Facebook Messenger ကိုလစဉ်အသုံးပြုသူ သန်း၈၀၀ကျော်ရှိလာ

messenger

Facebook က သူတို့ရဲ့ Messenger Software ကိုလစဉ်အသုံးပြုတဲ့လူတွေ သန်း၈၀၀ကျော်ရှိနေပြီး နောက်ပိုင်းမှာ ဒီထက်ပိုများလာဖို့ရှိတယ်လို့ Facebook ကပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ Messenger အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ Messengerဟာ တစ်ကမ္ဘာလုံးကလူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဆက်သွယ်ဖို့အကောင်းဆုံးနေရာတစ်နေရာဖြစ်လာဖို့ပါပဲ” လို့ Messaging ထုတ်ကုန်တွေကို ဦးဆောင်သူ Dave Marcus က အွန်လိုင်းပို့စ်တစ်ခုမှာပြောပါတယ်။

သူကဒီလိုမျိုး မယုံနိုင်ဖွယ်ကောင်းတဲ့ အရေအတွက်တွေအတွက်တောင် ဒါဟာ ‘အစပဲ’ ရှိပါသေးတယ်လို့ဆိုပါတယ်။ စမတ်ဖုန်းမက်ဆေ့ခ်ျApp တွေဟာ မြန်နှုန်း၊ ဓာတ်ပုံများပို့ရာတွင်လျှင်မြန်လာမှု၊ ဗီဒီယိုကောလ်တွေခေါ်လာနိုင်မှု၊ လုပ်ငန်းတွေမှာ Customer Services အတွက်စာတွေပို့လာနိုင်မှု၊ သူငယ်ချင်းတွေကို ပိုက်ဆံပေးပို့လာနိုင်မှု စတဲ့မယုံနိုင်ဖွယ်စွမ်းရည်တွေကြောင့် ပြီးခဲ့တဲ့နှစ်က တဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။

Facebook အနေနဲ့ သူတို့ရဲ့ Messenger အတွက်ထောက်ပံ့မှုအနေနဲ့ “M” ဆိုတဲ့အရာတစ်ခုကိုစတင်စမ်းသပ်နေပြီး ထုတ်ပြန်ချက်တွေအရ Messenger မှာ သိဥာဏ်တုကိုထည့်သွင်းဖို့ကြိုးစားနေတာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ
cameras, FEATURES, Softwares & Application
167 shares158 views

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ

Ko Thuya - Aug 22, 2017

စမတ်ဖုန်းများမှာ ဓါတ်ပုံရိုက်လိုက်တဲ့ အခါမှာ Camera Shutter Sound ထွက်လာအောင် ဖန်တီးထားကြပါတယ်။ အဲဒီ အသံဟာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ပိတ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ ပိတ်နည်းများဟာ စမတ်ဖုန်း တစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူး။ သင့် ဖုန်းမှာ…

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ
Knowledge, Others, Trends
200 shares100 views

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ

zayarsan - Aug 22, 2017

AI တွေကို အမျိုးသမီးတွေရဲ့ မီးဖိုချောင်အကူကနေစပြီး အမျိုးသားတွေရဲ့ အားကစားပွဲတွေထိ ပါဝင်အောင် လိင်အမျိုးအစား ခွဲ၍ Train ပေးခဲ့ပြီး အချိန်ကာလများစွာ လေ့လာခဲ့တယ် လို့ သိရပါတယ်။ လေ့လာသူတွေရဲ့ နှစ်ရှည်စီမံကိန်းက ပုံတွေကို စုဆောင်းဖော်ပြခဲ့ရာမှ AI တွေကို လူသားတွေအတွက် လေ့ကျင့်မှု…

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ
Gadgets, Google, HUBS
119 shares74 views

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ

zayarsan - Aug 22, 2017

ကွန်ပျူတာ နဲ့ အိုင်တီ Cosumer ဈေးကွက်ကို တစ်ဆင့်ချင်း လာနေပြီဖြစ်တဲ့ Google ကုမ္ပဏီ ဟာ အရင်က လိုင်းဖုန်းတွေမှာ Chrome book, Pixel line လို့ လူသိများတဲ့ Chromebook လိုမျိုး ၂ မျိုး သုံး…

Leave a Comment

Most from this category