1254 Shares 301 Views
Xiaomi ပွဲမှာအဓိကမိတ်ဆက်ခဲ့တဲ့ Mi 8, Mi 8 Explorer Edition နဲ့ Mi 8 SE စမတ်ဖုန်းများ
Jun 01, 2018
1254 301
[Zawgyi]
Xiaomi Mi 8
GPU —-> Adreno 616
[Unicode]
မနေ့က Shenzhen မြို့မှာကျင်းပခဲ့တဲ့ Xiaomi ရဲ့ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာတော့ Xiaomi ပစ္စည်း၆မျိုးကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီထဲက ၃မျိုးကတော့ Mi 8, Mi 8 Explorer Edition နဲ့ Mi 8 SE စမတ်ဖုန်းတွေပါပဲ။ ဒီနေရာမှာပဲ သူတို့တွေရဲ့ specification လေးတွေအကြောင်း ဖော်ပြပေးသွားပါမယ်
Xiaomi Mi 8
Xiaomi Mi 8 မှာ အဓိကပြောင်းလဲသွားတဲ့ feature ကတော့ 6.21 inch နဲ့ notch ပါတဲ့ AMOLED display ြဖစ်သွားတာပါ။ notch နေရာမှာတော့ အလင်းအားနည်းတဲ့အချိန်တွေမှာတောင်  မျက်နှာကိုကောင်းကောင်းဖတ်နိုင်စွမ်းရှိတဲ့ infrared scanner တပ်ဆင်ထားတဲ့အတွက် Face Unlock မှာ တော်တော်တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါဆို specification တွေကို ကြည့်လိုက်ရအောင်။
Display ကိုတော့ ၆.၂၁ လက်မရှိတဲ့ Full HD+ (2248x  1080p) resolution (18.7:9 ratio) ရှိတဲ့ AMOLED display ကိုသုံးထားပါတယ်။ display ရဲ့အလင်းယူနစ်အားက 600 nits တောင်ရှိပြီး ဖုန်းရဲ့ အရွယ်အစားကတော့ 154.9 x 74.8 x 7.6mm (၁၇၅ဂရမ်) ရှိပါတယ်။
ကျောဘက်ကင်မရာကတော့ dual-camera ဖြစ်ပြီး 1.4μm pixels, f/1.8 aperture နဲ့ Dual Pixel autofocus ရတဲ့ 12MP ကင်မရာနဲ့ aperture f/2.4, 2x optical zoom, 4-axis OIS ပါဝင်တဲ့ 12MP telephoto ကင်မရာတွေကိုသုံးထားပါတယ်။ 4K video တွေကို 60FPS နဲ့ရိုက်ကူးနိုင်ပြီး 1080p slomotion ဗီဒီယိုတွေကို 240fps နဲ့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရှေ့ဘက်ကင်မရာကတော့ 1.8μm pixels, aperture size f/1.8 ရှိတဲ့ 20MP ဆယ်လ်ဖီကင်မရာကိုသုံးထားပါတယ်။
(low-light ကတော့ ရှယ်ပဲနေမှာပါ)
CPU ကိုတော့ Clock speed 2.8GHz Kryo 385 Gold (4 cores) +1.8GHz Kryo 385 Silver (4 cores) ရှိတဲ့ octa-core Qualcomm Snapdragon 845 processor ကိုသုံးထားပါတယ်။ GPU ကိုတော့ Adreno 630 သုံးထားပြီး RAM 6GB, Storage 64GB/128GB/256GB ထိရှိပါတယ်။ Mi 8 Explorer Edition ကတော့ RAM 8GB ထိတောင် ထည့်သွင်းပေးထားပါတယ်။ Android 8.1 Oreo ကိုမှ မနေ့ကပဲမိတ်ဆက်လိုက်တဲ့ MIUI 10 နဲ့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။
USB Type-C ပေါက်ဖြစ်ပြီး 3400 mAh ရှိတဲ့ဘက်ထရီကို တပ်ဆင်ထားပါတယ်။ အားသွင်းအမြန်စနစ်ဖြစ်တဲ့ Quick-Charge 4.0+ ကိုထောက်ပံ့ပေးထားပြီး အားအမြန်သွင်းပေးနိုင်တဲ့ Quick Charge 3 adapter ြကိုးကိုဖုန်းနဲ့အတူ တစ်ပါတည်းထည့်သွင်းပေးထားပါတယ်။
Dual-frequency GPS ကိုထောက်ပံ့ပေးနိုင်တဲ့ ပထမဆုံးစမတ်ဖုန်းတစ်လုံးလို့လည်းဆိုရမှာပါ။ ဈေးနှုန်းကတော့ 64GB ဗားရှင်းကို တရုတ်ယွမ် ၂၆၉၉ (ဒေါ်လာ ၄၂၀)၊ 128GB ဗားရှင်းကို တရုတ်ယွမ် ၂၉၉၉ (၄၆၈ ဒေါ်လာ) နဲ့ 256GB ဗားရှင်းကို တရုတ်ယွမ် ၃၂၉၉ (၅၁၅ ဒေါ်လာ) ရှိမှာဖြစ်ပါတယ်။ ဇွန်လ ၅ရက်နေ့ကျရင်တော့ တရုတ်နိုင်ငံမှာရောင်းချသွားတော့မှာဖြစ်ပါတယ်။
Xiaomi Mi 8 Explorer Edition
Image result for mi 8 explorer
Mi 8 Explorer Edition ကတော့ Mi 8 နဲ့ specification တွေအကုန်တူတူပါပဲ။ မတူတာကတွေကတော့ သူ့မှာ in-display fingerprint sensor ရော iPhone X လို Face ID ပါ ပါဝင်လာတာပါ။ သာမန် face unlock တွေထက်ပိုတိကျတဲ့ 3D facial recognition နဲ့ဆိုတော့ Apple လိုမျိုး လုံခြုံရေးစနစ်ကိုကောင်းကောင်းမြင့်တင်ပေးနိုင်ပါလိ့မ်မယ်။
သူ့မှာလည်း HTC U12+ လိုမျိုး ကျောလက်ဖောက်ထွင်မြင်ရတဲ့ကိုယ်ထည်နဲ့ ထွက်ရှိလာပြီး RAM 8GB/ Storage 128GB ဗားရှင်းတစ်မျိုးပဲ လာပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ တရုတ်ယွမ် ၃၇၉၉ ( ၅၉၃ ဒေါ်လာ) ရှိပါတယ်။
Xiaomi Mi 8 SE(Special Edition)
Image result for mi 8 mi 8 se
Xiaomi Mi 8 Special Edition (SE) ကတော့ Mi 8 ကိုမှ ပိုဈေးသက်သာတဲ့ low-end စမတ်ဖုန်းတစ်လုံးပါ။ အရင်တစ်ပတ်ကမှ မိတ်ဆက်သွားခဲ့တဲ့ Qualcomm ရဲ့ Snapdragon 710 chip တွေကို ပထမဆုံးသုံးထားတဲ့စမတ်ဖုန်းဖြစ်ပြီး 5.88-inch notch display နဲ့ထွက်လာခဲ့တာပါ။ specification တွေကတော့
Dimension —-> 147.3x 73.1x 7.5mm (146g)
Display —-> 5.88 inch Full HD+ (2244x 1080) AMOLED display
နောက်ကင်မရာ —-> 12MP (1.4μm, f/1.9 aperture, Dual pixel autofocus)
+5MP (f/2.0 aperture, 1.12μm) Video (4K video @ 60fps)
ရှေ့ကင်မရာ —-> 20MP (2.0 μm, f/2.0 aperture)
ဘက်ထရီ —-> 3120 mAh, Qualcomm Quick Charge 3.0, USB Type-C
CPU —-> Octa-core Qualcomm Snapdragon 710( 2x 2.2GHz Kryo 360 Gold+ 6x 1.8GHz Kryo 360 Silver cores)
GPU —-> Adreno 616
RAM and Storage —-> 4GB/ 6GB RAM + 64GB storage
Software —-> Android 8.1 Oreo with MIUI 10
Mi 8 SE ကိုတော့ RAM ဗားရှင်း၂မျိုးနဲ့ထွက်ရှိမှာဖြစ်ပြီး RAM 4GB ကို တရုတ်ယွမ် ၁၇၉၉ (၂၈၁ ဒေါ်လာ) RAM 6GB ကို တရုတ်ယွမ် ၁၉၉၉ (၃၁၂ ဒေါ်လာ) ရှိပါတယ်။
Ref: mi.com, XDA developer.com
You may be interested
iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views
iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
Ko Thuya - Jun 25, 2018
Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို ရောင်းချပေးလိုက်ပါပြီ။ Apple ရဲ့ iPhone အသစ်များကို ပိုင်ဆိုင်ထားသူများအတွက် အကောင်းဆုံး အသုံးချနိုင်မယ့် Tips & Tricks (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။…
Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Android, Huawei, HUBS
0 shares14 views
Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Ko Thuya - Jun 25, 2018
ဟွာဝေးက Honor Play မှာ GPU Turbo နည်းပညာကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီနည်းပညာက Chipset ရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အဲဒီနည်းပညာဟာ Honor…
Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
NEWS, Vivo
204 shares342 views
Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
Nwe Oo - Jun 25, 2018
[Zawgyi] ဖုန်းတစ်လုံးကို တစ်စစီဖြုတ်ကြည့်ရတဲ့ ရည်ရွယ်ချက်ကိုက ဒီဖုန်းဟာ ဘယ်လောက်ဖွင့်ရခက်လဲ ပြင်ဖို့ရောလွယ်ရဲ့လားဆိုတာကို သိနိုင်ဖို့ပါ။ ဒီလိုတစ်စစီဖြုတ်ကြည့်တဲ့အခါမျိုးမှာ ထူးထူးဆန်းဆန်းပစ္စည်းတွေဆို ပိုတောင်စိတ်ဝင်စားဖို့ကောင်းပါသေးတယ်။ ဥပမာ- Vivo NEX စမတ်ဖုန်းဆိုရင် ရိုက်မယ့်အချိန်မှ ကင်မရာလေးထွက်လာတဲ့ ပထမဆုံးဖုန်းပါ။ အခု MyFixGuide က ဒီ Vivo…
Leave a Comment
Most from this category