သင့္ရဲ႕ အြန္လိုင္း အေကာင့္မ်ားကို လံုျခံဳေရး ႏွစ္ထပ္ျဖင့္ ဘယ္လို ကာကြယ္ရမလဲ?
သင့္ရဲ႕ အြန္လိုင္း အေကာင့္မ်ားဟာ ဟက္ခံရႏုိင္ေျခမ်ားတဲ့အတြက္ လံုျခံဳေရး ႏွစ္ထပ္ျဖင့္ ကာကြယ္ထားသင့္ပါတယ္။ အဲဒီ နည္းစနစ္ကို Two-Factor Authentication , Two-Step Verification or 2FA လို႔လည္း ေခၚၾကပါတယ္။ ဒီနည္းစနစ္က သင့္ ဖုန္းကို ဒုတိယ Password အျဖစ္ အသံုးျပဳတာ ျဖစ္ပါတယ္။ အဲဒီအတြက္ သင့္ရဲ႕ မူလ Password ကို အျခားလူမ်ားက သိသြားသည့္တိုင္ သူတို႔မွာ သင့္ဖုန္း မရွိတဲ့အတြက္ သင့္အေကာင့္ကို ၀င္လို႔ မရေတာ့ပါဘူး။
ဒီနည္းစနစ္ကို အသံုးျပဳရင္ သင့္အေကာင့္မ်ားကို Login ၀င္တဲ့ အခါမွာ သာမာန္အတိုင္း Username , Password ထည့္ေပးရမွာပါ။ အဲဒီေနာက္မွာ သင့္ဖုန္းထံ ဒုတိယ Password ကို ေပးပို႔ေပးမွာ ျဖစ္ၿပီး အဲဒီ Password ကို ထည့္ေပးမွသာ Login ၀င္ႏုိင္မွာပါ။
Apple
Apple က User အေကာင့္မ်ားကို လံုျခံဳေရး ႏွစ္ထပ္ျဖင့္ ကာကြယ္ႏုိင္ေအာင္ ပံ့ပိုးေပးထားပါတယ္။ iOS 9 ၊ Mac OS X El Capitan နဲ႔ သူ႕အထက္မွာ ဒီနည္းစနစ္ကို Setup လုပ္ႏုိင္ပါတယ္။
iOS
iOS Version အေပၚ မူတည္ၿပီး ျပဳလုပ္နည္း အနည္းငယ္ကြာျခားပါတယ္။ iOS 10.3 နဲ႔ ေနာက္ပိုင္းမွာ Settings> [Your Name] > Password & Security ထဲမွာ သင့္ Apple ID ကို 2FA နဲ႔ ကာကြယ္ႏုိင္ပါတယ္။ iOS 10.2 နဲ႔ အေရွ႕ပိုင္း ဗားရွင္းမ်ားမွာ iCloud> Apple ID> Password & Security ထဲမွာ ျပဳလုပ္ရမွာပါ။
Mac OS
စကရင္ရဲ႕ ဘယ္ဘက္ အေပၚထိပ္မွ Apple Icon ကို ႏွိပ္ပါ။ System Preferences > iCloud > Account Details ထဲသြားပါ။ Security ထဲမွာ 2FA ကို Enable လုုပ္ပါ။
Settings> Security ထဲသြားပါ။ 2FA ကို Enable လုပ္ပါ။ သင္ Login ၀င္တိုင္း သင့္ဖုန္းထံ ကုဒ္ ေပးပို႔ဖို႔အတြက္ သင့္ဖုန္းကို မွတ္ပံုတင္ေပးရမွာပါ။ အဲဒီမွာ USB , NFC , Recovery Code မ်ားျဖင့္ Login ၀င္ႏိုင္ေအာင္ သတ္မွတ္ႏိုင္ၿပီး အဲဒီ နည္းလမ္းမ်ားဟာ မိုဘိုင္းဆက္သြယ္မႈ မရခ်ိန္မွာ အသံုး၀င္ပါတယ္။
Gmail, YouTube, Google Maps အပါအ၀င္ Google အေကာင့္ကို 2FA ခံခ်င္ရင္ ဒီလင့္ကို ႏွိပ္ပါ။ သင့္ အေကာင့္ကို Login ၀င္ပါ။ အဲဒီေနာက္မွာ ကုဒ္မ်ား ေပးပို႔ဖို႔အတြက္ သင့္ဖုန္းကို မွတ္ပံုတင္ရမွာ ျဖစ္ပါတယ္။ မိုဘိုင္း ဆက္သြယ္မႈ မရခ်ိန္မွာ Login ၀င္ႏုိင္ေအာင္ Backup codes မ်ားကို သတ္မွတ္ထားပါ။ Backup code ၁၀ ခုကို ဖန္တီးထားႏုိင္ၿပီး တစ္ခုကို တစ္ခါသာ သံုးႏိုင္ပါတယ္။
Microsoft
သင့္ရဲ႕ Microsoft အေကာင့္ကို Login ၀င္ပါ။ Security Settings ထဲသြားၿပီး 2FA ကို Enable လုပ္ပါ။ အေပၚကလိုပဲ သင့္ဖုန္းကို မွတ္ပံုတင္ရမွာ ျဖစ္ပါတယ္။ မိုဘိုင္း ကြန္ရက္ မရခ်ိန္မွာ သံုုးဖို႔ App passwords မ်ားကို ဖန္တီးထားပါ။ App password တစ္ခုကို တစ္ႀကိမ္သာ သံုးႏုိင္ပါတယ္။
Dropbox
သင့္ရဲ႕ Dropbox အေကာင့္ကို Login ၀င္ပါ။ Settings> Security ထဲသြားၿပီး Two-Step Verification ကို Enable လုပ္ပါ။ သင့္ဖုန္းကို မွတ္ပံုတင္ေပးပါ။
Authenticator Apps
ခရီးသြားတဲ့ အခါ ၊ မိုဘိုင္း ဆက္သြယ္မႈ မရတဲ့ အခါမ်ားမွာ သင့္ဖုန္းကေန ဒုတိယ Password or Code ကို မရရွိႏို္င္ပါဘူး။ အဲဒီ အေျခအေနမွာ အေပၚမွာ ေဖာ္ျပထားတဲ့ Recovery code, Backup codes, App passwords မ်ားကို သံုးႏုိင္သလို ေနာက္ထပ္ ေရြးခ်ယ္စရာ တစ္ခုက Authenticator Apps မ်ား ျဖစ္ပါတယ္။ အဲဒီ App မ်ားက မိုဘိုင္းဆက္သြယ္မႈ မလိုအပ္ဘဲ သင့္ ဖုန္းမွာ ဒုတိယ Password မ်ားကို ဖန္တီးေပးႏုိင္ပါတယ္။ Android အတြက္ Google Authenticator , Authy နဲ႔ iOS အတြက္ HDE OTP ကို သံုးႏုိင္ပါတယ္။ Facebook Mobile App မ်ားမွာေတာ့ Code Generator ပါရွိၿပီးသား ျဖစ္ပါတယ္။
ref : theverge
unicode
သင့်ရဲ့ အွန်လိုင်း အကောင့်များကို လုံခြုံရေး နှစ်ထပ်ဖြင့် ဘယ်လို ကာကွယ်ရမလဲ?
သင့်ရဲ့ အွန်လိုင်း အကောင့်များဟာ ဟက်ခံရနိုင်ခြေများတဲ့အတွက် လုံခြုံရေး နှစ်ထပ်ဖြင့် ကာကွယ်ထားသင့်ပါတယ်။ အဲဒီ နည်းစနစ်ကို Two-Factor Authentication , Two-Step Verification or 2FA လို့လည်း ခေါ်ကြပါတယ်။ ဒီနည်းစနစ်က သင့် ဖုန်းကို ဒုတိယ Password အဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ မူလ Password ကို အခြားလူများက သိသွားသည့်တိုင် သူတို့မှာ သင့်ဖုန်း မရှိတဲ့အတွက် သင့်အကောင့်ကို ဝင်လို့ မရတော့ပါဘူး။
ဒီနည်းစနစ်ကို အသုံးပြုရင် သင့်အကောင့်များကို Login ဝင်တဲ့ အခါမှာ သာမာန်အတိုင်း Username , Password ထည့်ပေးရမှာပါ။ အဲဒီနောက်မှာ သင့်ဖုန်းထံ ဒုတိယ Password ကို ပေးပို့ပေးမှာ ဖြစ်ပြီး အဲဒီ Password ကို ထည့်ပေးမှသာ Login ဝင်နိုင်မှာပါ။
Apple
Apple က User အကောင့်များကို လုံခြုံရေး နှစ်ထပ်ဖြင့် ကာကွယ်နိုင်အောင် ပံ့ပိုးပေးထားပါတယ်။ iOS 9 ၊ Mac OS X El Capitan နဲ့ သူ့အထက်မှာ ဒီနည်းစနစ်ကို Setup လုပ်နိုင်ပါတယ်။
iOS
iOS Version အပေါ် မူတည်ပြီး ပြုလုပ်နည်း အနည်းငယ်ကွာခြားပါတယ်။ iOS 10.3 နဲ့ နောက်ပိုင်းမှာ Settings> [Your Name] > Password & Security ထဲမှာ သင့် Apple ID ကို 2FA နဲ့ ကာကွယ်နိုင်ပါတယ်။ iOS 10.2 နဲ့ အရှေ့ပိုင်း ဗားရှင်းများမှာ iCloud> Apple ID> Password & Security ထဲမှာ ပြုလုပ်ရမှာပါ။
Mac OS
စကရင်ရဲ့ ဘယ်ဘက် အပေါ်ထိပ်မှ Apple Icon ကို နှိပ်ပါ။ System Preferences > iCloud > Account Details ထဲသွားပါ။ Security ထဲမှာ 2FA ကို Enable လုုပ်ပါ။
Settings> Security ထဲသွားပါ။ 2FA ကို Enable လုပ်ပါ။ သင် Login ဝင်တိုင်း သင့်ဖုန်းထံ ကုဒ် ပေးပို့ဖို့အတွက် သင့်ဖုန်းကို မှတ်ပုံတင်ပေးရမှာပါ။ အဲဒီမှာ USB , NFC , Recovery Code များဖြင့် Login ဝင်နိုင်အောင် သတ်မှတ်နိုင်ပြီး အဲဒီ နည်းလမ်းများဟာ မိုဘိုင်းဆက်သွယ်မှု မရချိန်မှာ အသုံးဝင်ပါတယ်။
Gmail, YouTube, Google Maps အပါအဝင် Google အကောင့်ကို 2FA ခံချင်ရင် ဒီလင့်ကို နှိပ်ပါ။ သင့် အကောင့်ကို Login ဝင်ပါ။ အဲဒီနောက်မှာ ကုဒ်များ ပေးပို့ဖို့အတွက် သင့်ဖုန်းကို မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ မိုဘိုင်း ဆက်သွယ်မှု မရချိန်မှာ Login ဝင်နိုင်အောင် Backup codes များကို သတ်မှတ်ထားပါ။ Backup code ၁၀ ခုကို ဖန်တီးထားနိုင်ပြီး တစ်ခုကို တစ်ခါသာ သုံးနိုင်ပါတယ်။
Microsoft
သင့်ရဲ့ Microsoft အကောင့်ကို Login ဝင်ပါ။ Security Settings ထဲသွားပြီး 2FA ကို Enable လုပ်ပါ။ အပေါ်ကလိုပဲ သင့်ဖုန်းကို မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ မိုဘိုင်း ကွန်ရက် မရချိန်မှာ သုံုးဖို့ App passwords များကို ဖန်တီးထားပါ။ App password တစ်ခုကို တစ်ကြိမ်သာ သုံးနိုင်ပါတယ်။
Dropbox
သင့်ရဲ့ Dropbox အကောင့်ကို Login ဝင်ပါ။ Settings> Security ထဲသွားပြီး Two-Step Verification ကို Enable လုပ်ပါ။ သင့်ဖုန်းကို မှတ်ပုံတင်ပေးပါ။
Authenticator Apps
ခရီးသွားတဲ့ အခါ ၊ မိုဘိုင်း ဆက်သွယ်မှု မရတဲ့ အခါများမှာ သင့်ဖုန်းကနေ ဒုတိယ Password or Code ကို မရရှိနိုင်ပါဘူး။ အဲဒီ အခြေအနေမှာ အပေါ်မှာ ဖော်ပြထားတဲ့ Recovery code, Backup codes, App passwords များကို သုံးနိုင်သလို နောက်ထပ် ရွေးချယ်စရာ တစ်ခုက Authenticator Apps များ ဖြစ်ပါတယ်။ အဲဒီ App များက မိုဘိုင်းဆက်သွယ်မှု မလိုအပ်ဘဲ သင့် ဖုန်းမှာ ဒုတိယ Password များကို ဖန်တီးပေးနိုင်ပါတယ်။ Android အတွက် Google Authenticator , Authy နဲ့ iOS အတွက် HDE OTP ကို သုံးနိုင်ပါတယ်။ Facebook Mobile App များမှာတော့ Code Generator ပါရှိပြီးသား ဖြစ်ပါတယ်။
ref : theverge
You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Ko Thuya - Feb 23, 2019Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
Ko Thuya - Feb 23, 2019Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Ko Thuya - Feb 23, 2019Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…
Most from this category

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Ko Thuya - Feb 23, 2019
Leave a Comment
You must be logged in to post a comment.