၊ ဖဲႀကိဳးပန္းခ်ီ၊ ​ေဆးဆိုးပန္းရိုက္၊ စီးပြား​ေရးပညာရပ္မ်ားနွင့္ လူ​ေနမႈဆိုင္ရာဘာသာရပ္မ်ားအား ​ေစ်းႏႈန္းသက္သာစြာျဖင့္ သင္ယူနိုင္မည္ ျဖစ္ျပီး၊ တက္​ေရာက္​ေလ့လာသည့္ဘာသာရပ္တိုင္းအတြက္ သင္ၾကားသူဆရာမ်ားကိုယ္တိုင္ ၾကီးၾကပ္လမ္းညႊန္​ေပးသည့္ လက္​ေတြ႕​ေလ့က်င့္ခန္းမ်ား(Assignment ႏွင့္ Project မ်ား)၊ သင္ယူသူမ်ားအခ်င္းခ်င္း သင္ခန္းစာမ်ားကိုအျပန္အလွန္​ေ​ဆြး​ေႏြးနိုင္​ေစမည့္ ​​ေဆြး​ေႏြးခန္းက႑မ်ား ပါဝင္သည္။ ထို႕အျပင္ ျမန္မာဘာသာစကားသင္ၾကားလို​​ေသာ ႏိုင္ငံျခားသားမ်ား အတြက္လည္း ျမန္မာဘာသာစကားအြန္လိုင္းသင္ခန္းစာမ်ားကို ​ေလ့လာႏိုင္​ေအာင္ ျပဳလုပ္​ေပးသြားမည္ျဖစ္သည္။

​ေလ့လာ Application တြင္ ရုပ္သံအရည္အ​ေသြးျပည့္ဝ​ေသာ သင္ခန္းစာဗီဒီယိုမ်ားျဖင့္ ရွင္းလင္းလြယ္ကူစြာ​ေလ့လာနိုင္မည္ျဖစ္ျပီး၊ သင္ခန္းစာမ်ားကို Wifi ျဖင့္ ​ေဒါင္း​ေလာ့ဒ္ရယူကာ အင္တာနက္​ေဒတာမလိုအပ္ဘဲ Application အတြင္း offline ၾကည့္ရႈနိုင္မည္ျဖစ္သည္။

ေလ့လာနည္းပညာကုမၸဏီလီမိတက္၏ Founder နွင့္ CEO ျဖစ္သူ ဦးရဲလင္း​ေဝက ‘ကြၽန္​ေတာ္တို႔လက္ထဲက စမတ္ဖုန္း​ေတြက ဆက္သြယ္​ေရးတစ္ခုတည္းအတြက္ မဟုတ္​ေတာ့ပါဘူး။ ​ေလ့လာ Application သြင္းထားလိုက္ျပီဆိုတာနဲ႔ ပညာရပ္မ်ိဳးစံု​ေလ့လာႏိုင္တဲ့ စာသင္​ေက်ာင္းႀကီးတစ္ခု ဖုန္းထဲကို​ေရာက္ရွိလာမွာ ျဖစ္ပါတယ္။ နိုင္ငံတကာမွာဆိုရင္လည္း အြန္လိုင္း ပညာေရး platform ေတြကေနတစ္ဆင့္ self-study ေလ့လာၾကတာေတြ၊ ဘြဲ႕လြန္ဒီဂရီေတြထပ္ယူျပီး လုပ္ငန္းခြင္အတြက္ လိုအပ္တဲ့ပညာရပ္ေတြကို life-long Learning လို႕ေခၚတဲ့ စဥ္ဆက္မျပတ္သင္ယူေနၾကတာ ေတြကိုလည္းေတြ႕ျမင္ရမွာပါ။ ဒါ့ေၾကာင့္ ကြၽန္​ေတာ္တို႕ နိုင္ငံမွာလည္း အြန္လိုင္းပညာေရးကို ထိထိေရာက္ေရာက္ အသံုးခ်နိုင္ေစဖို႕ရည္ရြယ္ျပီး ဒီ platform ကို ဖန္တီးမိတ္ဆက္ေပးလိုက္တာျဖစ္ပါတယ္။” ဟု​ေျပာၾကားခဲ့သည္။

အြန္လိုင္း ပညာ​ေရး platform ျဖစ္သည့္အတြက္ အားလပ္ခ်ိန္ (သို႕) အလုပ္ခ်ိန္ျပင္ပတြင္ ဘာသာရပ္မ်ားစြာအား တစ္​ေနရာတည္းတြင္ တစ္စုတစ္စီးတည္း ၀င္​ေရာက္ ​ေလ့လာလိုသူမ်ားအတြက္ ဖန္တီးထား​ေသာ အဆိုပါ Application ကို​​သင္တန္းသားမ်ားအတြက္သာမက နယ္ပယ္အသီးသီးရွိ ဘာသာရပ္ဆိုင္ရာကြ်မ္းက်င္​ေသာ ဆရာ၊ဆရာမမ်ားအတြက္ အက်ိဳး​ေက်းဇူးမ်ားစြာရရွိ​ေစရန္ရည္ရြယ္​ပါသည္။ ဆရာ၊ ဆရာမမ်ားအ​ေနနွင့္ မိမိသင္ၾကားလို​ေသာ သင္ခန္းစာမ်ားအား တစ္ၾကိမ္သင္ၾကားရိုက္ကူးရံုျဖင့္ ဝင္​ေငြမ်ားအကန္႕အသတ္မရွိရရွိနိုင္ျခင္း၊ ျပည္တြင္းျပည္ပရွိ ​ေလ့လာသူမ်ားစြာအတြက္ အသိပညာမ်ားမ်ွ​ေဝ​ေပးနိုင္ျခင္း၊ အခ်ိန္ကုန္လူပင္ပန္းသက္သာ​ေစျခင္း အစရွိသည့္ ​ေကာင္းက်ိဳးမ်ားစြာရရွိ​ေစပါသည္။

‘အခုဆိုရင္ ေလ့လာမွာ ဘာသာရပ္ေပါင္း ၂၀ ေက်ာ္ကို ျပည္တြင္းမွာရွိတဲ့ ကြ်မ္းက်င္တဲ့ ဆရာ၊ ဆရာမမ်ားက သင္ၾကားေပးေနျပီျဖစ္ပါတယ္။ Online learning platform ျဖစ္လို႕ သင္ယူေလ့လာရာမွာ အမွန္တကယ္ထိေရာက္ေစဖို႕ ဘာသာရပ္တစ္ခုျပီးေျမာက္တိုင္း Assignment ေတြ၊ Project ေတြနွင့္၊ အရည္အခ်င္းစစ္ စာေမးပြဲေတြကိုလည္း ဆရာ၊ ဆရာမမ်ားရဲ႕ ၾကီးၾကပ္မႈနွင့္ ျပဳလုပ္စစ္ေဆးေပးေနျပီး၊ သင္ခန္းစာနွင့္ ပတ္သက္ျပီး ေဆြးေႏြးေမးျမန္းနိုင္ေအာင္ ေဆြးေႏြးပြဲအစီအစဥ္မ်ားကို ဒီ platform ထဲမွာ တစ္ပါတည္းထည့္သြင္းေပးထားတာကေတာ့ ေလ့လာ ရဲ႕ အားသာခ်က္ေတြထဲကတစ္ခုျဖစ္ပါတယ္။ ျမန္မာဘာသာစကားသင္ၾကား​ေလ့လာလို​တဲ့ ႏိုင္ငံျခားသားမ်ား အတြက္လည္း ျမန္မာဘာသာစကား အြန္လိုင္းသင္ခန္းစာ မ်ားကို ​ေလ့လာႏိုင္​ေအာင္ ျပဳလုပ္​ေပးဖို႔ အစီအစဥ္ရွိပါတယ္’ ဟု​ေျပာၾကားခဲ့ပါသည္။

​​အဆိုပါ အြန္လိုင္းပညာ​ေရး platform ​ေပၚရွိ သင္ခန္းစာမ်ားအား ျမန္မာက်ပ္​ေငြ ၇,၀၀၀ မွ စတင္ကာ​ သင္ယူ​ေလ့လာနိုင္မည္ျဖစ္ကာ၊ ျပည္တြင္းရွိဘဏ္မ်ားမွ တဆင့္​ေငြ​ေပးသြင္းကာ စာရင္း​ေပးအပ္ႏွံႏိုင္သည္။ ​ေလ့လာ Application အား ႏိုင္ငံရပ္ျခားရွိ ျမန္မာႏိုင္ငံသားမ်ားပါ အသံုးျပဳႏိုင္​ေစရန္ ဆက္လက္လုပ္​ေဆာင္လွ်က္ရွိရာလက္ရွိတြင္ UK, စင္ကာပူ၊ ဂ်ပန္၊ ကိုရီးယား၊ နွင့္ ထိုင္းနိုင္ငံ တို႔တြင္ ေနထိုင္လ်က္ရွိေသာ ျမန္မာလူမ်ိဳးမ်ား စတင္သံုးစြဲေနျပီျဖစ္သည္။ ​ေလ့လာ Application ကို Android ဖုန္းမ်ားအတြက္ bit.ly/mmeduapp နွင့္ iPhone မ်ားအတြက္ bit.ly/laelarios တို႕တြင္ download ရယူနိုင္ျပီး၊ အ​ေသးစိတ္သိရွိလိုပါက Facebook စာမ်က္နွာ https://www.facebook.com/laelarMyanmar တြင္ လည္း​ေကာင္း၊ website www.laelar.com တြင္ လည္း​ေကာင္း ၾကည့္ရႈနိုင္ပါသည္။

[Unicode]

မြန်မာနိုင်ငံတွင် လိုအပ်နေသော အဆင့်မြင့် ပညာရေးစနစ်အား ပါဝင်အားဖြည့်ပံ့ပိုးနိုင်ရန် ရည်ရွယ်ကာ မြန်မာနိုင်ငံသား နည်းပညာရှင်များဖြင့် စုစည်းတည်ထောင်ထားသည့် လေ့လာနည်းပညာကုမ္ပဏီလီမိတက်သည် ဇွန်လ ၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်တွင် လေ့လာအမည်ရှိ Application အား စတင်မိတ်ဆက်ခဲ့သည်။ လေ့လာ သည် အွန်လိုင်းပညာရေး Platform ဖြစ်ပြီး လက်ရှိတွင် သင်ခန်းစာစုစုပေါင်း ၂၀ ကျော် အား မြန်မာဘာသာစကားဖြင့် စတင်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေ့လာ Platform ကို Harvard University၊ Stanford နှင့် MIT ၊ Microsoft တို့တွင် လက်ရှိအသုံးပြုနေသော e-Learning System ကိုအခြေခံကာ ပြည်တွင်းရှိ မြန်မာနည်းပညာသမားများမှ မြန်မာလူမျိုးများအတွက် ဖန်းတီးထားပြီး၊ Website ဖြင့် စတင်မိတ်ဆက်ခဲ့ပြီး၊ ယခုအခါတွင် Mobile Apps ဖြင့် Play Store နှင့် Apple Store တို့တွင်လည်းကောင်း သုံးစွဲသူများ အခမဲ့ဒေါင်းလုပ် ရယူကာ အသုံးပြုနိုင်စေရန် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ လေ့လာတွင် အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား အစရှိသည့် ဘာသာစကားများ၊ Python Programming၊ MATLAB အစရှိသည့် နည်းပညာဘာသာရပ်များ၊ လက်မှုဖန်တီးခြင်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များဖြစ်သည့် အိတ်ချုပ်လုပ်ခြင်း၊ ဖဲကြိုးပန်းချီ၊ ဆေးဆိုးပန်းရိုက်၊ စီးပွားရေးပညာရပ်များနှင့် လူနေမှုဆိုင်ရာဘာသာရပ်များအား ဈေးနှုန်းသက်သာစွာဖြင့် သင်ယူနိုင်မည် ဖြစ်ပြီး၊ တက်ရောက်လေ့လာသည့်ဘာသာရပ်တိုင်းအတွက် သင်ကြားသူဆရာများကိုယ်တိုင် ကြီးကြပ်လမ်းညွှန်ပေးသည့် လက်တွေ့လေ့ကျင့်ခန်းများ(Assignment နှင့် Project များ)၊ သင်ယူသူများအချင်းချင်း သင်ခန်းစာများကိုအပြန်အလှန်ဆွေးနွေးနိုင်စေမည့် ဆွေးနွေးခန်းကဏ္ဍများ ပါဝင်သည်။ ထို့အပြင် မြန်မာဘာသာစကားသင်ကြားလိုသော နိုင်ငံခြားသားများ အတွက်လည်း မြန်မာဘာသာစကားအွန်လိုင်းသင်ခန်းစာများကို လေ့လာနိုင်အောင် ပြုလုပ်ပေးသွားမည်ဖြစ်သည်။

လေ့လာ Application တွင် ရုပ်သံအရည်အသွေးပြည့်ဝသော သင်ခန်းစာဗီဒီယိုများဖြင့် ရှင်းလင်းလွယ်ကူစွာလေ့လာနိုင်မည်ဖြစ်ပြီး၊ သင်ခန်းစာများကို Wifi ဖြင့် ဒေါင်းလော့ဒ်ရယူကာ အင်တာနက်ဒေတာမလိုအပ်ဘဲ Application အတွင်း offline ကြည့်ရှုနိုင်မည်ဖြစ်သည်။

လေ့လာနည်းပညာကုမ္ပဏီလီမိတက်၏ Founder နှင့် CEO ဖြစ်သူ ဦးရဲလင်းဝေက ‘ကျွန်တော်တို့လက်ထဲက စမတ်ဖုန်းတွေက ဆက်သွယ်ရေးတစ်ခုတည်းအတွက် မဟုတ်တော့ပါဘူး။ လေ့လာ Application သွင်းထားလိုက်ပြီဆိုတာနဲ့ ပညာရပ်မျိုးစုံလေ့လာနိုင်တဲ့ စာသင်ကျောင်းကြီးတစ်ခု ဖုန်းထဲကိုရောက်ရှိလာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာဆိုရင်လည်း အွန်လိုင်း ပညာရေး platform တွေကနေတစ်ဆင့် self-study လေ့လာကြတာတွေ၊ ဘွဲ့လွန်ဒီဂရီတွေထပ်ယူပြီး လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ပညာရပ်တွေကို life-long Learning လို့ခေါ်တဲ့ စဉ်ဆက်မပြတ်သင်ယူနေကြတာ တွေကိုလည်းတွေ့မြင်ရမှာပါ။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံမှာလည်း အွန်လိုင်းပညာရေးကို ထိထိရောက်ရောက် အသုံးချနိုင်စေဖို့ရည်ရွယ်ပြီး ဒီ platform ကို ဖန်တီးမိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

အွန်လိုင်း ပညာရေး platform ဖြစ်သည့်အတွက် အားလပ်ချိန် (သို့) အလုပ်ချိန်ပြင်ပတွင် ဘာသာရပ်များစွာအား တစ်နေရာတည်းတွင် တစ်စုတစ်စီးတည်း ဝင်ရောက် လေ့လာလိုသူများအတွက် ဖန်တီးထားသော အဆိုပါ Application ကိုသင်တန်းသားများအတွက်သာမက နယ်ပယ်အသီးသီးရှိ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သော ဆရာ၊ဆရာမများအတွက် အကျိုးကျေးဇူးများစွာရရှိစေရန်ရည်ရွယ်ပါသည်။ ဆရာ၊ ဆရာမများအနေနှင့် မိမိသင်ကြားလိုသော သင်ခန်းစာများအား တစ်ကြိမ်သင်ကြားရိုက်ကူးရုံဖြင့် ဝင်ငွေများအကန့်အသတ်မရှိရရှိနိုင်ခြင်း၊ ပြည်တွင်းပြည်ပရှိ လေ့လာသူများစွာအတွက် အသိပညာများမျှဝေပေးနိုင်ခြင်း၊ အချိန်ကုန်လူပင်ပန်းသက်သာစေခြင်း အစရှိသည့် ကောင်းကျိုးများစွာရရှိစေပါသည်။

‘အခုဆိုရင် လေ့လာမှာ ဘာသာရပ်ပေါင်း ၂၀ ကျော်ကို ပြည်တွင်းမှာရှိတဲ့ ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမများက သင်ကြားပေးနေပြီဖြစ်ပါတယ်။ Online learning platform ဖြစ်လို့ သင်ယူလေ့လာရာမှာ အမှန်တကယ်ထိရောက်စေဖို့ ဘာသာရပ်တစ်ခုပြီးမြောက်တိုင်း Assignment တွေ၊ Project တွေနှင့်၊ အရည်အချင်းစစ် စာမေးပွဲတွေကိုလည်း ဆရာ၊ ဆရာမများရဲ့ ကြီးကြပ်မှုနှင့် ပြုလုပ်စစ်ဆေးပေးနေပြီး၊ သင်ခန်းစာနှင့် ပတ်သက်ပြီး ဆွေးနွေးမေးမြန်းနိုင်အောင် ဆွေးနွေးပွဲအစီအစဉ်များကို ဒီ platform ထဲမှာ တစ်ပါတည်းထည့်သွင်းပေးထားတာကတော့ လေ့လာ ရဲ့ အားသာချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ မြန်မာဘာသာစကားသင်ကြားလေ့လာလိုတဲ့ နိုင်ငံခြားသားများ အတွက်လည်း မြန်မာဘာသာစကား အွန်လိုင်းသင်ခန်းစာ များကို လေ့လာနိုင်အောင် ပြုလုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်’ ဟုပြောကြားခဲ့ပါသည်။

အဆိုပါ အွန်လိုင်းပညာရေး platform ပေါ်ရှိ သင်ခန်းစာများအား မြန်မာကျပ်ငွေ ၇,၀၀၀ မှ စတင်ကာ သင်ယူလေ့လာနိုင်မည်ဖြစ်ကာ၊ ပြည်တွင်းရှိဘဏ်များမှ တဆင့်ငွေပေးသွင်းကာ စာရင်းပေးအပ်နှံနိုင်သည်။ လေ့လာ Application အား နိုင်ငံရပ်ခြားရှိ မြန်မာနိုင်ငံသားများပါ အသုံးပြုနိုင်စေရန် ဆက်လက်လုပ်ဆောင်လျှက်ရှိရာလက်ရှိတွင် UK, စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ နှင့် ထိုင်းနိုင်ငံ တို့တွင် နေထိုင်လျက်ရှိသော မြန်မာလူမျိုးများ စတင်သုံးစွဲနေပြီဖြစ်သည်။ လေ့လာ Application ကို Android ဖုန်းများအတွက် bit.ly/mmeduapp နှင့် iPhone များအတွက် bit.ly/laelarios တို့တွင် download ရယူနိုင်ပြီး၊ အသေးစိတ်သိရှိလိုပါက Facebook စာမျက်နှာ https://www.facebook.com/laelarMyanmar တွင် လည်းကောင်း၊ website www.laelar.com တွင် လည်းကောင်း ကြည့်ရှုနိုင်ပါသည်။

You may be interested

တန္ဖုိးနည္း Asus ROG Gaming Phone လာမည္
Android, ASUS, HUBS
0 shares0 views

တန္ဖုိးနည္း Asus ROG Gaming Phone လာမည္

Ko Thuya - Aug 22, 2018

Asus ROG Phone မွာ စြမ္းရည္ျမင့္ Snapdragon 845 Chipset နဲ႔ 8GB RAM ထည့္သြင္းထားပါတယ္။ အခုေတာ့ RAM ပမာဏ ေလွ်ာ့ထည့္ထားတဲ့ တန္ဖိုးနည္း ေမာ္ဒယ္မ်ားကို ထုတ္လုပ္ေရာင္းခ်မယ့္ သတင္းထြက္လာပါတယ္။ တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္မွ…

S9 ထက္ ႀကိဳတင္မွာယူမႈ မ်ားေနတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
464 shares63 views

S9 ထက္ ႀကိဳတင္မွာယူမႈ မ်ားေနတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မၾကာခင္ကပဲ စြမ္းရည္ျမင့္ Galaxy Note 9 ကို မိတ္ဆက္ခဲ့ပါတယ္။ သူ႔ကို ေတာင္ကိုရီးယားမွာ ႀကိဳတင္မွာယူခြင့္ ျပဳလိုက္ပါၿပီ။ အခုေတာ့ ေတာင္ကိုရီးယားမွ Carrier တစ္ခုရဲ႕ သတင္းအခ်က္အလက္မ်ား အရ Note 9 ရဲ႕ ႀကိဳတင္မွာယူမႈမ်ားဟာ…

DSLR နဲ႕ ရိုက္ထားတဲ့ပုံကို Nova 3 ကင္မရာနမူနာပုံအျဖစ္ အစားထိုးေၾကာ္ျငာထားတာ လူမိသြားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1274 shares179 views

DSLR နဲ႕ ရိုက္ထားတဲ့ပုံကို Nova 3 ကင္မရာနမူနာပုံအျဖစ္ အစားထိုးေၾကာ္ျငာထားတာ လူမိသြားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ္ဖုန္းကင္မရာေတြ တျဖည္းျဖည္းနဲ႕ ပိုေကာင္းလာတယ္ဆိုေပမယ့္ တကယ့္ DSLR ကင္မရာၾကီးေတြကိုေတာ့ ဘယ္လိုမွ မယွဥ္ႏိုင္ေသးဘူးဆိုတာ အားလုံးသိၾကမွာပါ။ Huawei လည္း ဒါကို သိပုံေပၚပါတယ္။ ဘာလို႕လည္းဆိုေတာ့ မၾကာေသးခင္ကမွ မိတ္ဆက္ခဲ့တဲ့ Nova 3 ဖုန္း ေၾကာ္ျငာဗီဒီယိုမွာ Huawei ဟာ…

Leave a Comment

Most from this category