2190 Shares 723 Views

Xiaomi က 32GB Mi 6X ကို ေရာင္းခ်

Jun 02, 2018
2190 723

Xiaomi က လြန္ခဲ့တဲ့တစ္လက Mi 6X ကို စတင္ မိတ္ဆက္ခဲ့ပါတယ္။ သူ႔မွာ 64GB Storage ထည့္သြင္းေပးထားတာပါ။ အခုေတာ့ တန္ဖိုးသက္သာတဲ့ 32GB Version ကိုပါ ေရာင္းခ်ေပးလိုက္ပါတယ္။ တရုတ္မွာ ယြမ္ ၁၅၀၀ ( ၂၂၀ ေဒၚလာ၀န္းက်င္) က်သင့္ပါတယ္။

သူ႔ရဲ႕ Specs မ်ားကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ သူ႔ရဲ႕ အေနာက္ကင္မရာ ႏွစ္လံုးက စြမ္းရည္ျမင့္ ဖုန္းမ်ားျဖစ္တဲ့ Oppo R15 နဲ႔ Apple iPhone X တို႔ထက္ ေကာင္းမြန္တယ္လို႔ ေရွာင္မီက ညႊန္းပါတယ္။ သူ႔ရဲ႕ အဓိက အစိတ္အပိုင္းက အေနာက္ကင္မရာ ႏွစ္လံုး ျဖစ္ပါတယ္။ ပင္မ ကင္မရာဟာ 12MP Sony IMX486 ျဖစ္ပါတယ္။ ဒုတိယ ကင္မရာဟာ 20MP Sony IMX376 ျဖစ္ၿပီး ေနာက္ခံမႈန္၀ါးတဲ့ ဓါတ္ပံုမ်ားနဲ႔ အလင္းေရာင္ ရရွိမႈ နည္းပါးတဲ့ ဓါတ္ပံုမ်ားအတြက္ ပိုမို ေကာင္းမြန္ေစပါတယ္။ အေရွ႕ဘက္မွာ 20MP Sony IMX376 ကို သုံးထားပါတယ္။

အေနာက္ကင္မရာ ႏွစ္လံုးမွာ မတူညီတဲ့ Portrait Mode ၁၂ မ်ိဳး အပါအ၀င္ ေနာက္ခံ ရႈခင္း ၂၀၀ ေက်ာ္ကို ပိုမိုလွပေစတဲ့ ဥာဏ္ရည္တု နည္းပညာပါပါတယ္။ AI က အေသးစိတ္က်တဲ့ ဓါတ္ပံုမ်ားကို ဖမ္းယူေပးဖို႔အတြက္ အခ်ိန္နဲ႔ အမွ် သင္ယူေလ့လာႏုိင္ပါတယ္။ ေနာက္ခံမႈန္၀ါးတဲ့ ဓါတ္ပံုမ်ားအတြက္လည္း သူက လူ႔မ်က္ႏွာရဲ႕ အစြန္းမ်ားကို တိက်စြာ အာရံုခံႏုိင္ပါတယ္။

Mi 6X မွာ Octa-Core Snapdragon 660 Chipset ထည့္သြင္းထားၿပီး 4GB RAM ပါပါတယ္။ မ်က္ႏွာျပင္ဟာ Redmi Note 5 Pro နဲ႔ တူညီၿပီး ၅.၉၉ လက္ မ Full HD+ LCD Display ပါ။ အေနာက္ဘက္မွာ လက္ေဗြရာ ဆန္ဆာပါသလို Face Unlock လည္း ထည့္ေပးထားပါတယ္။

Android 8.1 Oreo အေျချပဳ MIUI 9.5 ထည့္ေပးထားၿပီး Project Treble ကို ေထာက္ပံ့တဲ့အတြက္ Android OS အသစ္မ်ားကို လွ်င္ျမန္စြာ ရမွာပါ။ ဘက္ထရီမွာ 3010mAh ျဖစ္ၿပီး Quick Charge 3.0 ကို ေထာက္ပံ့ပါတယ္။ အနီ၊ ေရႊ၊ အျပာ၊ အနက္နဲ႔ပန္းေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။

Ref: gsmarena

unicode

Xiaomi က 32GB Mi 6X ကို ရောင်းချ

Xiaomi က လွန်ခဲ့တဲ့တစ်လက Mi 6X ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ သူ့မှာ 64GB Storage ထည့်သွင်းပေးထားတာပါ။ အခုတော့ တန်ဖိုးသက်သာတဲ့ 32GB Version ကိုပါ ရောင်းချပေးလိုက်ပါတယ်။ တရုတ်မှာ ယွမ် ၁၅၀၀ ( ၂၂၀ ဒေါ်လာဝန်းကျင်) ကျသင့်ပါတယ်။

သူ့ရဲ့ Specs များကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သူ့ရဲ့ အနောက်ကင်မရာ နှစ်လုံးက စွမ်းရည်မြင့် ဖုန်းများဖြစ်တဲ့ Oppo R15 နဲ့ Apple iPhone X တို့ထက် ကောင်းမွန်တယ်လို့ ရှောင်မီက ညွှန်းပါတယ်။ သူ့ရဲ့ အဓိက အစိတ်အပိုင်းက အနောက်ကင်မရာ နှစ်လုံး ဖြစ်ပါတယ်။ ပင်မ ကင်မရာဟာ 12MP Sony IMX486 ဖြစ်ပါတယ်။ ဒုတိယ ကင်မရာဟာ 20MP Sony IMX376 ဖြစ်ပြီး နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများနဲ့ အလင်းရောင် ရရှိမှု နည်းပါးတဲ့ ဓါတ်ပုံများအတွက် ပိုမို ကောင်းမွန်စေပါတယ်။ အရှေ့ဘက်မှာ 20MP Sony IMX376 ကို သုံးထားပါတယ်။

အနောက်ကင်မရာ နှစ်လုံးမှာ မတူညီတဲ့ Portrait Mode ၁၂ မျိုး အပါအဝင် နောက်ခံ ရှုခင်း ၂၀၀ ကျော်ကို ပိုမိုလှပစေတဲ့ ဉာဏ်ရည်တု နည်းပညာပါပါတယ်။ AI က အသေးစိတ်ကျတဲ့ ဓါတ်ပုံများကို ဖမ်းယူပေးဖို့အတွက် အချိန်နဲ့ အမျှ သင်ယူလေ့လာနိုင်ပါတယ်။ နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများအတွက်လည်း သူက လူ့မျက်နှာရဲ့ အစွန်းများကို တိကျစွာ အာရုံခံနိုင်ပါတယ်။

Mi 6X မှာ Octa-Core Snapdragon 660 Chipset ထည့်သွင်းထားပြီး 4GB RAM ပါပါတယ်။ မျက်နှာပြင်ဟာ Redmi Note 5 Pro နဲ့ တူညီပြီး ၅.၉၉ လက် မ Full HD+ LCD Display ပါ။ အနောက်ဘက်မှာ လက်ဗွေရာ ဆန်ဆာပါသလို Face Unlock လည်း ထည့်ပေးထားပါတယ်။

Android 8.1 Oreo အခြေပြု MIUI 9.5 ထည့်ပေးထားပြီး Project Treble ကို ထောက်ပံ့တဲ့အတွက် Android OS အသစ်များကို လျှင်မြန်စွာ ရမှာပါ။ ဘက်ထရီမှာ 3010mAh ဖြစ်ပြီး Quick Charge 3.0 ကို ထောက်ပံ့ပါတယ်။ အနီ၊ ရွှေ၊ အပြာ၊ အနက်နဲ့ပန်းရောင်များ ရွေးချယ်နိုင်ပါတယ်။

Ref: gsmarena

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
296 shares383 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category