2571 Shares 2456 Views

၆.၁ လက္မ iPhone ရဲ႕ ဓါတ္ပံုထြက္ေပၚလာ

Jun 02, 2018
2571 2456

Apple က စက္တင္ဘာလမွာ iPhone X အသစ္၊ အရြယ္ႀကီး iPhone X Plus နဲ႔ တန္ဖိုးသင့္ LCD Model ( Face ID ပါေသာ) တို႔ကို မိ္တ္ဆက္မယ္လို႔ သတင္းထြက္ေနပါတယ္။ အဲဒီလကုန္မွာ တစ္ၿပိဳင္နက္ ေရာင္းခ်ႏုိင္ပါတယ္။ ဒါေပမယ့္ အေစာပိုင္း ႀကိဳတင္မွာယူခြင့္ျပဳမႈကိုေတာ့ ကန္႔သတ္ထားႏိုင္ပါတယ္။

အခုေတာ့ ၆.၁ လက္မ အိုင္ဖုန္းရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ ၆.၁ လက္မ အိုင္ဖုန္းမွာ IPS LCD Display သာ တပ္ဆင္ ထားမွာ ျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့ ဓါတ္ပံုအရေတာ့ သူဟာ iPhone X နဲ႔ ဒီဇိုင္းအပိုင္းမွာ အနည္းငယ္ ကြာျခားပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးဟာ 19.5:9 ျဖစ္ႏုိင္ပါတယ္။ သူ ႔မွာ Notch လည္း ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္မ်ားက အလြန္ပါးလႊာပါတယ္။

ဖုန္းရဲ႕ အေရွ႕နဲ႔ အေနာက္ဘက္ကို ဖန္ျဖင့္ ဖံုးအုပ္ထားပါတယ္။ အေနာက္ဘက္္မွာ ကင္မရာတစ္လုံးသာ တပ္ဆင္ထားတာေတြ႕ရပါတယ္။ အဲဒီအတြက္ ယခု အိုင္ဖုန္းဟာ တန္ဖိုးနည္း ေမာ္ဒယ္ ျဖစ္ႏုိင္ပါတယ္။ ေတာင္ကိုရီးယား မီဒီယာ The Bell က နည္းပညာအခက္အခဲမ်ားေၾကာင့္ အဲဒီ အိုင္ဖုန္းကို ၂ လေလာက္ ေနာက္က်ၿပီးမွ မိတ္ဆက္မယ္လို႔လည္း ေျပာထားပါတယ္။

တန္ဖိုးႀကီး ေမာ္ဒယ္ျဖစ္တဲ့ iPhone X Plus ကိုေတာ့ စတင္ ထုတ္လုပ္ဖုိ႔ အဆင္သင့္ ျဖစ္ေနၿပီလုိ႔ သိရပါတယ္။ သူ႔မွာေတာ့ OLED Display တပ္ဆင္ထားပါတယ္။ အျခား အိုင္ဖုန္းမ်ားရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမ်ားကေတာ့ ၅.၈ လက္မနဲ႔ ၆.၅ လက္မမ်ား ျဖစ္ၾကပါတယ္။

Ref : gsmarena

unicode

၆.၁ လက်မ iPhone ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Apple က စက်တင်ဘာလမှာ iPhone X အသစ်၊ အရွယ်ကြီး iPhone X Plus နဲ့ တန်ဖိုးသင့် LCD Model ( Face ID ပါသော) တို့ကို မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီလကုန်မှာ တစ်ပြိုင်နက် ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် အစောပိုင်း ကြိုတင်မှာယူခွင့်ပြုမှုကိုတော့ ကန့်သတ်ထားနိုင်ပါတယ်။

အခုတော့ ၆.၁ လက်မ အိုင်ဖုန်းရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ၆.၁ လက်မ အိုင်ဖုန်းမှာ IPS LCD Display သာ တပ်ဆင် ထားမှာ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ဓါတ်ပုံအရတော့ သူဟာ iPhone X နဲ့ ဒီဇိုင်းအပိုင်းမှာ အနည်းငယ် ကွာခြားပါတယ်။ မျက်နှာပြင် အချိုးဟာ 19.5:9 ဖြစ်နိုင်ပါတယ်။ သူ့မှာ Notch လည်း ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ဘေးဘောင်များက အလွန်ပါးလွှာပါတယ်။

ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာတစ်လုံးသာ တပ်ဆင်ထားတာတွေ့ရပါတယ်။ အဲဒီအတွက် ယခု အိုင်ဖုန်းဟာ တန်ဖိုးနည်း မော်ဒယ် ဖြစ်နိုင်ပါတယ်။ တောင်ကိုရီးယား မီဒီယာ The Bell က နည်းပညာအခက်အခဲများကြောင့် အဲဒီ အိုင်ဖုန်းကို ၂ လလောက် နောက်ကျပြီးမှ မိတ်ဆက်မယ်လို့လည်း ပြောထားပါတယ်။

တန်ဖိုးကြီး မော်ဒယ်ဖြစ်တဲ့ iPhone X Plus ကိုတော့ စတင် ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ သူ့မှာတော့ OLED Display တပ်ဆင်ထားပါတယ်။ အခြား အိုင်ဖုန်းများရဲ့ မျက်နှာပြင် အရွယ်အစားများကတော့ ၅.၈ လက်မနဲ့ ၆.၅ လက်မများ ဖြစ်ကြပါတယ်။

Ref : gsmarena

You may be interested

S9 ထက္ ႀကိဳတင္မွာယူမႈ မ်ားေနတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
0 shares0 views

S9 ထက္ ႀကိဳတင္မွာယူမႈ မ်ားေနတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မၾကာခင္ကပဲ စြမ္းရည္ျမင့္ Galaxy Note 9 ကို မိတ္ဆက္ခဲ့ပါတယ္။ သူ႔ကို ေတာင္ကိုရီးယားမွာ ႀကိဳတင္မွာယူခြင့္ ျပဳလိုက္ပါၿပီ။ အခုေတာ့ ေတာင္ကိုရီးယားမွ Carrier တစ္ခုရဲ႕ သတင္းအခ်က္အလက္မ်ား အရ Note 9 ရဲ႕ ႀကိဳတင္မွာယူမႈမ်ားဟာ…

DSLR နဲ႕ ရိုက္ထားတဲ့ပုံကို Nova 3 ကင္မရာနမူနာပုံအျဖစ္ အစားထိုးေၾကာ္ျငာထားတာ လူမိသြားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
851 shares79 views

DSLR နဲ႕ ရိုက္ထားတဲ့ပုံကို Nova 3 ကင္မရာနမူနာပုံအျဖစ္ အစားထိုးေၾကာ္ျငာထားတာ လူမိသြားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ္ဖုန္းကင္မရာေတြ တျဖည္းျဖည္းနဲ႕ ပိုေကာင္းလာတယ္ဆိုေပမယ့္ တကယ့္ DSLR ကင္မရာၾကီးေတြကိုေတာ့ ဘယ္လိုမွ မယွဥ္ႏိုင္ေသးဘူးဆိုတာ အားလုံးသိၾကမွာပါ။ Huawei လည္း ဒါကို သိပုံေပၚပါတယ္။ ဘာလို႕လည္းဆိုေတာ့ မၾကာေသးခင္ကမွ မိတ္ဆက္ခဲ့တဲ့ Nova 3 ဖုန္း ေၾကာ္ျငာဗီဒီယိုမွာ Huawei ဟာ…

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?
FEATURES, Softwares & Application
34 shares9 views

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ႔ရဲ႕ လူမႈကြန္ရက္မ်ားမွ သတင္း၊ ေဆာင္းပါး ၊ ပို႔စ္၊ ဗီဒီယို ၊ ဓါတ္ပံုမ်ားကို Facebook ထဲမွာ သိမ္းထားႏုိင္တဲ့ စြမ္းေဆာင္ခ်က္ကို ထည့္ေပးထားတာ ၾကာပါၿပီ။ ဒါေပမယ့္ ၀က္ဆိုက္မ်ားကို ၾကည့္ေနရင္းကေန သတင္း၊ ေဆာင္းပါးမ်ားကို Facebook…

Leave a Comment

Most from this category