171 Shares 264 Views

Augmented Reality နဲ႔ Virtual Reality ဘာကြာသလဲဆုိရင္??

May 31, 2018
171 264

[Zawgyi]

Augmented Reality Pokemon on the Street

Virtual Reality (VR) တို႔ Augmented Reality(AR)  တို႔ဆိုတာ စမတ္ဖုန္းေတြေလာက္ေတာ့ သိပ္မတြင္က်ယ္ေသးပါဘူး။ ဒါေပမယ့္ အခ်ိန္တစ္ခုကိုေရာက္လာရင္ေတာ့ ဒီနည္းပညာေတြက ေန႔စဥ္ေတြ႔ျမင္ေနရသမွ် အျမင္အာရံုေတြကို ဘယ္လိုေျပာင္းလဲပစ္မလဲဆိုတာ စိတ္ဝင္စားစရာေကာင္းလာပါျပီ။ အခုဆို app ေတာ္ေတာ္မ်ားမ်ား၊ hardware ပစၥည္းေတြနဲ႔ ဗီဒီယုိဂိမ္းေတြေတာ္ေတာ္မ်ားမ်ားမွာ augmented reality က လူေတြနဲ႔ကြ်မ္းဝင္လာေနျပီျဖစ္လို႔ VR ထက္ႏွာတစ္ဖ်ားသာတဲ့အေနအထားမွာရိွေနပါတယ္။ ဘယ္သူ သာတယ္မသာတယ္ဆိုတာထက္ ဒီ နည္းပညာ၂ခုကို သိပ္မကြဲေသးရင္ ေသခ်ာျပန္ရွင္းျပခ်င္ပါတယ္။

Virtual Reality ဆိုတာဘာလဲ??

VR နဲ႔သာဆို ေဆာ့ဖ္ဝဲလ္နဲ႔ဖန္တီးထားတဲ့ ပတ္ဝန္းက်င္အတုအေယာင္ထဲကို ကိုယ္တုိင္ေရာက္သြားမွာျဖစ္ျပီး ဧဝရတ္ေတာင္ေပၚတက္ခ်င္တယ္ဆိုလည္း ရမွာပါပဲ။ အတုအေယာင္ဖန္တီးထားတဲ့ကမာၻထဲကုိေရာက္သြားျပီး အေကာင္ေတြနဲ႔တုိက္မလား မိုးေပၚပ်ံမလား မိုးပ်ံရထားစီးၾကည့္မလား ကိုယ္ၾကိဳက္တာလုပ္လို႔ရပါတယ္။ ကုိယ္တုိင္ အဲဒီကမာၻထဲမွာေရာက္သြားသလိုမ်ိဳး ကုိယ္ရဲ႕အျပဳအမူေတြနဲ႔ အျပန္အလွန္ interact လုပ္ႏုိင္မွာျဖစ္ပါတယ္။

augmented_virtual_VR

VR မွာလုိအပ္တာေတြကေတာ့ အသံနဲ႔ျမင္ကြင္းပါပဲ။ ျမင္ကြင္းကေနတစ္ဆင့္ ဖန္တီးထားတဲ့ကမာၻတစ္ခုထဲထိဆြဲေခၚသြားျပီး VR headset ထဲမွာ ဒါမွမဟုတ္ သူနဲ႔တြဲဖက္ထားတဲ့ sensor ေတြကိုသံုးျပီးေတာ့ interact လုပ္ႏုိင္မွာပါ။ VR နဲ႔သာဆို ေလယာဥ္ပိုင္းေလာ့ေတြကို virtual ေလယာဥ္တစ္ခုေပၚပို႔လိုက္ျပီး ေနရာအစစ္တစ္ခုဆီေမာင္းေနရသလိုမ်ိဳး ဖန္တီးထားျပီး  ပိုင္းေလာ့ရဲ႕လိုအပ္တဲ့စြမ္းရည္ကုိ စစ္ေဆးတဲ့အခါမွာသံုးသလိုမ်ိဳး တကယ္စစ္မျဖစ္ေပမယ့္လည္း VR နဲ႔စစ္ပြဲအေတြ႔အၾကံဳရေအာင္ စစ္သားေတြကိုေလ့က်င့္ေပးသလိုမ်ိဳး ဒီလိုမ်ိဳးေတြမွာ အသံုးတည့္တဲ့ နည္းပညာတစ္ခုျဖစ္ပါတယ္။

Augmented Reality ဆိုတာဘာလဲ??

augmenetd_virtual_Rock

AR ကေတာ့ VR နည္းပညာကုိ တကယ့္လက္ေတြ႔ကမာၻမွာအသံုးခ်ရတာဆိုေတာ့ နည္းနည္းပိုရႈပ္ေထြးသြားပါျပီ။ တကယ့္ကမာၻမွာ ကြန္ပ်ဴတာ ဂရပ္ဖစ္ေတြ ဒီဂ်စ္တယ္အခ်က္အလက္ေတြ ျပေပးတဲ့သေဘာမ်ိဳးပါပဲ။ AR မွာက်ေတာ့ VR လို သီးျခားကမာၻတစ္ခုဆီေရာက္သြားျပီး တုိက္တာခိုက္တာမ်ိဳးေတြမဟုတ္ေတာ့ဘဲ virtual အရာဝတၳဳေတြကို လက္ေတြ႔ဘဝဆီေခၚလာတဲ့သေဘာမ်ိဳးေျပာရမွာပါ။

augmented_virtual_spider

ဥပမာ အဝတ္လဲခန္းကိုဝင္ျပီး တစ္ထည္ျပီးတစ္ထည္ လိုက္မလိုက္ဝတ္ၾကည့္ေနရမယ့္အစား AR နဲ႔ အဝတ္အစားေတြတြဲဖက္ၾကည့္လိုက္ ျပီးမွအလိုက္ဖက္ဆံုးတစ္စံုကိုေရြးလိုက္တာက ပိုျပီးအခ်ိန္ကုန္သက္သာေစမွာပါ။ ျပင္ပကမာၻမွာမေတြ႔ရတဲ့ အေကာင္ပေလာင္ေတြ အရာဝတၳဳေတြကို AR နဲ႔ဒီေလာကထဲေခၚလာလို႔ရႏိုင္ေတာ့ အပ်င္းေျပတာေပါ့။ အိမ္ထဲကို ပရိေဘာဂပစၥည္းေတြထားတဲ့အခါမွာလည္း တစ္ခုခ်င္းစီေရႊ႕ၾကည့္ ျပန္ေျပာင္းလုပ္ေနမယ့္အစား AR app နဲ႔ ေနရာခ်ၾကည့္ အဆင္ေျပဆံုးပံုစံကိုရမွ ေရႊ႕ေျပာင္း ဒါဆိုအခ်ိန္ကုန္သက္သာသြားပါျပီ။ ခုေနာက္ပုိင္းဆို AR နဲ႔တင္ ပစၥည္းေတြဆင္ၾကည့္ျပီး တစ္ခါတည္းဝယ္လို႔ရႏုိင္ေအာင္ ေစ်းဝယ္ shopping app မွာပါ AR ကိုသံုးလာၾကတာ ေတာ္ေတာ္အဆင္ေျပပါတယ္။

ဘယ္နည္းပညာက ပိုအသံုးဝင္သလဲဆိုတာက်ေတာ့ သူ႔ေနရာနဲ႔သူ အသံုးဝင္ေနတာပါပဲ။ ျခံဳေျပာရရင္ေတာ့ VR ဆိုတာ ကိုယ့္ကိုအတုအေယာင္ဖန္တီးထားတဲ့ကမာၻထဲကို ဆြဲေခၚသြားျပီး interact လုပ္ခိုင္းတာပါပဲ။ AR ကေတာ့ လက္ရိွကိုယ္ရိွေနတဲ့ကမာၻမွာ အတုအေယာင္ပစၥည္းေတြကိုဆြဲေခၚလာျပီး မ်က္စိေရွ႕တင္မ်က္ဝါးထင္ထင္ေတြ႔ျမင္ရေစမယ့္ နည္းပညာပါပဲ (eg- Pokemon Go) ။ ဒီေလာက္အတိုခ်ဳပ္ဆိုရင္ေတာ့ အားလံုးေကာင္းေကာင္းနားလည္ေလာက္ျပီလို႔ထင္ပါတယ္။ ေနာင္မွာလည္း trending ျဖစ္ေနတဲ့ နညး္ပညာေတြကို မိတ္ဆက္ေပးဦးမွာျဖစ္လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈႏုိင္ပါတယ္ 🙂

Ref: MakeTechEasier, Quora, AndroidAuthority

[Unicode]

Augmented Reality Pokemon on the Street

Virtual Reality (VR) တို့ Augmented Reality(AR)  တို့ဆိုတာ စမတ်ဖုန်းတွေလောက်တော့ သိပ်မတွင်ကျယ်သေးပါဘူး။ ဒါပေမယ့် အချိန်တစ်ခုကိုရောက်လာရင်တော့ ဒီနည်းပညာတွေက နေ့စဉ်တွေ့မြင်နေရသမျှ အမြင်အာရုံတွေကို ဘယ်လိုပြောင်းလဲပစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပါပြီ။ အခုဆို app တော်တော်များများ၊ hardware ပစ္စည်းတွေနဲ့ ဗီဒီယိုဂိမ်းတွေတော်တော်များများမှာ augmented reality က လူတွေနဲ့ကျွမ်းဝင်လာနေပြီဖြစ်လို့ VR ထက်နှာတစ်ဖျားသာတဲ့အနေအထားမှာရှိနေပါတယ်။ ဘယ်သူ သာတယ်မသာတယ်ဆိုတာထက် ဒီ နည်းပညာ၂ခုကို သိပ်မကွဲသေးရင် သေချာပြန်ရှင်းပြချင်ပါတယ်။

Virtual Reality ဆိုတာဘာလဲ??

VR နဲ့သာဆို ဆော့ဖ်ဝဲလ်နဲ့ဖန်တီးထားတဲ့ ပတ်ဝန်းကျင်အတုအယောင်ထဲကို ကိုယ်တိုင်ရောက်သွားမှာဖြစ်ပြီး ဧဝရတ်တောင်ပေါ်တက်ချင်တယ်ဆိုလည်း ရမှာပါပဲ။ အတုအယောင်ဖန်တီးထားတဲ့ကမ္ဘာထဲကိုရောက်သွားပြီး အကောင်တွေနဲ့တိုက်မလား မိုးပေါ်ပျံမလား မိုးပျံရထားစီးကြည့်မလား ကိုယ်ကြိုက်တာလုပ်လို့ရပါတယ်။ ကိုယ်တိုင် အဲဒီကမ္ဘာထဲမှာရောက်သွားသလိုမျိုး ကိုယ်ရဲ့အပြုအမူတွေနဲ့ အပြန်အလှန် interact လုပ်နိုင်မှာဖြစ်ပါတယ်။

augmented_virtual_VR

VR မှာလိုအပ်တာတွေကတော့ အသံနဲ့မြင်ကွင်းပါပဲ။ မြင်ကွင်းကနေတစ်ဆင့် ဖန်တီးထားတဲ့ကမ္ဘာတစ်ခုထဲထိဆွဲခေါ်သွားပြီး VR headset ထဲမှာ ဒါမှမဟုတ် သူနဲ့တွဲဖက်ထားတဲ့ sensor တွေကိုသုံးပြီးတော့ interact လုပ်နိုင်မှာပါ။ VR နဲ့သာဆို လေယာဉ်ပိုင်းလော့တွေကို virtual လေယာဉ်တစ်ခုပေါ်ပို့လိုက်ပြီး နေရာအစစ်တစ်ခုဆီမောင်းနေရသလိုမျိုး ဖန်တီးထားပြီး  ပိုင်းလော့ရဲ့လိုအပ်တဲ့စွမ်းရည်ကို စစ်ဆေးတဲ့အခါမှာသုံးသလိုမျိုး တကယ်စစ်မဖြစ်ပေမယ့်လည်း VR နဲ့စစ်ပွဲအတွေ့အကြုံရအောင် စစ်သားတွေကိုလေ့ကျင့်ပေးသလိုမျိုး ဒီလိုမျိုးတွေမှာ အသုံးတည့်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

Augmented Reality ဆိုတာဘာလဲ??

augmenetd_virtual_Rock

AR ကတော့ VR နည်းပညာကို တကယ့်လက်တွေ့ကမ္ဘာမှာအသုံးချရတာဆိုတော့ နည်းနည်းပိုရှုပ်ထွေးသွားပါပြီ။ တကယ့်ကမ္ဘာမှာ ကွန်ပျူတာ ဂရပ်ဖစ်တွေ ဒီဂျစ်တယ်အချက်အလက်တွေ ပြပေးတဲ့သဘောမျိုးပါပဲ။ AR မှာကျတော့ VR လို သီးခြားကမ္ဘာတစ်ခုဆီရောက်သွားပြီး တိုက်တာခိုက်တာမျိုးတွေမဟုတ်တော့ဘဲ virtual အရာဝတ္ထုတွေကို လက်တွေ့ဘဝဆီခေါ်လာတဲ့သဘောမျိုးပြောရမှာပါ။

augmented_virtual_spider

ဥပမာ အဝတ်လဲခန်းကိုဝင်ပြီး တစ်ထည်ပြီးတစ်ထည် လိုက်မလိုက်ဝတ်ကြည့်နေရမယ့်အစား AR နဲ့ အဝတ်အစားတွေတွဲဖက်ကြည့်လိုက် ပြီးမှအလိုက်ဖက်ဆုံးတစ်စုံကိုရွေးလိုက်တာက ပိုပြီးအချိန်ကုန်သက်သာစေမှာပါ။ ပြင်ပကမ္ဘာမှာမတွေ့ရတဲ့ အကောင်ပလောင်တွေ အရာဝတ္ထုတွေကို AR နဲ့ဒီလောကထဲခေါ်လာလို့ရနိုင်တော့ အပျင်းပြေတာပေါ့။ အိမ်ထဲကို ပရိဘောဂပစ္စည်းတွေထားတဲ့အခါမှာလည်း တစ်ခုချင်းစီရွှေ့ကြည့် ပြန်ပြောင်းလုပ်နေမယ့်အစား AR app နဲ့ နေရာချကြည့် အဆင်ပြေဆုံးပုံစံကိုရမှ ရွှေ့ပြောင်း ဒါဆိုအချိန်ကုန်သက်သာသွားပါပြီ။ ခုနောက်ပိုင်းဆို AR နဲ့တင် ပစ္စည်းတွေဆင်ကြည့်ပြီး တစ်ခါတည်းဝယ်လို့ရနိုင်အောင် ဈေးဝယ် shopping app မှာပါ AR ကိုသုံးလာကြတာ တော်တော်အဆင်ပြေပါတယ်။

ဘယ်နည်းပညာက ပိုအသုံးဝင်သလဲဆိုတာကျတော့ သူ့နေရာနဲ့သူ အသုံးဝင်နေတာပါပဲ။ ခြုံပြောရရင်တော့ VR ဆိုတာ ကိုယ့်ကိုအတုအယောင်ဖန်တီးထားတဲ့ကမ္ဘာထဲကို ဆွဲခေါ်သွားပြီး interact လုပ်ခိုင်းတာပါပဲ။ AR ကတော့ လက်ရှိကိုယ်ရှိနေတဲ့ကမ္ဘာမှာ အတုအယောင်ပစ္စည်းတွေကိုဆွဲခေါ်လာပြီး မျက်စိရှေ့တင်မျက်ဝါးထင်ထင်တွေ့မြင်ရစေမယ့် နည်းပညာပါပဲ (eg- Pokemon Go) ။ ဒီလောက်အတိုချုပ်ဆိုရင်တော့ အားလုံးကောင်းကောင်းနားလည်လောက်ပြီလို့ထင်ပါတယ်။ နောင်မှာလည်း trending ဖြစ်နေတဲ့ နည်းပညာတွေကို မိတ်ဆက်ပေးဦးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ် 🙂

Ref: MakeTechEasier, Quora, AndroidAuthority

You may be interested

S9 ထက္ ႀကိဳတင္မွာယူမႈ မ်ားေနတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
0 shares0 views

S9 ထက္ ႀကိဳတင္မွာယူမႈ မ်ားေနတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မၾကာခင္ကပဲ စြမ္းရည္ျမင့္ Galaxy Note 9 ကို မိတ္ဆက္ခဲ့ပါတယ္။ သူ႔ကို ေတာင္ကိုရီးယားမွာ ႀကိဳတင္မွာယူခြင့္ ျပဳလိုက္ပါၿပီ။ အခုေတာ့ ေတာင္ကိုရီးယားမွ Carrier တစ္ခုရဲ႕ သတင္းအခ်က္အလက္မ်ား အရ Note 9 ရဲ႕ ႀကိဳတင္မွာယူမႈမ်ားဟာ…

DSLR နဲ႕ ရိုက္ထားတဲ့ပုံကို Nova 3 ကင္မရာနမူနာပုံအျဖစ္ အစားထိုးေၾကာ္ျငာထားတာ လူမိသြားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
851 shares79 views

DSLR နဲ႕ ရိုက္ထားတဲ့ပုံကို Nova 3 ကင္မရာနမူနာပုံအျဖစ္ အစားထိုးေၾကာ္ျငာထားတာ လူမိသြားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ္ဖုန္းကင္မရာေတြ တျဖည္းျဖည္းနဲ႕ ပိုေကာင္းလာတယ္ဆိုေပမယ့္ တကယ့္ DSLR ကင္မရာၾကီးေတြကိုေတာ့ ဘယ္လိုမွ မယွဥ္ႏိုင္ေသးဘူးဆိုတာ အားလုံးသိၾကမွာပါ။ Huawei လည္း ဒါကို သိပုံေပၚပါတယ္။ ဘာလို႕လည္းဆိုေတာ့ မၾကာေသးခင္ကမွ မိတ္ဆက္ခဲ့တဲ့ Nova 3 ဖုန္း ေၾကာ္ျငာဗီဒီယိုမွာ Huawei ဟာ…

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?
FEATURES, Softwares & Application
34 shares9 views

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ႔ရဲ႕ လူမႈကြန္ရက္မ်ားမွ သတင္း၊ ေဆာင္းပါး ၊ ပို႔စ္၊ ဗီဒီယို ၊ ဓါတ္ပံုမ်ားကို Facebook ထဲမွာ သိမ္းထားႏုိင္တဲ့ စြမ္းေဆာင္ခ်က္ကို ထည့္ေပးထားတာ ၾကာပါၿပီ။ ဒါေပမယ့္ ၀က္ဆိုက္မ်ားကို ၾကည့္ေနရင္းကေန သတင္း၊ ေဆာင္းပါးမ်ားကို Facebook…

Leave a Comment

Most from this category