0 Shares 61 Views


Jun 03, 2018
0 61




Ref : androidheadlines

unicode

Asus ROG Gaming Phone မှာ Physical Controller ပါမည်

Asus က မကြာမီမှာ ROG Gaming Phone ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ Asus က အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို အကြိုအနေနဲ့ ပြသလိုက်ပါတယ်။ လူမှုကွန်ရက်မှာ Asus တင်ထားတဲ့ ဓါတ်ပုံအရ အဲဒီ စမတ်ဖုန်းမှာ Physical Controller ပါလာမယ်လို့ သိရပါတယ်။ အရှေ့ဘက် စကရင်ရဲ့ အထက်မှ ဘောင်မှာတော့ ကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Xiaomi Black Shark နဲ Nubia တို့ရဲ့ ဂိမ်း စမတ်ဖုန်းများကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Computex နည်းပညာပြပွဲကို ဒီလ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး ပွဲမတိုင်ခင် တစ်ရက် အလို ၄ ရက်နေ့မှာ အဲဒီ ဂိမ်း စမတ်ဖုန်းကို ကြေညာမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဈေးကွက်ထဲတွင် Snapdragon 845 Chipset ဟာ စွမ်းရည် အမြင့်မားဆုံး ဖြစ်တဲ့အတွက် သူ့မှာ အဲဒါ ပါလာဖို့ သေချာနေပါတယ်။ 8GB RAM , High-Refresh Rate Display များ ထည့်သွင်းထားနိုင်ပါတယ်။ ဖြစ်နိုင်တာက 120 or 144 Hz Display များပါ။

သူ့ရဲ့ ခန့်မှန်းဈေးနှုန်းကိုလည်း မသိရသေးပါဘူး။ Asus ဟာ Gaming Hardware များကို ဖန်တီးခဲ့တဲ့အတွေ့အကြုံများစွာ ရှိတဲ့အတွက် အရည်အသွေး ကောင်းတဲ့ ဂိမ်း စမတ်ဖုန်းကို တည်ဆောက်နိုင်မယ်လို့ ထင်ရပါတယ်။ ပီစီ ထုတ်လုပ်သူများဟာ စမတ်ဖုန်း နယ်ပယ်ကို ခြေချလာကြပါတယ်။ ပီစီဈေးကွက်မှာ Gaming PC များ ရှိနေတာ ကြာမြင့်နေပါပြီ။ အဲဒီအတွက် ဂိမ်း စမတ်ဖုန်းများကိုလည်း ဖန်တီးကြတော့မှာပါ။

Ref : androidheadlines

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category