88 Shares 43 Views

Google Search မွာ ဂိမ္းေတြ ကစားမယ္

Jun 01, 2018
88 43

Google Search မွာ ရွာေဖြမႈမ်ား အျပင္ အျခား အရာမ်ားကိုလည္း ျပဳလုပ္ႏုိင္ပါတယ္။ အဲဒီအထဲမွာ ဂိမ္းမ်ား ကစားျခင္းလည္း ပါ၀င္ပါတယ္။ Microsoft Windows မွာ ေအာင္ျမင္ခဲ့တဲ့ Solitaire နဲ႔ Pac Man Game မ်ားကိုေတာင္ ကစားႏုိင္ပါတယ္။

Solitaire

Google Search Box မွွွာ Solitaire လို႔ ရိုက္ထည့္လိုက္တာနဲ႔ ဖဲဂိမ္းကို ကစားႏုိင္မွာ ျဖစ္ပါတယ္။ သင့္ ကြန္ျပဴတာမွာ ကစားခဲ့တဲ့ Windows Solitaire Game ရဲ႕ Full Version ကို Google မွာ ကစားႏုိင္မွာပါ။ စမတ္ဖုန္းမွာလည္း Google Search ကေန အဲဒီ ဂိမ္းကို ကစားႏုိင္ပါတယ္။ အင္စေတာ လုပ္စရာလည္း မလိုပါဘူး။ လူတစ္ဦးထဲသာ ကစားရတဲ့ ဂိမ္း ျဖစ္ပါတယ္။

Tic-Tac-Toe

Google Search Box မွာ Tic-Tac-Toe လို႔ ရိုက္ၿပီး အန္းတားကို ႏွိပ္ရင္ သူငယ္ခ်င္း ႏွစ္ေယာက္ ကစားႏုိင္တဲ့ Tic-Tac-Toe Game ကို ျပသေပးမွာ ျဖစ္ပါတယ္။ ၾကက္ေျခခတ္သံုးခု သို႔မဟုတ္ စက္၀ိုင္း သံုးခု တစ္တန္းထဲျဖစ္ေအာင္ ကစားရမွာ ျဖစ္ပါတယ္။

Pac-Man

Pac-Man လို႔ Google မွာ ရိုက္ထည့္ၿပီး အန္းတားကို ႏွိပ္ရင္ ငယ္ငယ္တုန္းက စြဲလမ္းစြာ ကစားခဲ့ရတဲ့ Pac-Man ကို ကစားႏုိင္မွာ ျဖစ္ပါတယ္။ Google က Pac-Man ရဲ႕ ဒီဇိုင္းအခ်ိဳ႕ကို မြမ္းမံထားပါတယ္။ အ၀ါေရာင္ Pac-Man ဟာ သရဲမ်ားကို ေရွာင္ရွား၍ Dots မ်ားအားလံုးကို စားရမယ့္ ဂိမ္း ျဖစ္ပါတယ္။

Snake

ေျမြဂိမ္းကိုေတာ့ Google Doodle Snake Page ကေန ကစားရမွာ ျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္မွ တရုတ္ႏွစ္သစ္ကူးဟာ ေျမြႏွစ္ျဖစ္ခဲ့ၿပီး အဲဒါကို ႀကိဳဆိုတဲ့ အေနျဖင့္ Google က ေျမြဂိမ္းကို ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။ Arrow Keys မ်ားကို အသံုးျပဳ၍ ေျမြကို ေရြ႕လ်ား ကစားရမွာ ျဖစ္ၿပီး လမ္းေပၚမွ အရာမ်ားကို စားရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဂရုတစိုက္ စားရမွာ ျဖစ္ၿပီး အခ်ိဳ႕အစာမ်ားက ေျမြကို ပိုမို ရွည္လ်ားေစၿပီး အခ်ိဳ႕က ေနွးေကြးေစပါတယ္။ ဒိုင္းနမိုက္လို အရာမ်ားကို ေရွာင္ၾကဥ္ပါ။

Atari Breakout

Atari Breakout လို႔ Google Search မွာ ရိုက္ထည့္လိုက္ရင္ အုတ္ခဲမ်ားကို ေဘာလံုးျဖင့္ ဖ်က္ဆီးရတဲ့ ဂိမ္းကို ကစားႏုိင္မွာျဖစ္ပါတယ္။ ေဘာလံုးကို စကရင္ေအာက္သို႔ မျပဳတ္က်ေအာင္ တုတ္ေခ်ာင္းျဖင့္ ေအာက္ကေန လိုက္ခံေပးရမွာ ျဖစ္ပါတယ္။

Spooky Cat

ဒီဂိမ္းကို ကစားဖို႔ Spooky Cat Doodle Page ကို သြားပါ။ သူ႔ကို စမတ္ဖုန္းကေန ကစားရင္ ပိုမို ေကာင္းမြန္ပါတယ္။ မိုမို အမည္ရ ေၾကာင္ ဇာတ္ေကာင္ အျဖစ္ ကစားရမွာ ျဖစ္ၿပီး သူ႔ ေက်ာင္းမွ လွ်ိဳ႕၀ွက္ခ်က္မ်ားကို သရဲမ်ား မခိုးယူနုိင္ေအာင္ ကာကြယ္ေပးရမွာ ျဖစ္ပါတယ္။ သရဲမ်ားရဲ႕ ဦးေခါင္းအေပၚမွ ပံုသ႑ာန္ကို စကရင္မွာ ေရးဆြဲေပးျခင္းျဖင့္ သူတို႔ကို သတ္ရမွာ ျဖစ္ပါတယ္။ Level ငါးခုသာ ရွိတဲ့အတြက္ ခဏေလးနဲ႔ ေအာင္ျမင္ႏုိင္ပါတယ္။ မိုမို အတြက္ အသက္ ငါးခု ရရွိပါတယ္။

ref : makeuseof

unicode

Google Search မှာ ဂိမ်းတွေ ကစားမယ်

Google Search မှာ ရှာဖွေမှုများ အပြင် အခြား အရာများကိုလည်း ပြုလုပ်နိုင်ပါတယ်။ အဲဒီအထဲမှာ ဂိမ်းများ ကစားခြင်းလည်း ပါဝင်ပါတယ်။ Microsoft Windows မှာ အောင်မြင်ခဲ့တဲ့ Solitaire နဲ့ Pac Man Game များကိုတောင် ကစားနိုင်ပါတယ်။

Solitaire

Google Search Box မှှှာ Solitaire လို့ ရိုက်ထည့်လိုက်တာနဲ့ ဖဲဂိမ်းကို ကစားနိုင်မှာ ဖြစ်ပါတယ်။ သင့် ကွန်ပြူတာမှာ ကစားခဲ့တဲ့ Windows Solitaire Game ရဲ့ Full Version ကို Google မှာ ကစားနိုင်မှာပါ။ စမတ်ဖုန်းမှာလည်း Google Search ကနေ အဲဒီ ဂိမ်းကို ကစားနိုင်ပါတယ်။ အင်စတော လုပ်စရာလည်း မလိုပါဘူး။ လူတစ်ဦးထဲသာ ကစားရတဲ့ ဂိမ်း ဖြစ်ပါတယ်။

Tic-Tac-Toe

Google Search Box မှာ Tic-Tac-Toe လို့ ရိုက်ပြီး အန်းတားကို နှိပ်ရင် သူငယ်ချင်း နှစ်ယောက် ကစားနိုင်တဲ့ Tic-Tac-Toe Game ကို ပြသပေးမှာ ဖြစ်ပါတယ်။ ကြက်ခြေခတ်သုံးခု သို့မဟုတ် စက်ဝိုင်း သုံးခု တစ်တန်းထဲဖြစ်အောင် ကစားရမှာ ဖြစ်ပါတယ်။

Pac-Man

Pac-Man လို့ Google မှာ ရိုက်ထည့်ပြီး အန်းတားကို နှိပ်ရင် ငယ်ငယ်တုန်းက စွဲလမ်းစွာ ကစားခဲ့ရတဲ့ Pac-Man ကို ကစားနိုင်မှာ ဖြစ်ပါတယ်။ Google က Pac-Man ရဲ့ ဒီဇိုင်းအချို့ကို မွမ်းမံထားပါတယ်။ အဝါရောင် Pac-Man ဟာ သရဲများကို ရှောင်ရှား၍ Dots များအားလုံးကို စားရမယ့် ဂိမ်း ဖြစ်ပါတယ်။

Snake

မြွေဂိမ်းကိုတော့ Google Doodle Snake Page ကနေ ကစားရမှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှ တရုတ်နှစ်သစ်ကူးဟာ မြွေနှစ်ဖြစ်ခဲ့ပြီး အဲဒါကို ကြိုဆိုတဲ့ အနေဖြင့် Google က မြွေဂိမ်းကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ Arrow Keys များကို အသုံးပြု၍ မြွေကို ရွေ့လျား ကစားရမှာ ဖြစ်ပြီး လမ်းပေါ်မှ အရာများကို စားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂရုတစိုက် စားရမှာ ဖြစ်ပြီး အချို့အစာများက မြွေကို ပိုမို ရှည်လျားစေပြီး အချို့က နှေးကွေးစေပါတယ်။ ဒိုင်းနမိုက်လို အရာများကို ရှောင်ကြဉ်ပါ။

Atari Breakout

Atari Breakout လို့ Google Search မှာ ရိုက်ထည့်လိုက်ရင် အုတ်ခဲများကို ဘောလုံးဖြင့် ဖျက်ဆီးရတဲ့ ဂိမ်းကို ကစားနိုင်မှာဖြစ်ပါတယ်။ ဘောလုံးကို စကရင်အောက်သို့ မပြုတ်ကျအောင် တုတ်ချောင်းဖြင့် အောက်ကနေ လိုက်ခံပေးရမှာ ဖြစ်ပါတယ်။

Spooky Cat

ဒီဂိမ်းကို ကစားဖို့ Spooky Cat Doodle Page ကို သွားပါ။ သူ့ကို စမတ်ဖုန်းကနေ ကစားရင် ပိုမို ကောင်းမွန်ပါတယ်။ မိုမို အမည်ရ ကြောင် ဇာတ်ကောင် အဖြစ် ကစားရမှာ ဖြစ်ပြီး သူ့ ကျောင်းမှ လျှို့ဝှက်ချက်များကို သရဲများ မခိုးယူနိုင်အောင် ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။ သရဲများရဲ့ ဦးခေါင်းအပေါ်မှ ပုံသဏ္ဍာန်ကို စကရင်မှာ ရေးဆွဲပေးခြင်းဖြင့် သူတို့ကို သတ်ရမှာ ဖြစ်ပါတယ်။ Level ငါးခုသာ ရှိတဲ့အတွက် ခဏလေးနဲ့ အောင်မြင်နိုင်ပါတယ်။ မိုမို အတွက် အသက် ငါးခု ရရှိပါတယ်။

ref : makeuseof

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
296 shares363 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category