564 Shares 143 Views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Jun 03, 2018
564 143

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Knister Grill

အသားကင္စက္မ်ားဟာ ေလးလံ၊ ႀကီးမားၿပီး ေပ်ာ္ပြဲစားထြက္ဖို႔အတြက္ေတာ့ အဆင္မေျပပါဘူး။ သိပ္သည္းက်စ္လစ္ၿပီး သြားေလရာ လြယ္ကူစြာ ယူေဆာင္သြားခ်င္ရင္ေတာ့ Knister Grill ကို အသုံုးျပဳပါ။ သူ႔ကိုစက္ဘီး လက္ကိုင္ဘားတန္းမွာ လြယ္ကူစြာ ခ်ိတ္ဆြဲသြားႏုိင္ပါတယ္။ သူဟာ ၄.၅ ကီလိုဂရမ္သာ အေလးခ်ိန္ရွိပါတယ္။ သူ႔ထဲမွာ မီးေသြးမ်ား၊ ထင္းမ်ား၊ လက္သုတ္ပ၀ါမ်ား၊ အစားအစာမ်ားကို ထည့္သြင္းထားႏုိင္ပါတယ္။ အဲဒီအတြက္ အစားအစာမ်ား သယ္ေဆာင္ဖို႔ အပိုျခင္းမ်ား မလိုေတာ့ပါဘူး။

လူ ၁၀ ေယာက္အထိ အသားကင္စားဖို႔ သူက အဆင္ေျပပါတယ္။ လူ ၂ ေယာက္၊ ၃ ေယာက္သာ စားမယ္ဆိုရင္ေတာ့ သူ႔ထဲမွာ ေနရာလြတ္မ်ား ရွိေနပါေသးတယ္။ သူ႔မွာ အခန္းႏွစ္ခုပါၿပီး က်ယ္တဲ့ အခန္းမွာ အသား၊ ငါးမ်ား ထည့္ထားႏုိင္ပါတယ္။ အခန္းငယ္ထဲမွာ ဟင္းသီးဟင္းရြက္မ်ားကို ထည့္သြင္းႏုိင္ပါတယ္။ သူ႔ကို သန္႔ရွင္းေရး ျပဳလုပ္ဖို႔အတြက္လည္း အဆင္ေျပပါတယ္။ အစိတ္အပိုင္းမ်ားကို တစ္စစီ ျဖဳတ္ၿပီး သန္႔စင္ႏုိင္ပါတယ္။

သူ႔ကို ျမဴးနစ္ အေျခစုိက္ စီးပြားေရး သမား Carolin Kunert က ဖန္တီးထားတာျဖစ္ပါတယ္။ သူ႔ကို ထုတ္လုပ္ေရာင္းခ်ဖို႔အတြက္ လက္ရွိမွာ Kickstarter ၀က္ဆိုက္မွာ ရန္ပံုေငြ ေကာက္ခံေနပါတယ္။

Lynq

သင့္ သူငယ္ခ်င္း ၊ မိသားစုမ်ားနဲ႔အတူ ခရီးထြက္ရတာ ေပ်ာ္စရာေကာင္း ပါတယ္။ စြန္႔စားခရီးမ်ားသြားရင္ေတာ့ ပိုၿပီး စိတ္လႈပ္ရွားေပ်ာ္စရာေကာင္းပါတယ္။ ဒါေပမယ့္ မေမွ်ာ္လင့္တဲ့ အႏၱရာယ္မ်ားဟာ က်ေရာက္လာတတ္ပါတယ္။ လူေပ်ာက္သြားျခင္းမ်ား ၊ ဖုန္းလိုင္း မမိျခင္းမ်ားလည္း ျဖစ္သြားႏုိင္ပါတယ္။ ဒီလို အေျခအေနမ်ိဳးမွာ Lynq က ကူညီေပးႏုိင္ပါတယ္။ သူက တည္ေနရာ ညႊန္ျပတဲ့ ကိရိယာေလး ျဖစ္ပါတယ္။ သူ႔ကို သင့္ကိုယ္မွာ ခ်ိတ္ဆြဲထားရင္ သင့္တည္ေနရာကို သင့္ သူငယ္ခ်င္း၊ မိသားစုမ်ားက သိႏုိင္ပါတယ္။ လူမ်ားမွာသာမက သင့္ ကေလးငယ္မ်ား၊ အိ္မ္ေမြးတိရိစာၦန္မ်ားမွာလည္း သူ႔ကို ခ်ိတ္ဆြဲထားႏုိင္ပါတယ္။

လူမ်ားလြန္းတဲ့ ပြဲေတာ္မ်ားမွာလည္း လူမေပ်ာက္သြားေအာင္ သူက သင့္္ေတာ္ပါတယ္။ အယ္ဇိုင္းမား ေ၀ဒနာရွင္ လူႀကီးမ်ားအတြက္လည္း သူ႔ကို သုံးႏုိင္ပါတယ္။ သူက တည္ေနရာကို အခ်ိန္နဲ႔ တစ္ေျပးညီ ျပသေပးပါတယ္။ အကြာအေ၀းနဲ႔ လမ္းညႊန္မႈမ်ားလည္း ပါပါတယ္။ သူ႔ကို သံုးဖို႔ ဖုန္းလိုင္း၊ ေျမပံုမ်ားလည္း မလိုအပ္ပါဘူး။ သူ႔ရဲ႕ ဘက္ထရီဟာ ၃ ရက္ေလာက္ ခံပါတယ္။ ေရစိုခံၿပီး မာေက်ာပါတယ္။ သူဟာ App , Bluetooth မ်ားကို မွီခိုထားျခင္း မရွိပါဘူး။ ၁၅၄ ေဒၚလာ တန္ေၾကးရွိပါတယ္။

L16 Phone

စမတ္ဖုန္း ကင္မရာမ်ားဟာ အလြန္ေကာင္းမြန္လာၾကၿပီး ယခင္က မစြမ္းေဆာင္ႏုိင္တာမ်ားကိုပါ ပံ့ပိုးေပးလာႏုိင္ပါၿပီ။ အခုလည္း Light Company က L16 ဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ သူဟာ အျပင္ပန္းၾကည့္ရင္သာမာန္ ဖုန္းတစ္လံုးပါ။ ၅ လက္မ HD LCD Touchscreen ပါပါတယ္။ ထူးျခားတာက ကင္မရာ ၁၆ လံုးေတာင္ ပါတာပါ။ သူဟာ ဓါတ္ပုံတစ္ပံု ရိုက္လိုက္ရင္ ကင္မရာ ၁၀ လံုးနဲ႔အထက္က မတူညီတဲ့ ရႈေထာင့္မ်ားကေန ေဒတာမ်ားကို ဖမ္းယူပါတယ္။ အဲဒီေနာက္မွာ 52MP Photo ကို ဖန္တီးေပးႏိုင္ပါတယ္။ အဲဒီအတြက္ ဓါတ္ပံုဟာ အလြန္ အေသးစိတ္က်ပါတယ္။ ဒါ့အျပင္ ကင္မရာမ်ားစြာ ေပါင္းစပ္၍ 5x Continuous Optical Zoom , Ultra Low Light Performance , Depth of Field Control မ်ားကို ပံ့ပိုးေပးပါတယ္။

အလြန္ အရည္အေသြးျမင့္တဲ့ ဓါတ္ပံုေကာင္းမ်ားကို ဖုန္းကေန ရိုက္ကူးခ်င္သူမ်ားအတြက္ သူ႔ကို ဖန္တီးထားပါတယ္။ သူ႔ကို ပထမအသုတ္ အေနျဖင့္ ေရာင္းခ်ေပးထားၿပီး ဒီႏွစ္ထဲမွာ ထပ္မံေရာင္းခ်မွာပါ။ ၁၉၅၀ ေဒၚလာ သတ္မွတ္ထားပါတယ္။

Ref : gigadgets

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

Knister Grill

အသားကင်စက်များဟာ လေးလံ၊ ကြီးမားပြီး ပျော်ပွဲစားထွက်ဖို့အတွက်တော့ အဆင်မပြေပါဘူး။ သိပ်သည်းကျစ်လစ်ပြီး သွားလေရာ လွယ်ကူစွာ ယူဆောင်သွားချင်ရင်တော့ Knister Grill ကို အသုံးပြုပါ။ သူ့ကိုစက်ဘီး လက်ကိုင်ဘားတန်းမှာ လွယ်ကူစွာ ချိတ်ဆွဲသွားနိုင်ပါတယ်။ သူဟာ ၄.၅ ကီလိုဂရမ်သာ အလေးချိန်ရှိပါတယ်။ သူ့ထဲမှာ မီးသွေးများ၊ ထင်းများ၊ လက်သုတ်ပဝါများ၊ အစားအစာများကို ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီအတွက် အစားအစာများ သယ်ဆောင်ဖို့ အပိုခြင်းများ မလိုတော့ပါဘူး။

လူ ၁၀ ယောက်အထိ အသားကင်စားဖို့ သူက အဆင်ပြေပါတယ်။ လူ ၂ ယောက်၊ ၃ ယောက်သာ စားမယ်ဆိုရင်တော့ သူ့ထဲမှာ နေရာလွတ်များ ရှိနေပါသေးတယ်။ သူ့မှာ အခန်းနှစ်ခုပါပြီး ကျယ်တဲ့ အခန်းမှာ အသား၊ ငါးများ ထည့်ထားနိုင်ပါတယ်။ အခန်းငယ်ထဲမှာ ဟင်းသီးဟင်းရွက်များကို ထည့်သွင်းနိုင်ပါတယ်။ သူ့ကို သန့်ရှင်းရေး ပြုလုပ်ဖို့အတွက်လည်း အဆင်ပြေပါတယ်။ အစိတ်အပိုင်းများကို တစ်စစီ ဖြုတ်ပြီး သန့်စင်နိုင်ပါတယ်။

သူ့ကို မြူးနစ် အခြေစိုက် စီးပွားရေး သမား Carolin Kunert က ဖန်တီးထားတာဖြစ်ပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့အတွက် လက်ရှိမှာ Kickstarter ဝက်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။

Lynq

သင့် သူငယ်ချင်း ၊ မိသားစုများနဲ့အတူ ခရီးထွက်ရတာ ပျော်စရာကောင်း ပါတယ်။ စွန့်စားခရီးများသွားရင်တော့ ပိုပြီး စိတ်လှုပ်ရှားပျော်စရာကောင်းပါတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ အန္တရာယ်များဟာ ကျရောက်လာတတ်ပါတယ်။ လူပျောက်သွားခြင်းများ ၊ ဖုန်းလိုင်း မမိခြင်းများလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ Lynq က ကူညီပေးနိုင်ပါတယ်။ သူက တည်နေရာ ညွှန်ပြတဲ့ ကိရိယာလေး ဖြစ်ပါတယ်။ သူ့ကို သင့်ကိုယ်မှာ ချိတ်ဆွဲထားရင် သင့်တည်နေရာကို သင့် သူငယ်ချင်း၊ မိသားစုများက သိနိုင်ပါတယ်။ လူများမှာသာမက သင့် ကလေးငယ်များ၊ အိမ်မွေးတိရိစ္ဆာန်များမှာလည်း သူ့ကို ချိတ်ဆွဲထားနိုင်ပါတယ်။

လူများလွန်းတဲ့ ပွဲတော်များမှာလည်း လူမပျောက်သွားအောင် သူက သင့်တော်ပါတယ်။ အယ်ဇိုင်းမား ဝေဒနာရှင် လူကြီးများအတွက်လည်း သူ့ကို သုံးနိုင်ပါတယ်။ သူက တည်နေရာကို အချိန်နဲ့ တစ်ပြေးညီ ပြသပေးပါတယ်။ အကွာအဝေးနဲ့ လမ်းညွှန်မှုများလည်း ပါပါတယ်။ သူ့ကို သုံးဖို့ ဖုန်းလိုင်း၊ မြေပုံများလည်း မလိုအပ်ပါဘူး။ သူ့ရဲ့ ဘက်ထရီဟာ ၃ ရက်လောက် ခံပါတယ်။ ရေစိုခံပြီး မာကျောပါတယ်။ သူဟာ App , Bluetooth များကို မှီခိုထားခြင်း မရှိပါဘူး။ ၁၅၄ ဒေါ်လာ တန်ကြေးရှိပါတယ်။

L16 Phone

စမတ်ဖုန်း ကင်မရာများဟာ အလွန်ကောင်းမွန်လာကြပြီး ယခင်က မစွမ်းဆောင်နိုင်တာများကိုပါ ပံ့ပိုးပေးလာနိုင်ပါပြီ။ အခုလည်း Light Company က L16 ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူဟာ အပြင်ပန်းကြည့်ရင်သာမာန် ဖုန်းတစ်လုံးပါ။ ၅ လက်မ HD LCD Touchscreen ပါပါတယ်။ ထူးခြားတာက ကင်မရာ ၁၆ လုံးတောင် ပါတာပါ။ သူဟာ ဓါတ်ပုံတစ်ပုံ ရိုက်လိုက်ရင် ကင်မရာ ၁၀ လုံးနဲ့အထက်က မတူညီတဲ့ ရှုထောင့်များကနေ ဒေတာများကို ဖမ်းယူပါတယ်။ အဲဒီနောက်မှာ 52MP Photo ကို ဖန်တီးပေးနိုင်ပါတယ်။ အဲဒီအတွက် ဓါတ်ပုံဟာ အလွန် အသေးစိတ်ကျပါတယ်။ ဒါ့အပြင် ကင်မရာများစွာ ပေါင်းစပ်၍ 5x Continuous Optical Zoom , Ultra Low Light Performance , Depth of Field Control များကို ပံ့ပိုးပေးပါတယ်။

အလွန် အရည်အသွေးမြင့်တဲ့ ဓါတ်ပုံကောင်းများကို ဖုန်းကနေ ရိုက်ကူးချင်သူများအတွက် သူ့ကို ဖန်တီးထားပါတယ်။ သူ့ကို ပထမအသုတ် အနေဖြင့် ရောင်းချပေးထားပြီး ဒီနှစ်ထဲမှာ ထပ်မံရောင်းချမှာပါ။ ၁၉၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gigadgets

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
204 shares342 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category