တိရိစ္ဆာန်အော်သံတွေကို Google search မှာတင် နားထောင်နိုင်မယ့် feature သစ် တစ်ရပ်ကို Google ထည့်သွင်း
သင်ယူလေ့လာလိုစိတ်ပြင်းပြတဲ့ ကလေးငယ်တွေနဲ့ ကလေးမိဘတွေအတွက် တကယ့်ကိုအသုံးဝင်မယ့် feature သစ်တစ်ရပ်ကို Google က ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
ယနေ့မှစကာ Google Search မှာ ‘animal noises (သို့) animal sounds’ လို့ ရှာလိုက်တာနဲ့ တိရိစ္ဆာန် ရုပ်ပုံတွေ၊ တိရိစ္ဆာန်နာမည်တွေ ကျလာမှာဖြစ်ပြီး၊ ကိုယ် သိချင်တဲ့တိရိစ္ဆာန်ရဲ့ အော်သံကို စပီကာပုံစံလေးနှိပ်လိုက်တာနဲ့ နားထောင်နိုင်မှာဖြစ်ပါတယ်။
အရင်တုန်းကတော့ တိရိစ္ဆာန်အော်သံတွေကို နားထောင်ချင်ရင် Youtube (သို့) တခြားဝက်ဘ်ဆိုဒ်တွေကို တဆင့်သွားနေရပေမယ့်၊ ယခုအခါ Google search မှာတင် အဆင်သင့်နားထောင်နိုင်ပြီဖြစ်ပါတယ်။
Google search မှာ ‘Animal noises’ လို့ ရိုက်ရှာနိုင်သလို၊ ‘What does the dog say’ ‘What does the lion say’ စသဖြင့် ကိုယ်သိချင်တဲ့တိရိစ္ဆာန်အလိုက်လည်း ရှာဖွေနိုင်မှာဖြစ်ပါတယ်။
မိုဘိုင်းကနေဖြစ်ဖြစ်၊ web ကနေ ဖြစ်ဖြစ် ရိုက်ရှာနိုင်ပြီး၊ လက်ရှိအချိန်မှာ မြင်းကျား၊ ခြင်္သေ့၊ ကျား၊ ငန်း၊ ဘဲ၊ ဆင်၊ ဝေလငါး အပါအ၀င် တိရိစ္ဆာန် ၁၉ ကောင်ရဲ့ အသံတွေကို နားထောင်လေ့လာနိုင်ပါတယ်။
Ref: Firstpost
You may be interested

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED
Ko Thuya - Apr 19, 2018အချိန်၊ နေ့ရက်များ၊ ဘက်ထရီ အခြေအနေများကို သိနိုင်ဖို့အတွက် စမတ်ဖုန်းကို Unlock လုပ်ပြီး ကြည့်ကြရပါတယ်။ ဒါပေမယ့် Samsung Galaxy S7 , LG G5 တို့မှာတော့ Unlock လုပ်စရာမလိုဘဲ အဲဒီ သတင်းအချက်အလက်များကို စကရင်မှာ အမြဲတမ်းပြသပေးထားပါတယ်။…

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft
Nwe Oo Thant - Apr 19, 2018[Zawgyi] ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အခါ ဒေသခံတွေရဲ့ပြောစကားတွေကိုနားမလည်တဲ့အခါ ဘာသာပြန်တဲ့ Translation App တွေကမဖြစ်မနေလိုအပ်လာပါပြီ။ ဒါပေမယ့် အင်တာနက်လုံးဝမရတဲ့နိုင်ငံတွေကိုသွားခဲ့ရင်တော့ ဒီ ဘာသာပြန် app တွေကလည်း အသုံးဝင်မှာမဟုတ်တော့ပါဘူး။ Google Translate အပါအဝင် ဘာသာပြန် app အများစုက cloud ကွန်ပျူတာတွေနဲ့ချိတ်ထားပါတယ်။…

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်
Nwe Oo Thant - Apr 19, 2018[Zawgyi] Apple ကတော့ သူ့ရဲ့ ၂၀၁၈ iPhone တွေနဲ့ပတ်သတ်ပြီးဘာမှ တိတိပပမပြောပြသေးပေမယ့် သတင်းတွေတော်တော်များများကတော့ ကြားခဲ့ပြီးပါပြီ။ လာမယ့် ထိပ်တန်း iPhone မော်ဒယ်လ်တွေက iPhone X လိုပဲဈေးကြီးမယ်ဆိုတာတော့ ဖြစ်နိုင်ပေမယ့် ဈေးသင့်တဲ့ iPhone သစ်တစ်လုံးဝယ်ချင်ကြတဲ့ user…
Most from this category

ဖုန်းအသစ်လဲသင့်ပြီဆိုတာပြနေတဲ့ အချက်၅ချက်
Nwe Oo Thant - Apr 19, 2018
Leave a Comment
You must be logged in to post a comment.