0 Shares 51 Views

ဆယ်လ်ဖီဘုရင်လို့တင်စားရတဲ့ Oppo F7 နဲ့ F7 Youth စမတ်ဖုန်းများ

Jun 01, 2018
0 51

[Zawgyi]









[Unicode]

Selife မှာဆို ဘုရင်လို့တင်စားရတဲ့ Oppo F7 နဲ့ F7 Youth စမတ်ဖုန်းတွေကတော့ ထွက်ရှိလာခဲ့ပါပြီ။

2280x 1080 resolution နဲ့ ၆.၂၃လက်မရှိတဲ့ Oppo F7 လေးမှာတော့ Full HD+ Super Full screen ကိုအသုံးပြုထားပါတယ်။ ထိပ်ဖက်မှာ notch လေးပါဝင်ပြီး display ကလည်း 19:9 ratio ဖြစ်တဲ့အတွက် ရုပ်ရှင်ခရေဇီတွေ၊ ဂိမ်းသမားတွေအတွက် စိတ်တိုင်းကျစေမယ့် screen size ပါပဲ။ App တစ်ခုနဲ့တခုကြား ပြောင်းသုံးချင်တဲ့အခါမှာလည်းအဆင်ပြေအောင် Multitasking mode ကို gesture သုံးလို့ရအောင် ဖန်တီးပေးထားပါတယ်။ RAM 4GB, Storage 64GB ဖြစ်ပြီး MediaTek Helio P60 Octacore processor ကိုအသုံးပြုထားတဲ့အတွက် နေ့စဉ်သုံးအတွက်ကတော့ တော်တော်လေးအဆင်ပြေတဲ့ processor လို့ပြောလို့ရပါတယ်။ software ကိုလည်း ColorOS 5.0 သုံးလိုက်တဲ့အတွက် processor ရဲ့စွမ်းရည်နဲ့ပေါင်းလိုက်ရင် အရင်နှစ်က F5 တွေထက် စွမ်းဆောင်ရည် ၈၀%လောက်တောင် မြင့်သွားပါတယ်။

ဆယ်လ်ဖီဘုရင်လို့သမုတ်ကြတဲ့ F7 မှာတော့ HDR sensor နဲ့ ရုပ်ထွက်ကောင်းမွန်စေတဲ့ 25MP ဆယ်လ်ဖီကင်မရာတွေကိုအသုံးပြုထားပါတယ်။ low-light မှာဓာတ်ပုံရိုက်ကူးတဲ့အခါမှာလည်း noise တွေကို လျှော့ချပေးနိုင်လားပြီး အလင်းအမှောင်ကိုလည်း စိတ်ကြိုက်ချိန်ညှိလို့ရနိုင်မှာဖြစ်ပါတယ်။ အသက်အရွယ်၊ အသားအရောင်၊ ကျားမခွဲခြားနိုင်တဲ့ effect တွေပါဝင်တဲ့ AI Beauty 2.0 နဲ့ HDR effect တွေက ပြီးပြည့်စုံတဲ့ဆယ်လ်ဖီဓာတ်ပုံတစ်ပုံကို ရရှိစေမှာပါ။  Selfie ရိုက်တဲ့အချိန်မှာ vivid mode သုံးပြီး အရောင်အသွေးစုံလင်တောက်ပတဲ့ ဆယ်လ်ဖီပုံတွေရိုက်ကူးနိုင်သလို AR sticker တွေလည်းထည့်သွင်းပေးထားတဲ့အတွက် ချစ်စရာကောင်းတဲ့ဆယ်လ်ဖီပုံလေးတွေ ရရှိနိုင်ပါလိမ့်မယ်။

ဖုန်းရဲ့အရောင်တွေအနေနဲ့ကတော့ Solar Red, Moonlight Silver အပြင် ကျောဘက်မှာ diamond ပုံအကွက်လေးတွေနဲ့ Diaomond Black ဗားရှင်းပါထွက်ရှိလာမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ F7 အတွက် မြန်မာကျပ်ငွေ ၃၈၉၀၀၀ ပဲကျသင့်မှာဖြစ်ပါတယ်။

Image may contain: phone and screen

နောက်တစ်လုံးကတော့ F7 Youth ပါ။ သူ့မှာတော့ 6.0 inch ရှိတဲ့ Full HD+ display ကိုသုံးထားပြီး screen-to-body ratio က 84.4% တောင်ရှိပါတယ်။ သူလည်း ဂိမ်းဆော့ ရုပ်ရှင်ကြည့်တတ်တဲ့သူတွေအတွက် စိတ်တိုင်းကျစေမယ့်ဖုန်းတစ်လုံးပါ။ ဘက်ထရီအားကုန်မှုဆိုတာကလည်း processor နဲ့ဆိုင်သေးတာမို့ 12nm MTK P60 နဲ့ဆို 3410mAh ဘက်ထရီပမာဏက တစ်ရက်တာကိုကောင်းကောင်းကြီးအသုံးခံပါတယ်။ သူ့မှာလည်း F7 လို AR Sticker တွေနဲ့စိတ်ကြိုက်ဆယ်လ်ဖီရိုက်ကူးနိုင်မှာပါ။ F7 Youth လေးရဲ့ဈေးနှုန်းကတော့ မြန်မာနိုင်ငံမှာ ၃၁၉၀၀၀ ကျပ်နဲ့ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

Image may contain: phone

ခြုံပြောရရင် ဆယ်လ်ဖီဘုရင်ဆိုတဲ့အတိုင်း ဒီဖုန်း၂လုံးလုံးမှာ အကောင်းဆုံးဆယ်လ်အတွေ့အကြုံတွေကိုရရှိအောင် အသားပေးထားတာတွေ့ရပါတယ်။ display တွေ ဒီဇိုင်းတွေကလည်း ဒီခေတ်နဲ့အညီလိုက်ပြောင်းလဲထားပေးပြီးတော့ ဈေးလည်းအဆင်ပြေတဲ့ထဲမှာပါတဲ့အတွက် ဆယ်လ်ဖီချစ်မြတ်နိုးသူတွေအတွက် ရွေးချယ်သင့်တဲ့ဖုန်းတစ်လုံးဖြစ်လာခဲ့ပါပြီ။

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category