297 Shares 81 Views

Huawei က 4G ပါတဲ့ Watch 2 (2018) ကို ကြေညာ

Jun 01, 2018
297 81





Ref : gsmarena

unicode

Huawei က 4G ပါတဲ့ Watch 2 (2018) ကို ကွညော

Huawei က Watch 2 (2018) ကို ကြေညာလိုက်ပါတယ်။ သူ့မှာ nanoSIM နဲ့ eSIM စွမ်းရည်များ ပါတဲ့အတွက် 4G ကွန်ယက်ကို ချိတ်ဆက်နိုင်ပါတယ်။ သူ့မှာ ၁.၂ လက်မ 390×390 OLED Screen တပ်ဆင်ထား ပြီး Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။ ၅၇ ဂရမ် အလေးချိန်ရှိပြီး အရွယ်အစား အပြည့်အစုံမှာ 45 x 48.9 x 12.6 mm ဖြစ်ပါတယ်။ IP68 စံနှုန်း ရေစိုခံနိုင်ပါတယ်။

သူ့မှာ Snapdragon 2100 Chipset ထည့်သွင်းထားပါတယ်။ 768MB RAM , 4GB Storage များ ထည့်သွင်းထားပါတယ်။ NFC ဆက်သွယ်မှု ပါပြီး Huawei Pay , Ali Pay , WeChat စတဲ့ ငွေပေးချေမှု စနစ်များကို အသုံးပြုနိုင်ပါတယ်။ eSIM ထည့်သွင်းထားရင် ဖုန်းပြောခြင်း၊ အင်တာနက် သုံးခြင်းများကို ပြုလုပ်နိုင်ပါတယ်။ အွန်လိုင်းကနေ သီချင်းများလည်း နားဆင်နိုင်ပါတယ်။

GPS ပါတဲ့အတွက် ပြေးခြင်း၊ လမ်းလျှောက်ခြင်းများလို ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ နှလုံးခုန်နှုန်းကို တိုင်းတာပေးတဲ့ စွမ်းရည်လည်း ထည့်သွင်းထားပါတယ်။ အိပ်စက်မှု အခြေအနေများကိုပါ တွက်ချက်ပေးပါတယ်။ ဘက်ထရီသက်တမ်းဟာ ၁ ရက်ခွဲ အသုံးခံပါတယ်။ 4G ကို အသုံးပြုရင်တော့ ၁ ရက်လောက် အသုံးခံပါတယ်။ မိနစ် ၁၀၀ အတွင်းမှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။

သူ့ကို တရုတ်မှာ Vmall.com ကနေ ယွမ် ၂၀၀၀ ဖြင့် ရောင်းချပေးနေပါတယ်။ ၃၁၀ ဒေါ်လာ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ အနက်၊ လိမ္မောရောင်များ ထုတ်လုပ်ပေးထားပါတယ်။ Bluetooth Version ကိုတော့ ၂၄၀ ဒေါ်လာ သတ်မှတ်ထားပြီး အညိုနဲ့ အနက်ရောင်များ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena

You may be interested

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
0 shares0 views

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်

Ko Thuya - Sep 26, 2018

အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
0 shares0 views

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Creepy Tyler - Sep 26, 2018

ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
67 shares25 views

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ DisplayMate က သူ့ကို စမ်းသပ်ခဲ့ပြီး ထွက်ရှိပြီး သမျှ စမတ်ဖုန်းများထဲမှာ သူဟာ အကောင်းဆုံး မျက်နှာပြင်ကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခုတော့ Note 9 ရဲ့ သရဖူကို…

Leave a Comment

Most from this category