Mobile Legends Southeast Asia Cup 2018 မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ရွေးချယ်ပွဲ

MSC 2018-MM Qualifier ပွဲဟာ Shanghai Moonton Technology Co.,Ltd နဲ့ Game Cast Network Myanmar တို့ပူးပေါင်းပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် MSC 2108 ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း ရွေးထုတ်မယ့် ယှဉ်ပြိုင်ပွဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတိုင်း အခမဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ချီးမြင့်သွားမယ့် စုစုပေါင်း ဆုကြေးငွေကတော့ အမေရိကန်ဒေါ်လာ ၆၀၀၀ (မြန်မာငွေကျပ် သိန်း ရှစ်ဆယ်ခန့်) ဖြစ်ပါတယ်။

ပထမဆု – အမေရိကန်ဒေါ်လာ ၂၅၀၀ နှင့် ဂိမ်းတွင် အသုံးပြုနိုင်သော စိန် ၁၀၀,၀၀၀
ပဉ္စမဆု မှ အဋ္ဌမဆု – အမေရိကန်ဒေါ်လာ ၂၅၀ နှင့် ဂိမ်းတွင် အသုံးပြုနိုင်သော စိန် ၅၀,၀၀
ဆုကြေးငွေ စုစုပေါင်း – ဒေါ်လာ ၆၀၀၀ နှင့် ဂိမ်းတွင် အသုံးပြုနိုင်သော စိန် ၂၁၀,၀၀၀ ဖြစ်ပါတယ်။
အထက်ပါ ဆုကြေးငွေတွေကို ရွေးချယ်ခြင်း ခံရတဲ့ မြန်မာ အသင်း ၈သင်းအား ချီးမြင့်သွားမှာ ဖြစ်ပြီး ပထဆု ရရှိတဲ့ အသင်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် MSC 2018 ပွဲသို့ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

MSC 2018-MM Qualifier ရဲ့ အစောပိုင်းပွဲစဉ်များကို ဇွန်လ ၂၅ရက်နေ့ကနေ ဇူလလိုင် ၁ရက်နေ့အထိ အွန်လိုင်းပေါ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ MSC 2018-MM Qualifier ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဇွန်လ ၁၃ရက်နေ့ကနေ ၂၁ရက်နေ့အထိ Google Form ကိုအသုံးပြုပြီး Register လုပ်ရမှာ ဖြစ်ပါတယ်။ အခမဲ့ Register လုပ်နိုင်ပြီး အသင်းကလည်း အရေအတွက် အကန့်အသတ်မရှိ ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာပါ။ ပွဲသတင်း အချက်အလက်များကို Game Cast Network – Mobile Legends (GCN-MLBB) Facebook စာမျက်နှာနဲ့ Mobile Legends: Bang Bang – MM (MLBB-MM) Facebook စာမျက်နှာတို့မှာ အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

Mobile Legends Southeast Asia Cup 2018 မြန်မာ့လက်ရွေးစင်အသင်း ယှဥ်ပြိုင်ရွေးချယ်ပွဲ

%d bloggers like this: