သင့် ဖုန်းကို သန့်ရှင်းရေး လုပ်ပေးမယ့် Google Files Go

ဒီနေ့ခေတ် စမတ်ဖုန်းများမှာ Cleaner App များ ထည့်သွင်းပေးထားကြပါတယ်။ Google ကလည်း သူ့ကိုယ်ပိုင် Cleaner App ကို ဖန်တီးနေပါတယ်။ သူ့ရဲ့ အမည်ကတော့ Files Go ဖြစ်ပြီး စမတ်ကျတဲ့ ဖိုင်မန်နေဂျာ ဖြစ်ပြီး Cleaner စွမ်းရည်များလည်း ပါပါတယ်။ Files Go ဟာ စွမ်းဆောင်ရည်နိမ့် ဖုန်းများမှာ ချောမွတ်စွာ အလုပ်လုပ်တဲ့ Android Go ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။ Files Go ဟာ သင့်ဖုန်းမှ အမှိုက်ဖိုင်များ၊ အသုံးမပြုတဲ့ ဖိုင်များနဲ့ Apps များ၊ တူနေတဲ့ ဖိုင်များကို ရှာဖွေရှင်းလင်းပေးနိုင်ပါတယ်။ အဲဒီအတွက် သင့်ဖုန်းကို လျှင်မြန်စေသလို Storage များ တိုးပွားစေပါတယ်။ သူ့မှာ သူငယ်ချင်းများနဲ့ ဖိုင်များကို လျှင်မြန်စွာ မျှဝေနိုင်တဲ့ စွမ်းရည်လည်း ပါရှိပါတယ်။ အင်တာနက် မလိုဘဲ Bluetooth , WiFi Hotspot များဖြင့် ဖိုင်များကို မျှဝေခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ User Interface က ရှင်းလင်းပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ ဖိုင်အရွယ်အစားက 5MB သာရှိတဲ့အတွက် သင့်ဖုန်းရဲ့ Storage အနည်းငယ်ကိုသာ အသုံးပြုထားပါတယ်။

ပထမဆုံးအကြိမ်ဖွင့်ရင် သူ့ရဲ့ စည်းကမ်းများကို သဘောတူရမှာပါ။ Agree ကို နှိပ်ပါ။ သူ့ရဲ့ Home Screen မှာ လုပ်ဆောင်ချက်များကို ကဒ်များဖြင့် ပြသထားပါတယ်။ App cache မှာ အမှိုက်ဖိုင်များနဲ့ သူ့ရဲ့ အရွယ်အစားကို ပြသထားပါတယ်။ Free Up 101MB ကို နှိပ်ပြီး ရှင်းလင်းချင်တဲ့ ဖိုင်များကို ရွေးချယ်၍ ရှင်းလင်းနိုင်ပါတယ်။

သူ့ရဲ့အောက်မှာ Zapya Media ကို ပြသထားပါတယ်။ အပေါ်ကနည်းလမ်းအတိုင်း သင် အလိုမရှိတဲ့ မီဒီယာဖိုင်များကို ရှင်းလင်းနိုင်ပါတယ်။ သူ့ရဲ့ အောက်မှာ သီချင်းဖိုင်များကို ပြသထားပြီး အထက်ပါနည်းအတိုင်း ရှင်းလင်းနိုင်ပါတယ်။ မရှင်းလင်းချင်တဲ့ ကဒ်များကို ညာဘက်သို့ ပွတ်ဆွဲ၍ အကြံပြုချက် စာရင်းကနေ ဖယ်ရှားနိုင်ပါတယ်။

သူ့ရဲ့ အောက်မှာ App များမှ မီဒီယာဖိုင်များနဲ့ အရွယ်အစားကြီးမားတဲ့ ဖိုင်များကို ရှာဖွေပေးထားပါတယ်။
သူ့ရဲ့ အောက်မှာ ဒေါင်းလုပ်လုပ်ထားတဲ့ ဖိုင်များ၊ တူညီနေတဲ့ ဖိုင်များကို ရှင်းလင်းနိုင်ပါတယ်။ Junk Media မှာတော့ မဖွင့်တာကြာပြီ ဖြစ်တဲ့ မီဒီယာဖိုင်များကို တွေ့နိုင်ပါတယ်။
သူ့ရဲ့ အောက်မှာ အသုံးမပြုတာကြာပြီ ဖြစ်တဲ့ App များကို ဖယ်ရှားဖို့အတွက် အကြံပြုထားပါတယ်။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်ကို သုံးဖို့အတွက် Go to Settings ခလုတ်ကို နှိပ်၍ Settings ထဲမှာ အရင်ဆုံး ခွင့်ပြုချက်ပေးရမှာ ဖြစ်ပါတယ်။
ခွင့်ပြုချက်ပေးပြီးရင်တော့ သင် အသုံးမပြုတာကြာပြီ ဖြစ်တဲ့ Apps များကို ပြသပေးပါတယ်။ သင် မနှစ်သက်တဲ့ Apps များကို ရွေးချယ်၍ Uninstall ပြုလုပ်နိုင်ပါတယ်။

အောက်ခြေမှ Files Tab ထဲကိုသွားပါ။ အဲဒီမှာတော့ ဖိုင်များကို အမျိုးအစားအလိုက် ခွဲခြားပြသပေးထားပါတယ်။ အဲဒီကနေလည်း ဖိုင်များကို ရှင်းလင်းနိုင်ပါတယ်။ အောက်ခြေမှာတော့ သင့် သူငယ်ချင်းများနဲ့ ဖိုင်များကို မျှဝေနိုင်တဲ့ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။
သူ့ရဲ့ ဖိုင်အရွယ်အစားကတော့ 5.4MB ရှိပြီး Android 5.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

Ref : androidauthority

unicode

သင့် ဖုန်းကို သန့်ရှင်းရေး လုပ်ပေးမယ့် Google Files Go

%d bloggers like this: