1173 Shares 314 Views

Galaxy Note 9 ရဲ႕ ကင္မရာဟာ Galaxy S9 Plus ထက္ ပိုေကာင္းမည္

Jun 04, 2018
1173 314

ေပါက္ၾကားထြက္ေပၚလာတဲ့သတင္းတစ္ခုအရ Galaxy Note 9 ရဲ႕ ကင္မရာဟာ Galaxy S9 Plus ထက္ေတာင္ ပိုေကာင္းမယ္လို႔ သိရပါတယ္။ Bloomberg က Samsung ဟာ Galaxy Note 9 ရဲ႕ ကင္မရာ အစိတ္အပိုင္းမ်ားကို ဆန္းသစ္ထားမယ္လို႔ ေျပာပါတယ္။ ယခင္ႏွစ္က Galaxy Note 8 မွာ ဆမ္ေဆာင္းဟာ အေနာက္ကင္မရာႏွစ္လံုး စနစ္ကို စတင္ ထည့္သြင္းထားပါတယ္။ ယခုႏွစ္ အေစာပိုင္းမွာ မိတ္ဆက္ခဲ့တဲ့ Galaxy S9 Plus မွာလည္း အေနာက္ကင္မရာ ႏွစ္လံုး ထည့္သြင္းေပးခဲ့ပါတယ္။

Galaxy Note 9 ကို ၾသဂုတ္လ ၉ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ သတင္းထြက္ေနပါတယ္။ ယခင္ကေတာ့ အဲဒီ ဖုန္းမွာ Qualcomm Snapdragon 845 Chipset ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ ေနာက္ပိုင္း သတင္းအခ်က္အလက္မ်ား အရေတာ့ သူ႔မွာ ဆမ္ေဆာင္း ကိုယ္တိုင္ ဖန္တီးထားတဲ့ Exynos 9810 CPU ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ RAM ကေတာ့ 6GB ပါမယ္လို႔ သိရပါတယ္။

ဆမ္ေဆာင္းက Galaxy Note 9 မွာ Bixby Version 2.0 ပါမယ္လို႔ ေၾကညာထားပါတယ္။ ဗားရွင္းအသစ္ဟာ လူေတြေမးတဲ့ေမးခြန္းမ်ားကို ပိုမိုနားလည္လာၿပီး လွ်င္ျမန္စြာ အေျဖမ်ား ေျပာျပႏုိင္လာမွာ ျဖစ္ပါတယ္။ ဆူညံတဲ့ ပတ္၀န္းက်င္မွာေတာင္ သခင္ရဲ႕ အသံကို နားလည္ပါတယ္။ သူဟာ Version 1.0 ထက္ လုပ္ေဆာင္ခ်က္မ်ား ပိုမို ပါ၀င္လာမွာပါ။

ဆမ္ေဆာင္းဟာ AI ဌာနအတြက္ ၀န္ထမ္း ၁၀၀၀ ကိုလည္း တိုးခ်ဲ႕ခန္႔အပ္ဖုိ႔ စီစဥ္ထားပါတယ္။ ဒါ့အျပင္ ကမာၻအ၀န္းမွာ AI Centers အသစ္မ်ားကိုလည္း ဖြင့္လွစ္မွာ ျဖစ္ပါတယ္။ ယခုႏွစ္မွာ ဆမ္ေဆာင္းရဲ႕ Device ေပါင္း ၁၄ သန္းမွာ Bixby ကို ထည့္သြင္းေပးဖို႔ စီစဥ္ထားပါတယ္။ ၂၀၂၀ ခုႏွစ္မွာ ဆမ္ေဆာင္း Devices အားလံုးဟာ စမတ္ေနအိမ္ အတြက္ အသံုးျပဳလာႏုိင္မွာပါ။

Note 9 မွာ Note 8 ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားထက္ အနည္းငယ္ ပိုမို ႀကီးမားတဲ့ ၆.၄ လက္မ အရြယ္ မ်က္ႏွာျပင္ကို ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Aspect Ratio ကေတာ့ တူညီမယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ အရြယ္အစား အပိုင္းမွာ Note 9 နဲ႔ S9+ တို႔ဟာ မတိမ္းမယိမ္း ျဖစ္လာပါတယ္။ Note 9 မွာ Note 8 ရဲ႕ 3300mAh Battery ထက္ ပိုိမုိႀကီးမားတဲ့ 3850mAh or 4000mAh Battery မ်ား ပါလာႏုိင္ပါတယ္။

Apple က နည္းပညာအခက္အခဲေၾကာင့္ iPhone X မွာ လက္ေလွ်ာ့ခဲ့ရတဲ့ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာအာရံုခံ ကိရိယာ ျမွပ္ႏွံတဲ့ နည္းပညာကို Samsung Galaxy Note 9 မွာ ပါမယ္လို႔ KGI Securities ရဲ႕ ခြဲျခမ္းစိတ္ျဖာသူ Ming-Chi Kuo က ယခင္က တြက္ဆထားပါတယ္။ အဲဒီအတြက္ Galaxy Note 9 ပိုင္ရွင္မ်ားဟာ လက္ေဗြရာကို မ်က္ႏွာျပင္ေပၚတင္လိုက္တာနဲ႔ စမတ္ဖုန္းကို Unlock ျပဳလုပ္ႏုိ္င္မွာ ျဖစ္ပါတယ္။

Ref : androidheadlines

unicode

Galaxy Note 9 ရဲ့ ကင်မရာဟာ Galaxy S9 Plus ထက် ပိုကောင်းမည်

ပေါက်ကြားထွက်ပေါ်လာတဲ့သတင်းတစ်ခုအရ Galaxy Note 9 ရဲ့ ကင်မရာဟာ Galaxy S9 Plus ထက်တောင် ပိုကောင်းမယ်လို့ သိရပါတယ်။ Bloomberg က Samsung ဟာ Galaxy Note 9 ရဲ့ ကင်မရာ အစိတ်အပိုင်းများကို ဆန်းသစ်ထားမယ်လို့ ပြောပါတယ်။ ယခင်နှစ်က Galaxy Note 8 မှာ ဆမ်ဆောင်းဟာ အနောက်ကင်မရာနှစ်လုံး စနစ်ကို စတင် ထည့်သွင်းထားပါတယ်။ ယခုနှစ် အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Galaxy S9 Plus မှာလည်း အနောက်ကင်မရာ နှစ်လုံး ထည့်သွင်းပေးခဲ့ပါတယ်။

Galaxy Note 9 ကို သြဂုတ်လ ၉ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ ယခင်ကတော့ အဲဒီ ဖုန်းမှာ Qualcomm Snapdragon 845 Chipset ထည့်သွင်းထားမယ်လို့ သိရပါတယ်။ နောက်ပိုင်း သတင်းအချက်အလက်များ အရတော့ သူ့မှာ ဆမ်ဆောင်း ကိုယ်တိုင် ဖန်တီးထားတဲ့ Exynos 9810 CPU ထည့်သွင်းထားမယ်လို့ သိရပါတယ်။ RAM ကတော့ 6GB ပါမယ်လို့ သိရပါတယ်။

ဆမ်ဆောင်းက Galaxy Note 9 မှာ Bixby Version 2.0 ပါမယ်လို့ ကြေညာထားပါတယ်။ ဗားရှင်းအသစ်ဟာ လူတွေမေးတဲ့မေးခွန်းများကို ပိုမိုနားလည်လာပြီး လျှင်မြန်စွာ အဖြေများ ပြောပြနိုင်လာမှာ ဖြစ်ပါတယ်။ ဆူညံတဲ့ ပတ်ဝန်းကျင်မှာတောင် သခင်ရဲ့ အသံကို နားလည်ပါတယ်။ သူဟာ Version 1.0 ထက် လုပ်ဆောင်ချက်များ ပိုမို ပါဝင်လာမှာပါ။

ဆမ်ဆောင်းဟာ AI ဌာနအတွက် ဝန်ထမ်း ၁၀၀၀ ကိုလည်း တိုးချဲ့ခန့်အပ်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ကမ္ဘာအဝန်းမှာ AI Centers အသစ်များကိုလည်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ ဆမ်ဆောင်းရဲ့ Device ပေါင်း ၁၄ သန်းမှာ Bixby ကို ထည့်သွင်းပေးဖို့ စီစဉ်ထားပါတယ်။ ၂၀၂၀ ခုနှစ်မှာ ဆမ်ဆောင်း Devices အားလုံးဟာ စမတ်နေအိမ် အတွက် အသုံးပြုလာနိုင်မှာပါ။

Note 9 မှာ Note 8 ရဲ့ မျက်နှာပြင် အရွယ်အစားထက် အနည်းငယ် ပိုမို ကြီးမားတဲ့ ၆.၄ လက်မ အရွယ် မျက်နှာပြင်ကို ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Aspect Ratio ကတော့ တူညီမယ်လို့ သိရပါတယ်။ မျက်နှာပြင် အရွယ်အစား အပိုင်းမှာ Note 9 နဲ့ S9+ တို့ဟာ မတိမ်းမယိမ်း ဖြစ်လာပါတယ်။ Note 9 မှာ Note 8 ရဲ့ 3300mAh Battery ထက် ပိုမိုကြီးမားတဲ့ 3850mAh or 4000mAh Battery များ ပါလာနိုင်ပါတယ်။

Apple က နည်းပညာအခက်အခဲကြောင့် iPhone X မှာ လက်လျှော့ခဲ့ရတဲ့ မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံတဲ့ နည်းပညာကို Samsung Galaxy Note 9 မှာ ပါမယ်လို့ KGI Securities ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က ယခင်က တွက်ဆထားပါတယ်။ အဲဒီအတွက် Galaxy Note 9 ပိုင်ရှင်များဟာ လက်ဗွေရာကို မျက်နှာပြင်ပေါ်တင်လိုက်တာနဲ့ စမတ်ဖုန်းကို Unlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Ref : androidheadlines

You may be interested

Instagram ရဲ႕ founders မ်ား ရာထူးမွ ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ႕ founders မ်ား ရာထူးမွ ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကညာ

Creepy Tyler - Sep 25, 2018

နာမည္ၾကီးလူမႈကြန္ရက္ Instagram ကို စတင္ခဲ့တဲ့ Kevin Systrom နဲ႔ Mike Krieger တို႔ကေတာ့ သူတို႔အေနနဲ႔ ရာထူးေနရာေတြကေန ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကညာသြားခဲ့ပါတယ္။ မိခင္ကုမၸဏီျဖစ္တဲ့ Facebook နဲ႔ အတူ အလုပ္တြဲလုပ္ေနတဲ့ သူတို႔ႏွစ္ေယာက္ကေတာ့ CEO နဲ႔ CTO…

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ
Android, Huawei, HUBS
47 shares14 views

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ အျပာ၊ အနက္နဲ႔ မိုးျပာေရာင္မ်ား ျဖစ္ပါတယ္။ စြဲေဆာင္မႈ အေကာင္းဆံုးက Twilight အမည္ရ မုိုးျပာေရာင္ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ လက IFA ပြဲမွာ ေၾကညာခဲ့တဲ့…

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max

Ko Thuya - Sep 25, 2018

Apple ကေတာ့ iPhone XS နဲ႔ XS Max မွာ သံုးထားတဲ့ ဖန္သားဟာ အလြန္ မာေက်ာၾကံ႕ခိုင္တယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းမ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာပါတယ္။ Drop Test မွာ…

Leave a Comment

Most from this category