2761 Shares 1021 Views

၆.၅ လက္မ iPhone ရဲ႕ ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ား ထြက္ေပၚလာ

Jun 03, 2018
2761 1021

ၿပီးခဲ့တဲ့ ရက္ကပဲ IPS LCD Display တပ္ဆင္ထားတဲ့ တန္ဖိုးနည္း iPhone ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာပါတယ္။ အခုေတာ့ တန္ဖိုးႀကီး ၆.၅ လက္မ iPhone ရဲ႕ ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ား ထြက္လာပါတယ္။ ၆.၅ လက္မ အိုင္ဖုန္းကို iPhone X Plus or iPhone X2 Plus လို႔ အမည္ေပးထားႏုိင္ပါတယ္။

သူ႔မွာ OLED Panel တပ္ဆင္ထားမယ္လို႔ သတင္းထြက္ေနၿပီး ဓါတ္ပံုမ်ားအရ မ်က္ႏွာျပင္ ေဘးေဘာင္မဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ လက္ရွိေရာင္းခ်ေပးထားတဲ့ iPhone X မွာလို Notch Design ကို အသံုးျပဳထားၿပီး Notch မွာ Face ID အတြက္ လိုအပ္တဲ့ ဆန္ဆာမ်ား၊ Earpiece နဲ႔ ကင္မရာမ်ားကို တပ္ဆင္ထားပါတယ္။ ကင္မရာ ႏွစ္လံုးကို အေနာက္မွာ တပ္ဆင္ထားပါတယ္။ Fingerprint Sensor ေတာ့ မပါရွိပါဘူး။ သူ႔ရဲ႕ အရြယ္အစား အျပည့္အစံုမွာ 157.5×77.4×7.7mm ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

Apple က ယခုႏွစ္ စက္တင္ဘာလမွာ အိုင္ဖုန္း သံုးလံုး မိတ္ဆက္မွာ ျဖစ္ၿပီး အထက္ေဖာ္ျပပါ ေမာ္ဒယ္ႏွစ္မ်ိဳးနဲ႔အတူ ၅.၈ လက္မ အိုင္ဖုန္းကိုပါ ေၾကညာမွာပါ။ မေန႔က ထြက္ေပၚလာတဲ့ ၆.၁ လက္မ အိုင္ဖုန္းရဲ႕ ဓါတ္ပံုမ်ားအရ သူဟာ iPhone X နဲ႔ ဒီဇိုင္းအပိုင္းမွာ အနည္းငယ္ ကြာျခားပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးဟာ 19.5:9 ျဖစ္ႏုိင္ပါတယ္။ သူ႔မွာ Notch လည္း ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္မ်ားက အလြန္ပါးလႊာပါတယ္။

ဖုန္းရဲ႕ အေရွ႕နဲ႔ အေနာက္ဘက္ကို ဖန္ျဖင့္ ဖံုးအုပ္ထားပါတယ္။ အေနာက္ဘက္္မွာ ကင္မရာတစ္လုံးသာ တပ္ဆင္ထားတာေတြ႕ရပါတယ္။ အဲဒီအတြက္ အဲဒီ အိုင္ဖုန္းဟာ တန္ဖိုးနည္း ေမာ္ဒယ္ ျဖစ္ႏုိင္ပါတယ္။ ေတာင္ကိုရီးယား မီဒီယာ The Bell က နည္းပညာအခက္အခဲမ်ားေၾကာင့္ အဲဒီ အိုင္ဖုန္းကို ၂ လေလာက္ ေနာက္က်ၿပီးမွ မိတ္ဆက္မယ္လို႔လည္း ေျပာထားပါတယ္။

Ref : gsmarena

unicode

၆.၅ လက်မ iPhone ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုများ ထွက်ပေါ်လာ

ပြီးခဲ့တဲ့ ရက်ကပဲ IPS LCD Display တပ်ဆင်ထားတဲ့ တန်ဖိုးနည်း iPhone ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။ အခုတော့ တန်ဖိုးကြီး ၆.၅ လက်မ iPhone ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုများ ထွက်လာပါတယ်။ ၆.၅ လက်မ အိုင်ဖုန်းကို iPhone X Plus or iPhone X2 Plus လို့ အမည်ပေးထားနိုင်ပါတယ်။

သူ့မှာ OLED Panel တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပြီး ဓါတ်ပုံများအရ မျက်နှာပြင် ဘေးဘောင်မဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ လက်ရှိရောင်းချပေးထားတဲ့ iPhone X မှာလို Notch Design ကို အသုံးပြုထားပြီး Notch မှာ Face ID အတွက် လိုအပ်တဲ့ ဆန်ဆာများ၊ Earpiece နဲ့ ကင်မရာများကို တပ်ဆင်ထားပါတယ်။ ကင်မရာ နှစ်လုံးကို အနောက်မှာ တပ်ဆင်ထားပါတယ်။ Fingerprint Sensor တော့ မပါရှိပါဘူး။ သူ့ရဲ့ အရွယ်အစား အပြည့်အစုံမှာ 157.5×77.4×7.7mm ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

Apple က ယခုနှစ် စက်တင်ဘာလမှာ အိုင်ဖုန်း သုံးလုံး မိတ်ဆက်မှာ ဖြစ်ပြီး အထက်ဖော်ပြပါ မော်ဒယ်နှစ်မျိုးနဲ့အတူ ၅.၈ လက်မ အိုင်ဖုန်းကိုပါ ကြေညာမှာပါ။ မနေ့က ထွက်ပေါ်လာတဲ့ ၆.၁ လက်မ အိုင်ဖုန်းရဲ့ ဓါတ်ပုံများအရ သူဟာ iPhone X နဲ့ ဒီဇိုင်းအပိုင်းမှာ အနည်းငယ် ကွာခြားပါတယ်။ မျက်နှာပြင် အချိုးဟာ 19.5:9 ဖြစ်နိုင်ပါတယ်။ သူ့မှာ Notch လည်း ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ဘေးဘောင်များက အလွန်ပါးလွှာပါတယ်။

ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာတစ်လုံးသာ တပ်ဆင်ထားတာတွေ့ရပါတယ်။ အဲဒီအတွက် အဲဒီ အိုင်ဖုန်းဟာ တန်ဖိုးနည်း မော်ဒယ် ဖြစ်နိုင်ပါတယ်။ တောင်ကိုရီးယား မီဒီယာ The Bell က နည်းပညာအခက်အခဲများကြောင့် အဲဒီ အိုင်ဖုန်းကို ၂ လလောက် နောက်ကျပြီးမှ မိတ်ဆက်မယ်လို့လည်း ပြောထားပါတယ်။

Ref : gsmarena

You may be interested

SuperVOOC ရဲ ့ျမန္ႏႈန္းျမင့္ စြမ္းေဆာင္ခ်က္ေတြနဲ႔ အံ့ၾသမင္သက္သြားေစမယ့္ OPPO R17 Pro
Mobile & Tablets, Oppo
0 shares0 views

SuperVOOC ရဲ ့ျမန္ႏႈန္းျမင့္ စြမ္းေဆာင္ခ်က္ေတြနဲ႔ အံ့ၾသမင္သက္သြားေစမယ့္ OPPO R17 Pro

Ko Ko PR - Dec 18, 2018

SuperVOOC ရဲ ့ျမန္ႏႈန္းျမင့္ စြမ္းေဆာင္ခ်က္ေတြနဲ႔ အံ့ၾသမင္သက္သြားေစမယ့္ OPPO R17 Pro သင္႔ရဲ႕တစ္ေန႔တာ လုပ္ေဆာင္ခ်က္ေတြထဲမွာ စိတ္ရႈပ္ရျပီး အေႏွာင့္အယွက္ေပးတာ တစ္ခုကိုေျပာပါဆိုရင္ ညမအိပ္ခင္ ဖုန္းအားသြင္းရတာမ်ိုဳး၊ စိတ္မခ်ရလို႔ မအိပ္ခင္ အားသြင္းထားတဲ့မီး ျပန္ပိတ္ရတာမ်ိဳး၊ ဖုန္းအားျပည္႔ေအာင္ ေစာင္႔ျပီးမွအိပ္ရတာမ်ိဳး၊ မနက္မိုးလင္းလို႔ အျပင္မသြားခင္…

LG က စကၠဴလို ေခါက္လိပ္ႏိုင္တဲ့ တီဗီကို ၂၀၁၉ ခုႏွစ္မွာ ေရာင္းခ်ႏိုင္
HUBS, LG, NEWS
0 shares0 views

LG က စကၠဴလို ေခါက္လိပ္ႏိုင္တဲ့ တီဗီကို ၂၀၁၉ ခုႏွစ္မွာ ေရာင္းခ်ႏိုင္

Ko Thuya - Dec 18, 2018

LG က CES 2018 မွာ စကၠဴလို ေခါက္လိပ္ႏုိင္တဲ့ တီဗီ နမူနာ ေမာ္ဒယ္ကို ျပသခဲ့ပါတယ္။ အခုေတာ့ Bloomberg ရဲ႕ သတင္းအရင္းအျမစ္တစ္ခုက အဲဒီ တီဗီကို လာမယ့္ႏွစ္မွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ ၆၅ လက္မ OLED…

Android Phone မ်ားရဲ႕ Face Recognition ကို 3D Printed Head ျဖင့္ လွည့္စားႏုိင္ခဲ့
Android, Apple, HUBS
81 shares30 views

Android Phone မ်ားရဲ႕ Face Recognition ကို 3D Printed Head ျဖင့္ လွည့္စားႏုိင္ခဲ့

Ko Thuya - Dec 18, 2018

စမတ္ဖုန္းမ်ားမွာ ေဒတာမ်ားကို ကာကြယ္ဖို႔ အတြက္ လက္ေဗြရာ အာရံုခံ နည္းပညာမ်ား ထည့္သြင္းလာၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ ပိုမို စိတ္ခ်ရတဲ့ မ်က္ႏွာ အာရံုခံ နည္းပညာမ်ားကို အသံုးျပဳလာၾကပါတယ္။ အဆင့္ျမင့္ မ်က္ႏွာအာရံုခံ နည္းပညာကို ပထမဆံုး အသံုးျပဳႏုိင္တဲ့ ကုမၸဏီက Apple ျဖစ္ပါတယ္။…

Leave a Comment

Most from this category