1481 Shares 721 Views
Jun 01, 2018
1481 721
[Zawgyi]
[Unicode]
YBS နဲ့ မကင်းတဲ့သူတွေ ဆောင်ထားသင့်တဲ့ ၃၉ ဗိုက်ပူ
ဒီတစ်ပတ်ရဲ့ Digital Times က App for you ကဏ္ဍလေးအတွက် YANGON Bus Guide Application လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Application ရဲ့ နာမည်က 39 Bite Pu (၃၉ ဗိုက်ပူ) ဖြစ်ပါတယ်။ Snare အဖွဲ့ရဲ့ သီချင်းတော့မဟုတ်ပါဘူး 😛
Developer ကတော့ TTKeyboard ကို ဖန်တီးရေးသားခဲ့တဲ့ ကိုသန့်သက် (Thant Thet Khin Zaw) ပါ။
39 Bite Pu ဟာ ၂၀၁၇ခုနှစ် ဇန်နဝါရီ လတုန်းက ထွက်ရှိခဲ့တဲ့ Application ဖြစ်ပြီး ၂၀၁၈ခုနှစ် မေလ ၂၃ရက်နေ့မှာတော့ နောက်ဆုံး Update ထွက်ရှိခဲ့ပါတယ်။ ယခု Update မှာ လမ်းကြောင်း အသစ်တွေ၊ ပိုပြီးကောင်းလာတဲ့ မြေပုံတွေနဲ့ ဘတ်စ်ကားလိုင်း အသစ်တွေကို ထပ်ပြီးထည့်သွင်းထားပါတယ်။ ဘတ်စ်ကားလိုင်း အဟောင်းတွေရဲ့ အပြောင်းအလဲတွေကို ပြန်လည်ပြင်ဆင်ထားပြီး လိုင်း အမှတ် ၉၄ ထိ အသစ်ထည့်သွင်းထားတာကို တွေ့ရပါတယ်။
စထွက်မည့်နေရာမှာ မိမိ စထွက်မယ့် နေရာအမည် (ဒါမှမဟုတ်) မှတ်တိုင်အမည်ကို Search Box မှာ ရိုက်ထည့်ရုံနဲ့ အလွယ်တကူ ရွေးချယ်နိုင်ပါတယ်။ အလားတူ သွားလိုသော နေရာမှာလည်း မိမိ သွားလိုသော နေရာအမည် (ဒါမှမဟုတ်) မှတ်တိုင်အမည်ကို ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် လမ်းလျှောက်လိုသော အကွာအဝေးကိုပါ ထည့်သွင်းပေးထားပါတယ်။ ဒါကတော့ ဒီ Application လေးရဲ့ အားသာချက်/ထူးခြားချက် ဖြစ်ပါတယ်။ တချိူ့ နေရာတွေမှာ လမ်းဖြတ်လျှောက်ရင် ခရီးပိုတိုပြီး မြန်မြန်ဆန်ဆန်နဲ့ ခရီးတွင်နိုင်တာကြောင့် ဒီ Feature လေးကို ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ လမ်းကြောင်းတွေ ရှာဖွေတဲ့ အခါမှာလည်း ကိုယ်သွားမယ့် လမ်းကြောင်းပေါ် မူတည်ပြီး ၁ကြောင်းကနေ အများဆုံး ၃ကြောင်း အထိ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိ နှစ်သက်ရာ လမ်းကြောင်းကို ထပ်မံရွေးချယ်နိုင်မှာပါ။ (အင်တာနက် လိုအပ်ပါတယ်)
ဘတ်စ်ကားလိုင်း တစ်ခုချင်းစီရဲ့ လမ်းကြောင်းတွေကိုလည်း အင်တာနက်မလိုဘဲ ကြည့်ရှု့နိုင်မှာပါ။ လမ်းကြောင်းတွေကို မြေပုံပေါ်မှာ ဖော်ပြပေးထားတဲ့အတွက် မိမိသွားလိုတဲ့ နေရာကို အလွယ်တကူ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းကြောင်းပေါ်က မှတ်တိုင်တွေကိုလည်း ပြသပေးပြီး မိမိသွားလိုတဲ့ မှတ်တိုင်ကို နှိပ်လိုက်မယ်ဆိုရင်တော့ အဲ့ဒီမှတ်တိုင်မှာ ရပ်တဲ့ ဘတ်စ်ကားတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
39 Bite Pu ဟာ Unicode နဲ့ Zawgyi ၂မျိူးစလုံးကို ရွေးချယ် အသုံးပြုနိုင်တဲ့ Application ဖြစ်ပြီး Play Store (Android) နဲ့ App Store (iOs) တို့မှာ Download ရယူနိုင်ပါတယ်။ 39 Bite Pu Application နဲ့ ပတ်သတ်ပြီး အမှားအယွင်းတွေ့ရှိပါက fb.com/BitePuBusApp ဖေ့ဘုတ်ပေ့မှာ အကြံပြု အကြောင်းကြားနိုင်ပါတယ်။
39 Bite Pu ဟာဆိုရင် ရန်ကုန်မြို့ရှိ YBS (Yangon Bus Service) နဲ့ မကင်းသူများ ဆောင်ထားသင့်တဲ့ Application ဖြစ်တာကြောင့် ဒီတပတ်ရဲ့ App for you ကဏ္ဍလေးမှာ ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
အောက်က လင့်တွေမှာ 39 Bite Pu (Update) ကို Download ယူလို့ရပါတယ်
iOS: http://j.mp/39bitepu-ios
Android (APK): http://bit.ly/39bitepu
Android (PlayStore): https://play.google.com/store/apps/details…
You may be interested
Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Apple, FEATURES, HOW TO
118 shares30 views
Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Ko Thuya - Nov 12, 2018
ဖုန်းတွေမှာ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိမ်းဖို့ စကရင်ရှော့များဟာ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထုတ် iOS Device များမှာ Home Button ကို ဖယ်ရှားလိုက်တဲ့ အတွက် စကရင်ရှော့ ရိုက်နည်းများ ပြောင်းလဲသွားပါတယ်။ iPhone X နဲ့…
Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Android, HUBS, Mobiles & Tablets
206 shares26 views
Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Ko Thuya - Nov 12, 2018
ရှောင်မီက ဧပြီလမှာ Black Shark Gaming Phone ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ အွန်လိုင်းစတိုးမှာ…
VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Android, HUBS, Mobiles & Tablets
117 shares14 views
VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Ko Thuya - Nov 12, 2018
Oppo က ရှန်ဟိုင်းမှာ “Super VOOC Flash Charge Day” အမည်ရ ပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ VOOC Fast Charging နည်းပညာ ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ အထိမ်းအမှတ် အဖြစ်…
Leave a Comment
Most from this category