1059 Shares 416 Views

သင့္အတြက္ စမတ္ဖုန္း (သို႔မဟုတ္) Huawei Y9 (2018)

Jun 01, 2018
1059 416

[Zawgyi]

Huawei Y9 (2018) နဲ႔ ပတ္သတ္ၿပီး ပထမဦးဆုံးေျပာခ်င္တာက Processor ပါ။ Y9 မွာ အသုံးျပဳထားတဲ့ HiSilicon Kirin 659 က လတ္တေလာ ေရပန္းစားေနတဲ့ Huawei Nova 3e နဲ႔ Nova 2i တို႔မွာ အသုံးျပဳထားတဲ့ Processor ျဖစ္ပါတယ္။ ဒါတင္ဘဲလား ဆိုေတာ့ မဟုတ္ေသးပါဘူး။ Display နဲ႔ Camera အပိုင္းမွာလည္း Nova 3e နဲ႔ Nova 2i တို႔ကို ယွဥ္ဖိုက္လို႔ ရပါေသးတယ္။

ဒီေတာ့ ၃၃၉,၀၀၀ က်ပ္တန္ Nova 3e နဲ႔ ၃၀၉,၀၀၀ က်ပ္တန္ Nova 2i တို႔အစား ၂၅၉,၀၀၀ က်ပ္တန္ Y9 (2018) ကို ဝယ္သင့္၊ မဝယ္သင့္ ဆိုတာ စဥ္းစားစရာ အခ်က္ ျဖစ္လာပါၿပီ။ ဝယ္သင့္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ 4000mAh ဘက္ထရီကို ထည့္သြင္းေပးထားလို႔ပါ။ ဒီအခ်က္ကေတာ့ Nova 3e နဲ႔ Nova 2i တို႔ထက္ အားသာတဲ့အခ်က္ ျဖစ္ပါတယ္။ Y9 (2018), Nova 3e နဲ႔ Nova 2i တို႔ရဲ႕ Display Size ေတြက မဆိုစေလာက္ေလးဘဲ ကြာတယ္ဆိုေပမယ့္ Nova 2i မွာ 3340mAh နဲ႔ Nova 3e မွာေတာ့ 3000mAh ဘဲ ထည့္သြင္းထားပါတယ္။

Display အပိုင္းကို ေျပာရမယ္ဆိုရင္ Y9 (2018) က Resolution 1080 x 2160 pixels ရွိတဲ့ ၅.၉၃ လက္မ LCD Display ကို အသုံးျပဳထားပါတယ္။ အလားတူ Nova 2i ကလည္း Resolution 1080 x 2160 pixels ရွိတဲ့ ၅.၉ လက္မ LCD Display ကိုအသုံးျပဳထားၿပီး Nova 3e ကေတာ့ Resolution 1080 x 2280 pixels ရွိတဲ့ ၅.၈၄ လက္မ LCD Display ကို အသုံးျပဳထားပါတယ္။

Huawei Y9 က RAM 3GB/ ROM 32GB ပါဝင္ၿပီး Nova စီးရီးေတြကေတာ့ RAM 4GB/ ROM 64GB ပါဝင္မွာပါ။ ကိုယ့္အတြက္ ၅ေသာင္းကေန ၈ေသာင္းအထိ သက္သာမွာဆိုေတာ့ ဒီအခ်က္ကို ေခါက္ထားလို႔ ရပါတယ္။

ကင္မရာ။ Y9 (2018) ရဲ႕ ကင္မရာ အပိုင္းအတြက္ Rear Camera 13MP+2MP နဲ႔ Front Camera 16MP+2MP ေတြကို တပ္ဆင္ထားပါတယ္။ Nova 3e ရဲ႕ ကင္မရာ အပိုင္းမွာ Rear Camera 16MP+2MP နဲ႔ Front Camera 16MP တစ္လုံးတည္းကို တပ္ဆင္ထားၿပီး Nova 2i မွာေတာ့ Rear Camera 16MP+2MP နဲ႔ Front Camera 13MP+2MP ေတြကို တပ္ဆင္ထားပါတယ္။ ေမာ္ဒယ္ ၃မ်ိဴးစလုံးရဲ႕ ကင္မရာအပိုင္းကေတာ့ သူမသာ ကိုယ္အသုဘ ပါဘဲ။

Huawei Y9 ဟာ Android 8.0, EMUI 8.0 နဲ႔ ပြဲထြက္ခဲ့တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor ထည့္သြင္းထားသလို Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Triple-card Slot ပါဝင္တဲ့အတြက္ SIM ၂ကဒ္နဲ႔အတူ MicroSD ကို တၿပိဳင္တည္း အသုံးျပဳႏိုင္မွာပါ။

ဒီေလာက္ဆိုရင္ေတာ့ Nova 3e, Nova 2i တို႔ကို ဝယ္မယ့္ အစား Y9 ကို ဝယ္သင့္၊ မဝယ္သင့္ဆိုတာ စဥ္းစားလို႔ ရၿပီ ထင္ပါတယ္။ Specification ေတြမွာ သိပ္ကြားျခားမႈ မရွိဘဲ တန္ဖိုးေငြအေနနဲ႔ ၅ေသာင္းကေန ၈ေသာင္းအထိ သက္သာမွာ ျဖစ္တဲ့အတြက္ Huawei Y9 (2018) ဟာ သင့္အတြက္ ျဖစ္လာႏိုင္ပါတယ္။

[Unicode]

သင့်အတွက် စမတ်ဖုန်း (သို့မဟုတ်) Huawei Y9 (2018)

Huawei Y9 (2018) နဲ့ ပတ်သတ်ပြီး ပထမဦးဆုံးပြောချင်တာက Processor ပါ။ Y9 မှာ အသုံးပြုထားတဲ့ HiSilicon Kirin 659 က လတ်တလော ရေပန်းစားနေတဲ့ Huawei Nova 3e နဲ့ Nova 2i တို့မှာ အသုံးပြုထားတဲ့ Processor ဖြစ်ပါတယ်။ ဒါတင်ဘဲလား ဆိုတော့ မဟုတ်သေးပါဘူး။ Display နဲ့ Camera အပိုင်းမှာလည်း Nova 3e နဲ့ Nova 2i တို့ကို ယှဥ်ဖိုက်လို့ ရပါသေးတယ်။

ဒီတော့ ၃၃၉,၀၀၀ ကျပ်တန် Nova 3e နဲ့ ၃၀၉,၀၀၀ ကျပ်တန် Nova 2i တို့အစား ၂၅၉,၀၀၀ ကျပ်တန် Y9 (2018) ကို ဝယ်သင့်၊ မဝယ်သင့် ဆိုတာ စဥ်းစားစရာ အချက် ဖြစ်လာပါပြီ။ ဝယ်သင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ 4000mAh ဘက်ထရီကို ထည့်သွင်းပေးထားလို့ပါ။ ဒီအချက်ကတော့ Nova 3e နဲ့ Nova 2i တို့ထက် အားသာတဲ့အချက် ဖြစ်ပါတယ်။ Y9 (2018), Nova 3e နဲ့ Nova 2i တို့ရဲ့ Display Size တွေက မဆိုစလောက်လေးဘဲ ကွာတယ်ဆိုပေမယ့် Nova 2i မှာ 3340mAh နဲ့ Nova 3e မှာတော့ 3000mAh ဘဲ ထည့်သွင်းထားပါတယ်။

 

Display အပိုင်းကို ပြောရမယ်ဆိုရင် Y9 (2018) က Resolution 1080 x 2160 pixels ရှိတဲ့ ၅.၉၃ လက်မ LCD Display ကို အသုံးပြုထားပါတယ်။ အလားတူ Nova 2i ကလည်း Resolution 1080 x 2160 pixels ရှိတဲ့ ၅.၉ လက်မ LCD Display ကိုအသုံးပြုထားပြီး Nova 3e ကတော့ Resolution 1080 x 2280 pixels ရှိတဲ့ ၅.၈၄ လက်မ LCD Display ကို အသုံးပြုထားပါတယ်။

Huawei Y9 က RAM 3GB/ ROM 32GB ပါဝင်ပြီး Nova စီးရီးတွေကတော့ RAM 4GB/ ROM 64GB ပါဝင်မှာပါ။ ကိုယ့်အတွက် ၅သောင်းကနေ ၈သောင်းအထိ သက်သာမှာဆိုတော့ ဒီအချက်ကို ခေါက်ထားလို့ ရပါတယ်။

ကင်မရာ။ Y9 (2018) ရဲ့ ကင်မရာ အပိုင်းအတွက် Rear Camera 13MP+2MP နဲ့ Front Camera 16MP+2MP တွေကို တပ်ဆင်ထားပါတယ်။ Nova 3e ရဲ့ ကင်မရာ အပိုင်းမှာ Rear Camera 16MP+2MP နဲ့ Front Camera 16MP တစ်လုံးတည်းကို တပ်ဆင်ထားပြီး Nova 2i မှာတော့ Rear Camera 16MP+2MP နဲ့ Front Camera 13MP+2MP တွေကို တပ်ဆင်ထားပါတယ်။ မော်ဒယ် ၃မျိူးစလုံးရဲ့ ကင်မရာအပိုင်းကတော့ သူမသာ ကိုယ်အသုဘ ပါဘဲ။

Huawei Y9 ဟာ Android 8.0, EMUI 8.0 နဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ထည့်သွင်းထားသလို Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Triple-card Slot ပါဝင်တဲ့အတွက် SIM ၂ကဒ်နဲ့အတူ MicroSD ကို တပြိုင်တည်း အသုံးပြုနိုင်မှာပါ။

ဒီလောက်ဆိုရင်တော့ Nova 3e, Nova 2i တို့ကို ဝယ်မယ့် အစား Y9 ကို ဝယ်သင့်၊ မဝယ်သင့်ဆိုတာ စဥ်းစားလို့ ရပြီ ထင်ပါတယ်။ Specification တွေမှာ သိပ်ကွားခြားမှု မရှိဘဲ တန်ဖိုးငွေအနေနဲ့ ၅သောင်းကနေ ၈သောင်းအထိ သက်သာမှာ ဖြစ်တဲ့အတွက် Huawei Y9 (2018) ဟာ သင့်အတွက် ဖြစ်လာနိုင်ပါတယ်။

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
296 shares363 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category