




Ref : gsmarena

unicode

Google က Snapdragon 710 ပါတဲ့ Pixel Phone ကို ဖန်တီးနေ

Google က ၂၀၁၉ ခုနှစ်အစောပိုင်းမှာ ရောင်းချဖို့အတွက် Pixel Phone အသစ်တစ်လုံးကို ဖန်တီးနေပါတယ်။ သူ့မှာ မကြာခင်ကမှ ကြေညာထားတဲ့ Qualcomm Snapdragon 710 Chipset ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် သူဟာ တန်ဖိုးနဲ့ စွမ်းဆောင်ရည်သင့်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်းကို ဖန်တီးနေတာ တစ်လလောက်သာ ကြာသေးတဲ့အတွက် သူ့ရဲ့ အခြား Specifications များကိုတော့ မသိရသေးပါဘူး။ အိန္ဒိယဈေးကွက်အတွက် ဖန်တီးထားတဲ့အတွက် ဈေးနှုန်းချိုသာနိုင်ပါတယ်။ အိန္ဒိယမှာ ကြီးစိုးနေတဲ့ ရှောင်မီရဲ့ တန်ဖိုးနည်း ဖုန်းများကို ယှဉ်ပြိုင်ဖို့ဖြစ်နိုင်ပါတယ်။

သူ့မှာ ယခင်မျိုးဆက်များထက် ကင်မရာအပိုင်းမှာ ပိုမို တိုးတက်လာပြီး Notch လည်း ပါလာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ ဘေးဘောင်မဲ့ မျက်နှာပြင် ဒီဇိုင်းကို အသုံးပြုထားနိုင်ပါတယ်။ အနောက်ကင်မရာ နှစ်လုံးကို ဒေါင်လိုက်တပ်ဆင်ထားနိုင်ပါတယ်။

Google က ကြောညာ စီးပွားရေး လုပ်ငန်း အပြင် ဟာ့ဒ်ဝဲ စီးပွားရေးဘက်ကိုပါ နယ်ချဲ့လာပါတယ်။ သူဟာ Pixel Phone နဲ့ လက်ပ်တော့များကို ထုတ်လုပ်ရောင်းချလာပါတယ်။ ယခင်နှစ်က Pixel 2 နဲ့ Pixel 2 XL ဖုန်းများကို ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ ဒီနှစ်မှာလည်း Pixel 3 Phone များကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: