409 Shares 111 Views

ဇြန္လ ၁၂ ရက္ေန႔မွာေတြ႔ျမင္ရေတာ့မယ့္ Vivo NEX စမတ္ဖုန္း

Jun 02, 2018
409 111

[Zawgyi]

ေဖေဖာ္ဝါရီကတုန္းက က်င္းပခဲ့တ့ဲ MWC ပြဲမွာ Vivo ကေန APEX လို႔ေခၚတဲ့ Concept ဖုန္းတစ္လံုးကို မိတ္ဆက္လုိက္ပါတယ္။ ျပီးခဲ့တဲ့တစ္ပတ္ကပဲ Vivo ကိုယ္တုိင္ ဇြန္လ ၁၂ရက္ေန႔မွာမိတ္ဆက္သြားမယ္လို႔ ဆိုခဲ့ျပီး ဒီေန႔ေနာက္ဆံုးထြက္ခဲ့တဲ့သတင္းကေတာ့ Vivo APEX လုိ႔ေခၚထားတဲ့စမတ္ဖုန္းေတြကို Vivo NEX ဆိုတဲ့နာမည္နဲ႔ အမ်ားအျပားထုတ္လုပ္ေရာင္းခ်ေတာ့မယ္ဆိုတဲ့သတင္းပါပဲ။

တရုတ္ဆုိရွယ္မီဒီယာ Weibo မွာတင္ခဲ့တဲ့ ပို႔စ္ေတြမွာေတာ့ Vivo က အေကာင္းဆံုးဆိုတဲ့အရာေတြနဲ႔ သံုးစြဲသူေတြကိုစြဲေဆာင္ႏုိင္မွာျဖစ္ေၾကာင္း ၊ အနာဂတ္နည္းပညာရဲ႕ေရွ႕ေျပးေတြကိုဖန္တီးေနေၾကာင္း ဆိုခဲ့ပါတယ္။ ဒီ NEX ဖုန္းမွာလည္း အရင္ေျပာခဲ့ဖူးတဲ့အတိုင္း ေဘးေဘာင္ေတြမပါသေလာက္နီးနီးျဖစ္လို႔ screen-to-body ratio ၁၀၀% နီးနီးမွာရိွႏုိင္ေလာက္ပါတယ္။ ေနာက္ျပီး အားလံုးေမွ်ာ္လင့္ေနၾကတဲ့အတုိင္း ကင္မရာ app ကိုဖြင့္လုိက္တဲ့အခ်ိန္မွ ဆယ္လ္ဖီကင္မရာေလးထြက္လာမယ့္နည္းပညာမ်ိဳးကိုလည္း ကြ်န္ေတာ္ကေတာ့ ျမန္ျမန္ျမင္ခ်င္ေနပါျပီ။

Vivo NEX မွာ OLED display ကိုမွ Full HD+  resolution နဲ႔ထြက္လာမွာျဖစ္ျပီး earpiece အတြက္ကလည္း screen panel ကေန တုန္ခါမႈကိုထုတ္ျပီးအသံထြက္ေစမယ့္ piezoelectric စပီကာသံုးထားမယ္လို႔ မွန္းရပါတယ္။

ေကာလဟလသတင္းေတြအတိုင္းဆိုရင္ေတာ့ Vivo NEX မွာ Snapdragon 845 ကိုသံုးထားမွာျဖစ္ျပီး တရုတ္ယြမ္ ၆၉၉၈ (ေဒၚလာ ၁၀၀၀ )ေလာက္ရိွမယ္လို႔မွန္းရပါတယ္။ ဒါေပမယ့္ အခု Snapdragon 710 လည္းထြက္ေနျပီဆိုေတာ့ SD 710 ကိုသံုးထားတဲ့ ေစ်းသက္သာတဲ့ဗားရွင္းကို တရုတ္ယြမ္ ၄၉၉၈ (ေဒၚလာ ၇၈၀) နဲ႔ေရာင္းခ်ေပးႏုိင္ေခ်ရိွပါတယ္။

Ref: GsmArena

[Unicode]

ဖေဖော်ဝါရီကတုန်းက ကျင်းပခဲ့တဲ့ MWC ပွဲမှာ Vivo ကနေ APEX လို့ခေါ်တဲ့ Concept ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကပဲ Vivo ကိုယ်တိုင် ဇွန်လ ၁၂ရက်နေ့မှာမိတ်ဆက်သွားမယ်လို့ ဆိုခဲ့ပြီး ဒီနေ့နောက်ဆုံးထွက်ခဲ့တဲ့သတင်းကတော့ Vivo APEX လို့ခေါ်ထားတဲ့စမတ်ဖုန်းတွေကို Vivo NEX ဆိုတဲ့နာမည်နဲ့ အများအပြားထုတ်လုပ်ရောင်းချတော့မယ်ဆိုတဲ့သတင်းပါပဲ။

တရုတ်ဆိုရှယ်မီဒီယာ Weibo မှာတင်ခဲ့တဲ့ ပို့စ်တွေမှာတော့ Vivo က အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ သုံးစွဲသူတွေကိုစွဲဆောင်နိုင်မှာဖြစ်ကြောင်း ၊ အနာဂတ်နည်းပညာရဲ့ရှေ့ပြေးတွေကိုဖန်တီးနေကြောင်း ဆိုခဲ့ပါတယ်။ ဒီ NEX ဖုန်းမှာလည်း အရင်ပြောခဲ့ဖူးတဲ့အတိုင်း ဘေးဘောင်တွေမပါသလောက်နီးနီးဖြစ်လို့ screen-to-body ratio ၁၀၀% နီးနီးမှာရှိနိုင်လောက်ပါတယ်။ နောက်ပြီး အားလုံးမျှော်လင့်နေကြတဲ့အတိုင်း ကင်မရာ app ကိုဖွင့်လိုက်တဲ့အချိန်မှ ဆယ်လ်ဖီကင်မရာလေးထွက်လာမယ့်နည်းပညာမျိုးကိုလည်း ကျွန်တော်ကတော့ မြန်မြန်မြင်ချင်နေပါပြီ။

Vivo NEX မှာ OLED display ကိုမှ Full HD+  resolution နဲ့ထွက်လာမှာဖြစ်ပြီး earpiece အတွက်ကလည်း screen panel ကနေ တုန်ခါမှုကိုထုတ်ပြီးအသံထွက်စေမယ့် piezoelectric စပီကာသုံးထားမယ်လို့ မှန်းရပါတယ်။

ကောလဟလသတင်းတွေအတိုင်းဆိုရင်တော့ Vivo NEX မှာ Snapdragon 845 ကိုသုံးထားမှာဖြစ်ပြီး တရုတ်ယွမ် ၆၉၉၈ (ဒေါ်လာ ၁၀၀၀ )လောက်ရှိမယ်လို့မှန်းရပါတယ်။ ဒါပေမယ့် အခု Snapdragon 710 လည်းထွက်နေပြီဆိုတော့ SD 710 ကိုသုံးထားတဲ့ ဈေးသက်သာတဲ့ဗားရှင်းကို တရုတ်ယွမ် ၄၉၉၈ (ဒေါ်လာ ၇၈၀) နဲ့ရောင်းချပေးနိုင်ချေရှိပါတယ်။

Ref: GsmArena

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category