951 Shares 272 Views

DxOMark ရဲ႕ ကင္မရာ စမ္းသပ္မႈမွာ Samsung Galaxy S9+ ထက္သာသြားတဲ့ Xiaomi Mi 8

Jun 01, 2018
951 272

DxOMark က အသစ္ထြက္လာတဲ့ Xiaomi Mi 8 ရဲ႕ ကင္မရာကို စမ္းသပ္မႈမ်ား ျပဳလုပ္လိုက္ပါတယ္။ ရုပ္ေသ ဓါတ္ပံု ရိုက္ကူးမႈ အပိုင္းမွာ Mi 8 ဟာ ၁၀၅ မွတ္နဲ႔ ဗီဒီယို ရိုက္ကူးမႈ အပုိင္းမွာ ၈၈ မွတ္ရရွိသြားပါတယ္။ က႑အားလံုးအတြက္ ရမွတ္ကေတာ့ ၉၉ ျဖစ္ပါတယ္။ အဲဒီအတြက္ အေကာင္းဆံုး ကင္မရာပါတဲ့ စမတ္ဖုန္း စာရင္းမွာ Mi 8 ဟာ Samsung Galaxy S9+ နဲ႔အတူ နံပါတ္ ၄ ေနရာမွာ ရယူထားပါတယ္။ ဓါတ္ပံု ရိုက္ကူးမႈ ရလဒ္မွာ Mi 8 ဟာ Galaxy S9+ ထက္မ်ားေနၿပီး ဗီဒီယို ရိုက္ကူးမႈ ရလဒ္မွာေတာ့ Galaxy S9+ က Mi 8 ထက္ အသာရေနပါတယ္။

Mi 8 ဟာ တန္ဖိုးသင့္ၿပီး အေကာင္းဆံုး ကင္မရာကို လိုခ်င္သူမ်ားအတြက္ေတာ့ ေရြးခ်ယ္စရာ ျဖစ္ပါတယ္။ သူ႔မွာ 12MP Main Sensor ထည့္သြင္းထားၿပီး OIS, Dual Pixel PDAF နည္းပညာမ်ား ပါပါတယ္။ အပိုကင္မရာကေတာ့ 12MP ျဖစ္ၿပီး 2x Optical Zoom နဲ႔ Dual Pixel PDAF မ်ားကို ေထာက္ပံ့ပါတယ္။ DxOMark က 2x Optical Zoom ဟာ အလြန္ ေကာင္းမြန္ေပမယ့္ အျခား ၿပိဳင္ဖက္ ဖုန္းမ်ားရဲ႕ Telephoto Lens မ်ားေလာက္ မေကာင္းဘူးလို႔ သံုးသပ္ထားပါတယ္။

Mi 8 ဟာ အလင္းေရာင္ နည္းပါးတဲ့ အေျခအေနမ်ား အပါအ၀င္ ရႈခင္းမ်ားစြာအတြက္ အလြန္ ေကာင္းမြန္တဲ့ ဓါတ္ပံုမ်ားကို ဖမ္းယူေပးႏုိင္ပါတယ္။ Exposure နဲ႔ White Balance မ်ားကလည္း တိက်ပါတယ္။ Autofocus Speed ကလည္း ျမန္လြန္းပါတယ္။ ဒါေပမယ့္ ရုပ္ေသဓါတ္ပံုမ်ား ရိုက္ကူးရာမွာ အားနည္းခ်က္က အလင္းေရာင္ရတဲ့ ေန႔ဘက္မွာေတာင္ အေသးစိတ္က်မႈ အနည္းငယ္ အားနည္းပါတယ္။ ဒါ့အျပင္ Autofocus ကလည္း သိပ္ၿပီး မတည္ၿငိမ္ပါဘူး။ အားလံုးကို ျခံဳၾကည့္ရင္ေတာ့ ေပးရတဲ့ ေစ်းထက္တန္တဲ့ အလန္းဆံုး ကင္မရာပါတဲ့ ဖုန္း ျဖစ္ပါတယ္။

Ref : gsmarena

unicode

DxOMark ရဲ့ ကင်မရာ စမ်းသပ်မှုမှာ Samsung Galaxy S9+ ထက်သာသွားတဲ့ Xiaomi Mi 8

DxOMark က အသစ်ထွက်လာတဲ့ Xiaomi Mi 8 ရဲ့ ကင်မရာကို စမ်းသပ်မှုများ ပြုလုပ်လိုက်ပါတယ်။ ရုပ်သေ ဓါတ်ပုံ ရိုက်ကူးမှု အပိုင်းမှာ Mi 8 ဟာ ၁၀၅ မှတ်နဲ့ ဗီဒီယို ရိုက်ကူးမှု အပိုင်းမှာ ၈၈ မှတ်ရရှိသွားပါတယ်။ ကဏ္ဍအားလုံးအတွက် ရမှတ်ကတော့ ၉၉ ဖြစ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံး ကင်မရာပါတဲ့ စမတ်ဖုန်း စာရင်းမှာ Mi 8 ဟာ Samsung Galaxy S9+ နဲ့အတူ နံပါတ် ၄ နေရာမှာ ရယူထားပါတယ်။ ဓါတ်ပုံ ရိုက်ကူးမှု ရလဒ်မှာ Mi 8 ဟာ Galaxy S9+ ထက်များနေပြီး ဗီဒီယို ရိုက်ကူးမှု ရလဒ်မှာတော့ Galaxy S9+ က Mi 8 ထက် အသာရနေပါတယ်။

Mi 8 ဟာ တန်ဖိုးသင့်ပြီး အကောင်းဆုံး ကင်မရာကို လိုချင်သူများအတွက်တော့ ရွေးချယ်စရာ ဖြစ်ပါတယ်။ သူ့မှာ 12MP Main Sensor ထည့်သွင်းထားပြီး OIS, Dual Pixel PDAF နည်းပညာများ ပါပါတယ်။ အပိုကင်မရာကတော့ 12MP ဖြစ်ပြီး 2x Optical Zoom နဲ့ Dual Pixel PDAF များကို ထောက်ပံ့ပါတယ်။ DxOMark က 2x Optical Zoom ဟာ အလွန် ကောင်းမွန်ပေမယ့် အခြား ပြိုင်ဖက် ဖုန်းများရဲ့ Telephoto Lens များလောက် မကောင်းဘူးလို့ သုံးသပ်ထားပါတယ်။

Mi 8 ဟာ အလင်းရောင် နည်းပါးတဲ့ အခြေအနေများ အပါအဝင် ရှုခင်းများစွာအတွက် အလွန် ကောင်းမွန်တဲ့ ဓါတ်ပုံများကို ဖမ်းယူပေးနိုင်ပါတယ်။ Exposure နဲ့ White Balance များကလည်း တိကျပါတယ်။ Autofocus Speed ကလည်း မြန်လွန်းပါတယ်။ ဒါပေမယ့် ရုပ်သေဓါတ်ပုံများ ရိုက်ကူးရာမှာ အားနည်းချက်က အလင်းရောင်ရတဲ့ နေ့ဘက်မှာတောင် အသေးစိတ်ကျမှု အနည်းငယ် အားနည်းပါတယ်။ ဒါ့အပြင် Autofocus ကလည်း သိပ်ပြီး မတည်ငြိမ်ပါဘူး။ အားလုံးကို ခြုံကြည့်ရင်တော့ ပေးရတဲ့ ဈေးထက်တန်တဲ့ အလန်းဆုံး ကင်မရာပါတဲ့ ဖုန်း ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

ျမန္မာႏိုင္ငံကို သြားလည္ၾကည့္ဖို႕ တိုက္တြန္းတဲ့ Twitter CEO ေဝဖန္ခံရ
NEWS
770 shares256 views

ျမန္မာႏိုင္ငံကို သြားလည္ၾကည့္ဖို႕ တိုက္တြန္းတဲ့ Twitter CEO ေဝဖန္ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ ျမန္မာႏိုင္ငံအေၾကာင္း ခ်ီးက်ဴးေျပာဆိုမွဳေၾကာင့္ ေဝဖန္ခံေနရပါတယ္။ လူ႕အခြင့္အေရးခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ ထြက္ေနတဲ့ ျမန္မာႏိုင္ငံကို လည္ပတ္ဖို႕ အေကာင္းဆုံးေနရာတခု ျဖစ္ေၾကာင္း Jack Dorsey က တနဂၤေႏြေန႕မွာ ေရးသားခဲ့အျပီးမွာ ေဝဖန္ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထြက္ရွိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထြက္ရွိ

Ko Thuya - Dec 10, 2018

ZTE က မၾကာခင္ကပဲ မ်က္ႏွာျပင္ ႏွစ္ခု ပါတဲ့ Nubia X ကို ေၾကညာခဲ့ပါတယ္။ သူ႕အတြက္ 64 or 256GB မ်ား ထုတ္လုပ္ေပးထားပါတယ္။ အခုေတာ့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင္းေရာင္ကို သဘာ၀က်က် အလွပဆံုး ဖမ္းယူႏုိင္တဲ့ ၈၉၉,၉၀၀ က်ပ္တန္ OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင္းေရာင္ကို သဘာ၀က်က် အလွပဆံုး ဖမ္းယူႏုိင္တဲ့ ၈၉၉,၉၀၀ က်ပ္တန္ OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ေခါင္းစဥ္နဲ႔အတူ မိတ္ဆက္ေပးလာတဲ့ high-end R series အသစ္ OPPO R17 Pro ကိုေတာ့ (၈၉၉,၉၀၀) က်ပ္ျဖင့္ ဒီဇင္ဘာ (၁၀) ရက္ေန႕ ကစၿပီး…

Leave a Comment

Most from this category