0 Shares 137 Views

iPad အတြက္ အေကာင္းဆံုး စီးပြားေရးလုပ္ငန္းသံုး App မ်ား

Jun 03, 2018
0 137

 

iPad ဟာ ရုပ္ရွင္နဲ႔ ဗီဒီယိုမ်ား ၾကည့္ဖို႔၊ လူမႈကြန္ရက္မ်ား အသံုးျပဳဖို႔ေလာက္သာ စြမ္းေဆာင္ႏုိင္တာ မဟုတ္ပါဘူး။ အထူးသျဖင့္ iPad Pro Series မ်ားကေနစၿပီး iPad မ်ားဟာ ကြန္ျပဴတာလို စြမ္းရည္ ျမင့္မားလာၾကပါတယ္။ iPad မ်ားျဖင့္ အလုပ္ကိစၥမ်ားေတာင္ ျပဳလုပ္ႏုိင္ၿပီျဖစ္တဲ့အတြက္ အေကာင္းဆံုး Business Apps မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

 

၁။ iWork Suite

 

Free

 

iWork Suite မွာ Apple ရဲ႕ Keynote, Numbers နဲ႔ Pages မ်ားကို ေပါင္းစုထားပါတယ္။ သူတို႔ဟာ Desktop Apps မ်ားရဲ႕ တက္ဘလက္ဗားရွင္းမ်ားျဖစ္ၾကၿပီး ဆင္တူၾကပါတယ္။ အလုပ္ကိစၥနဲ႔ ပတ္သက္တဲ့ စာရြက္စာတမ္းမ်ား ျပဳလုပ္ဖို႔အတြက္ သူတို႔ကို သံုးနုိင္ပါတယ္။ Charts , Spreadsheet မ်ားကိုလည္း ဖန္တီးႏုိင္ပါတယ္။ iOS Keyboard ကေန စာအမ်ားႀကီး ရိုက္လို႔ အဆင္မေျပရင္ေတာ့ Bluetooth Keyboard ျဖင့္ ရိုက္ႏုိင္ပါတယ္။ အထူးသျဖင့္ Pages မ်ားအတြက္ Bluetooth Keyboard က သင့္ေတာ္ပါတယ္။

 

၂။ Google Drive

 

Free/£1.59 ($1.99) per month for 100GB

 

Google Drive ဟာ Online Office Suite ျဖစ္ၿပီး Google ရဲ႕ ၀န္ေဆာင္မႈမ်ားကို အသံုးျပဳေနသူမ်ားအတြက္ သင့္ေတာ္ပါတယ္။ သင္ဖန္တီးထားတဲ့ စာရြက္စာတမ္းမ်ားကို Google Drive ရဲဲ႕ Cloud Storage မွာ အလိုအေလွ်ာက္ သိမ္းဆည္းေပးပါတယ္။ သူ႔မွာ စာရြက္စာတမ္းမ်ားအတြက္ Docs ၊ Spreadsheets မ်ားအတြက္ Sheets နဲ႔ Presentation မ်ားအတြက္ Slides တို႔ကို သံုးႏုိင္ပါတယ္။ သူ႔မွာ သိမ္းထားတဲ့ ဖိုင္မ်ားကို လြယ္ကူစြာ မွ်ေ၀ႏုိင္ပါတယ္။ စာရြက္စာတမ္းတစ္ခုကို လူမ်ားစြာ အတူတကြ ဖန္တီးနုိင္တာက အလုပ္ကိစၥမ်ားအတြက္ အသံုး၀င္ပါတယ္။ သူက Offline လည္း အလုပ္လုပ္ပါတယ္။ အခမဲ့ သံုးရင္ 15GB အထိ သိမ္းႏုိင္ပါတယ္။

 

၃။ Genius Scan + PDF Scanner

 

£7.99 ($7.99)

 

Genius Scan က ဓါတ္ပံုမ်ားကို PDF ဖိုင္အျဖစ္ ေျပာင္းလဲေပးႏုိင္ပါတယ္။ ပံုႏွိပ္စာရြက္စာတမ္းမ်ားကို ဓါတ္ပံု ရိုက္ကူးၿပီးေနာက္ ဒစ္ဂ်စ္တယ္ စာရြက္စာတမ္းအျဖစ္ ေျပာင္းလဲေပးဖို႔ သူက အသံုး၀င္ပါတယ္။ Hardware Scanner မ်ားေတာင္ မလိုအပ္ေတာ့တဲ့အတြက္ သူက အလြန္ အက်ိဳးရွိပါတယ္။ သူကေန ျပဳလုပ္ထားတဲ့ PDF ဖိုင္မ်ားကို Dropbox, OneDrive မွာ သိမ္းႏုိင္ပါတယ္။ ဖိုင္မ်ားကို လံုျခံဳေရးအတြက္ Password ျဖင့္ ကာကြယ္ႏုိင္ပါတယ္။

 

၄။ Evernote

 

Free/£44.99 ($69.99) per year

 

Evernote က စီမံကိန္းမ်ား ျပဳလုပ္ျခင္း၊ သတင္းအခ်က္အလက္မ်ား သိမ္းဆည္းျခင္းမ်ားအတြက္ အလြန္ ေကာင္းမြန္ပါတယ္။ သူ႔မွာ ၀က္ဆိုက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ား၊ ဓါတ္ပံုမ်ား၊ ဗီဒီယိုမ်ား၊ မွတ္စုမ်ား အားလံုးကို သိမ္းႏိုင္ပါတယ္။ Notebooks မ်ားကို လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ မွ်ေ၀ႏုိင္တဲ့အတြက္ စီမံကိန္းမ်ား ပူးေပါင္းလုပ္ေဆာင္ဖို႔ အသံုး၀င္ပါတယ္။ အခမဲ့ သံုးရင္ တစ္လလွ်င္ 60MB သိမ္းႏုိင္ပါတယ္။

 

၅။ 1Password

 

£9.99 ($9.99)

 

စီးပြားေရးလုပ္ငန္းတိုင္းဟာ အြန္လိုင္း ၀န္ေဆာင္မႈမ်ားစြာကို အသံုးျပဳေနၾကတဲ့အတြက္ အြန္လိုင္း အေကာင့္မ်ားစြာ ပိုင္ဆိုင္ထားၾကပါတယ္။ အဲဒီ အေကာင့္မ်ားရဲ႕ Username , Password မ်ားကို သိမ္းေပးႏုိင္တာက 1Password ျဖစ္ပါတယ္။ သူ႔ကို သံုးရင္ေတာ့ Master Password တစ္ခုကိုသာ သင္ မွတ္ထားဖို႔လိုပါတယ္။ သူက TouchID နဲ႔ တြဲဖက္ အလုပ္လုပ္ႏုိင္တဲ့အတြက္ သူ႔ကို သင့္ရဲ႕ လက္ေဗြရာျဖင့္ ကာကြယ္ထားႏုိင္ပါတယ္။ iOS App က 1Password for Teams ကိုလည္း ေထာက္ပံ့ၿပီး စီးပြားေရးလုပ္ငန္းမ်ားအတြက္ အသံုး၀င္ပါတယ္။ ဒီ၀န္ေဆာင္မႈကို ရက္ သံုးဆယ္သာ အခမဲ့ စမ္းသပ္ သံုးႏုိင္ပါတယ္။

 

၆။ Skitch

 

Free

 

Skitch က ဓါတ္ပံုမ်ားမွာ Annotations မ်ား ထည့္သြင္းႏုိင္တဲ့ App ျဖစ္ပါတယ္။ ေဖာက္သည္မ်ားကို သတင္းအခ်က္အလက္မ်ား ပံ့့ပိုးေပးဖို႔ ဓါတ္ပံုမ်ားမွာ မွ်ားမ်ား ထိုးျခင္း၊ စာသားမ်ား ထည့္သြင္းျခင္းမ်ားကို သူက ျပဳလုပ္ေပးႏုိင္ပါတယ္။ ေျမပံုမ်ားမွာ တည္ေနရာမ်ားကို ညႊန္ျပဖို႔အတြက္လည္း သူ႔ကို သံုးႏုိင္ပါတယ္။ ဓါတ္ပံုမ်ား သာမက PDF ဖိုင္မ်ားမွာ စာသားမ်ားကို Highlight လုပ္ႏိုင္ပါတယ္။

 

ref: techradar

unicode

iPad အတွက် အကောင်းဆုံး စီးပွားရေးလုပ်ငန်းသုံး App များ

 

iPad ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုများ ကြည့်ဖို့၊ လူမှုကွန်ရက်များ အသုံးပြုဖို့လောက်သာ စွမ်းဆောင်နိုင်တာ မဟုတ်ပါဘူး။ အထူးသဖြင့် iPad Pro Series များကနေစပြီး iPad များဟာ ကွန်ပြူတာလို စွမ်းရည် မြင့်မားလာကြပါတယ်။ iPad များဖြင့် အလုပ်ကိစ္စများတောင် ပြုလုပ်နိုင်ပြီဖြစ်တဲ့အတွက် အကောင်းဆုံး Business Apps များကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ iWork Suite

 

Free

 

iWork Suite မှာ Apple ရဲ့ Keynote, Numbers နဲ့ Pages များကို ပေါင်းစုထားပါတယ်။ သူတို့ဟာ Desktop Apps များရဲ့ တက်ဘလက်ဗားရှင်းများဖြစ်ကြပြီး ဆင်တူကြပါတယ်။ အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများ ပြုလုပ်ဖို့အတွက် သူတို့ကို သုံးနိုင်ပါတယ်။ Charts , Spreadsheet များကိုလည်း ဖန်တီးနိုင်ပါတယ်။ iOS Keyboard ကနေ စာအများကြီး ရိုက်လို့ အဆင်မပြေရင်တော့ Bluetooth Keyboard ဖြင့် ရိုက်နိုင်ပါတယ်။ အထူးသဖြင့် Pages များအတွက် Bluetooth Keyboard က သင့်တော်ပါတယ်။

 

၂။ Google Drive

 

Free/£1.59 ($1.99) per month for 100GB

 

Google Drive ဟာ Online Office Suite ဖြစ်ပြီး Google ရဲ့ ဝန်ဆောင်မှုများကို အသုံးပြုနေသူများအတွက် သင့်တော်ပါတယ်။ သင်ဖန်တီးထားတဲ့ စာရွက်စာတမ်းများကို Google Drive ရဲ့ Cloud Storage မှာ အလိုအလျှောက် သိမ်းဆည်းပေးပါတယ်။ သူ့မှာ စာရွက်စာတမ်းများအတွက် Docs ၊ Spreadsheets များအတွက် Sheets နဲ့ Presentation များအတွက် Slides တို့ကို သုံးနိုင်ပါတယ်။ သူ့မှာ သိမ်းထားတဲ့ ဖိုင်များကို လွယ်ကူစွာ မျှဝေနိုင်ပါတယ်။ စာရွက်စာတမ်းတစ်ခုကို လူများစွာ အတူတကွ ဖန်တီးနိုင်တာက အလုပ်ကိစ္စများအတွက် အသုံးဝင်ပါတယ်။ သူက Offline လည်း အလုပ်လုပ်ပါတယ်။ အခမဲ့ သုံးရင် 15GB အထိ သိမ်းနိုင်ပါတယ်။

 

၃။ Genius Scan + PDF Scanner

 

£7.99 ($7.99)

 

Genius Scan က ဓါတ်ပုံများကို PDF ဖိုင်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ပုံနှိပ်စာရွက်စာတမ်းများကို ဓါတ်ပုံ ရိုက်ကူးပြီးနောက် ဒစ်ဂျစ်တယ် စာရွက်စာတမ်းအဖြစ် ပြောင်းလဲပေးဖို့ သူက အသုံးဝင်ပါတယ်။ Hardware Scanner များတောင် မလိုအပ်တော့တဲ့အတွက် သူက အလွန် အကျိုးရှိပါတယ်။ သူကနေ ပြုလုပ်ထားတဲ့ PDF ဖိုင်များကို Dropbox, OneDrive မှာ သိမ်းနိုင်ပါတယ်။ ဖိုင်များကို လုံခြုံရေးအတွက် Password ဖြင့် ကာကွယ်နိုင်ပါတယ်။

 

၄။ Evernote

 

Free/£44.99 ($69.99) per year

 

Evernote က စီမံကိန်းများ ပြုလုပ်ခြင်း၊ သတင်းအချက်အလက်များ သိမ်းဆည်းခြင်းများအတွက် အလွန် ကောင်းမွန်ပါတယ်။ သူ့မှာ ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများ၊ ဓါတ်ပုံများ၊ ဗီဒီယိုများ၊ မှတ်စုများ အားလုံးကို သိမ်းနိုင်ပါတယ်။ Notebooks များကို လုပ်ဖော်ကိုင်ဖက်များနဲ့ မျှဝေနိုင်တဲ့အတွက် စီမံကိန်းများ ပူးပေါင်းလုပ်ဆောင်ဖို့ အသုံးဝင်ပါတယ်။ အခမဲ့ သုံးရင် တစ်လလျှင် 60MB သိမ်းနိုင်ပါတယ်။

 

၅။ 1Password

 

£9.99 ($9.99)

 

စီးပွားရေးလုပ်ငန်းတိုင်းဟာ အွန်လိုင်း ဝန်ဆောင်မှုများစွာကို အသုံးပြုနေကြတဲ့အတွက် အွန်လိုင်း အကောင့်များစွာ ပိုင်ဆိုင်ထားကြပါတယ်။ အဲဒီ အကောင့်များရဲ့ Username , Password များကို သိမ်းပေးနိုင်တာက 1Password ဖြစ်ပါတယ်။ သူ့ကို သုံးရင်တော့ Master Password တစ်ခုကိုသာ သင် မှတ်ထားဖို့လိုပါတယ်။ သူက TouchID နဲ့ တွဲဖက် အလုပ်လုပ်နိုင်တဲ့အတွက် သူ့ကို သင့်ရဲ့ လက်ဗွေရာဖြင့် ကာကွယ်ထားနိုင်ပါတယ်။ iOS App က 1Password for Teams ကိုလည်း ထောက်ပံ့ပြီး စီးပွားရေးလုပ်ငန်းများအတွက် အသုံးဝင်ပါတယ်။ ဒီဝန်ဆောင်မှုကို ရက် သုံးဆယ်သာ အခမဲ့ စမ်းသပ် သုံးနိုင်ပါတယ်။

 

၆။ Skitch

 

Free

 

Skitch က ဓါတ်ပုံများမှာ Annotations များ ထည့်သွင်းနိုင်တဲ့ App ဖြစ်ပါတယ်။ ဖောက်သည်များကို သတင်းအချက်အလက်များ ပံ့ပိုးပေးဖို့ ဓါတ်ပုံများမှာ မျှားများ ထိုးခြင်း၊ စာသားများ ထည့်သွင်းခြင်းများကို သူက ပြုလုပ်ပေးနိုင်ပါတယ်။ မြေပုံများမှာ တည်နေရာများကို ညွှန်ပြဖို့အတွက်လည်း သူ့ကို သုံးနိုင်ပါတယ်။ ဓါတ်ပုံများ သာမက PDF ဖိုင်များမှာ စာသားများကို Highlight လုပ်နိုင်ပါတယ်။

 

ref: techradar

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category