237 Shares 77 Views

Goolge အေကာင့္နဲ႔ခ်ိတ္ထားတ့ဲ Third Party app ေတြကိုျပန္ဖယ္ခ်င္ရင္??

Jun 02, 2018
237 77

ဟိုတေလာကပဲ ေဖ့စ္ဘြတ္ခ္ကေန privacy ေတြေပါက္ၾကားမႈနဲ႔ပတ္သတ္ျပီး ျပႆနာေတြျဖစ္ျပီးတဲ့ေနာက္မွာ ရိွသမွ်အေကာင့္ေတြကိုလံုျခံဳေအာင္ထိန္းသိမ္းဖို႔က ကိုယ့္တာဝန္ျဖစ္လာပါျပီ။ အခုတစ္္ေခါက္ေဖာ္ျပေပးမွာကေတာ့ ကိုယ့္ရဲ႕ Google အေကာင့္နဲ႔ခ်ိတ္ထားတဲ့ app ေတြကို ဘယ္လိုၾကည့္မလဲဆိုတာနဲ႔ ဘယ္လိုဖယ္ထုတ္မလဲဆိုတာပါ။

ေဖ့စ္ဘြတ္ခ္လိုပဲ third-party app ေတြကို ဝင္တဲ့အခါ Google အေကာင့္နဲ႔ပဲ အလြယ္တကူဝင္ေလ့ရိွၾကပါတယ္။ ဒါဆို ကိုယ့္ရဲ႕ Google အေကာင့္နဲ႔ ဘယ္ app ေတြကို access ေပးထားမိသလဲဆိုတာၾကည့္လိုက္ရေအာင္

ပထမဆံုး Web browser ကေန Google အေကာင့္ကို Sign in ဝင္လိုက္ပါ။ ညာဘက္ေထာင့္မွာရိွတဲ့ profile ဓာတ္ပံုကိုႏိွပ္ျပီး  My Account ကိုႏွိပ္လိုက္ပါ။

My Account ေပ့ခ်္မွာ security, privacy, preferences နဲ႔ Security Checkup စတဲ့အပိုင္းေတြကို ေတြ႔ရပါလိမ့္မယ္။ အ့ဲကမွ ဘယ္ဘက္ေအာက္နားမွာရိွတဲ့ Sign-in & Security ကေန Apps wit account access ဆိုတာကို ေရြးလုိက္ပါ။

Apps with account access ေပ့ခ်္ကိုေရာက္သြားရင္ေတာ့Manage Apps ကိုႏိွပ္လိုက္ရင္ Google အေကာင့္နဲ႔ခ်ိတ္ထားတဲ့ app ေတြအကုန္ျပေပးပါလိမ့္မယ္။

ခ်ိတ္ထားတဲ့ app ေတြထဲကမွ ကုိယ္သိပ္မသံုးတတ္တဲ့ ဆက္မသံုးေတာ့တဲ့ app ေတြကိုရွာၾကည့္ပါ။ ျပထားတဲ့ထဲက app တစ္ခုကိုႏိွပ္လိုက္တာနဲ႔ ဘယ္အခ်ိန္ကတည္းက access လုပ္ခြင့္ေပးခဲ့တာလဲ ဘာေတြကိုaccess လုပ္ခြင့္ေပးထားတာလဲဆိုတဲ့ အေသးစိတ္ေတြကို ျပေပးမွာပါ။ ဖယ္ခ်င္ရင္ေတာ့ Remove Access လုပ္လိုက္ရင္ရပါျပီ။

ဒါဆိုရင္ေတာ့ အဲဒီ app အေနနဲ႔ Google အေကာင့္ကို access လုပ္ခြင့္ရေတာ့မွာမဟုတ္ပါဘူး။ ျပန္ျပီး သံုးခ်င္တယ္ဆိုရင္ေတာ့ access ျပန္ေပးရမွာျဖစ္ပါတယ္။ ဒီလိုနဲ႔ လက္ရိွမသံုးတဲ့ မသံုးျဖစ္ေတာ့တဲ့ third-party app ေတြအားလံုးကို ဖယ္လိုက္ရင္ အိုေခပါျပီ။ ေဖ့စ္ဘြတ္ခ္နဲ႔ခ်ိတ္ထားတဲ့ app ေတြကို ဖယ္နည္းကေတာ့ အရင္ကလည္း ေျပာခဲ့ဖူးတာမို႔ ဝဘ္ဆုိဒ္ထဲမွာ ဝင္ေရာက္ဖတ္ရႈႏုိင္ပါတယ္။

ဟိုတလောကပဲ ဖေ့စ်ဘွတ်ခ်ကနေ privacy တွေပေါက်ကြားမှုနဲ့ပတ်သတ်ပြီး ပြဿနာတွေဖြစ်ပြီးတဲ့နောက်မှာ ရှိသမျှအကောင့်တွေကိုလုံခြုံအောင်ထိန်းသိမ်းဖို့က ကိုယ့်တာဝန်ဖြစ်လာပါပြီ။ အခုတစ်ခေါက်ဖော်ပြပေးမှာကတော့ ကိုယ့်ရဲ့ Google အကောင့်နဲ့ချိတ်ထားတဲ့ app တွေကို ဘယ်လိုကြည့်မလဲဆိုတာနဲ့ ဘယ်လိုဖယ်ထုတ်မလဲဆိုတာပါ။

ဖေ့စ်ဘွတ်ခ်လိုပဲ third-party app တွေကို ဝင်တဲ့အခါ Google အကောင့်နဲ့ပဲ အလွယ်တကူဝင်လေ့ရှိကြပါတယ်။ ဒါဆို ကိုယ့်ရဲ့ Google အကောင့်နဲ့ ဘယ် app တွေကို access ပေးထားမိသလဲဆိုတာကြည့်လိုက်ရအောင်

ပထမဆုံး Web browser ကနေ Google အကောင့်ကို Sign in ဝင်လိုက်ပါ။ ညာဘက်ထောင့်မှာရှိတဲ့ profile ဓာတ်ပုံကိုနှိပ်ပြီး  My Account ကိုနှိပ်လိုက်ပါ။

My Account ပေ့ချ်မှာ security, privacy, preferences နဲ့ Security Checkup စတဲ့အပိုင်းတွေကို တွေ့ရပါလိမ့်မယ်။ အဲ့ကမှ ဘယ်ဘက်အောက်နားမှာရှိတဲ့ Sign-in & Security ကနေ Apps wit account access ဆိုတာကို ရွေးလိုက်ပါ။

Apps with account access ပေ့ချ်ကိုရောက်သွားရင်တော့Manage Apps ကိုနှိပ်လိုက်ရင် Google အကောင့်နဲ့ချိတ်ထားတဲ့ app တွေအကုန်ပြပေးပါလိမ့်မယ်။

ချိတ်ထားတဲ့ app တွေထဲကမှ ကိုယ်သိပ်မသုံးတတ်တဲ့ ဆက်မသုံးတော့တဲ့ app တွေကိုရှာကြည့်ပါ။ ပြထားတဲ့ထဲက app တစ်ခုကိုနှိပ်လိုက်တာနဲ့ ဘယ်အချိန်ကတည်းက access လုပ်ခွင့်ပေးခဲ့တာလဲ ဘာတွေကိုaccess လုပ်ခွင့်ပေးထားတာလဲဆိုတဲ့ အသေးစိတ်တွေကို ပြပေးမှာပါ။ ဖယ်ချင်ရင်တော့ Remove Access လုပ်လိုက်ရင်ရပါပြီ။

ဒါဆိုရင်တော့ အဲဒီ app အနေနဲ့ Google အကောင့်ကို access လုပ်ခွင့်ရတော့မှာမဟုတ်ပါဘူး။ ပြန်ပြီး သုံးချင်တယ်ဆိုရင်တော့ access ပြန်ပေးရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ လက်ရှိမသုံးတဲ့ မသုံးဖြစ်တော့တဲ့ third-party app တွေအားလုံးကို ဖယ်လိုက်ရင် အိုခေပါပြီ။ ဖေ့စ်ဘွတ်ခ်နဲ့ချိတ်ထားတဲ့ app တွေကို ဖယ်နည်းကတော့ အရင်ကလည်း ပြောခဲ့ဖူးတာမို့ ဝဘ်ဆိုဒ်ထဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category