2203 Shares 531 Views
May 31, 2018
2203 531
Ref : gsmarena
unicode
ဓါတ်ပုံဖြင့် လှည့်စားခံလိုက်ရတဲ့ OnePlus 6 ရဲ့ Face Unlock
Apple က iPhone X မှာ Face ID ကို ထည့်သွင်းပေးလိုက်ပြီးနောက်မှာတော့ Android Phone ထုတ်လုပ်သူများကလည်း Face Unlock ကို ပြန်လည် အသက်သွင်းလာကြပါတယ်။ ဒါပေမယ့် iPhone X မှာလို စွမ်းရည်မြင့်တဲ့ ကင်မရာ အစိတ်အပိုင်းများကို Android Phone များမှာ ထည့်သွင်းထားခြင်း မရှိဘဲ Selfie Camera ကိုသာ အားကိုးထားပါတယ်။ အဲဒီအတွက် လုံခြုံရေး အပိုင်းမှာ Android Phone များရဲ့ Face Unlock ဟာ iPhone X ရဲ့ Face ID ကို မယှဉ်နိုင်ပါဘူး။
အခုတော့ @rik က OnePlus 6 ရဲ့ Face Unlock ကို ဓါတ်ပုံတစ်ပုံနဲ့ ကျော်ဖြတ်ပြလိုက်ပါတယ်။ အဖြူ၊ အမည်း ဓါတ်ပုံနဲ့တောင် ဒီလို ပြုလုပ်နိုင်တာကို တွေ့ရပါတယ်။ အဲဒီအတွက် OnePlus 6 ပိုင်ရှင်များဟာ ဖုန်းရဲ့ လုံခြုံရေးအတွက် Face Unlock အစား လက်ဗွေရာ အာရုံခံ ကိရိယာကိုသာ အားကိုးသင့်ပါတယ်။
iPhone X ရဲ့ Face ID ဟာ နေကာမျက်မှန် အများစုနဲ့ အလုပ်လုပ်တယ်လို့ ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲ အင်ဂျင်နီယာချုပ်ဖြစ်သူ Craig Federighi က ပြောခဲ့ဖူးပါတယ်။ သူက “ နေကာမျက်မှန် အများစုဟာ Face ID က သင့် မျက်လုံးကို မြင်ရစေတဲ့ IR Light ကို ဖြတ်သန်းစေပါတယ်။ “ လို့ ရှင်းပြပါတယ်။
Apple က စက်တင်ဘာလ ၁၂ ရက်နေ့မှာ Face ID ကို မိတ်ဆက်စဉ်မှာ iPhone X ပိုင်ရှင်ဟာ ဦးထုပ်၊ ပါဝါ မျက်မှန်နဲ့ အခြား အရာဝတ္ထုများ ဆင်မြန်းထားခြင်း၊ မိတ်ကပ်လိမ်းခြယ်ထားခြင်း၊ မုတ်ဆိတ်မွှေးများ ပေါက်လာခြင်းများ ပြုလုပ်ထားရင်တောင် Face ID က မှတ်မိတယ်လို့ ပြောခဲ့ပါတယ်။ နေကာမျက်မှန်ကိုတော့ အဲဒီအချိန်က ပြောကြားခြင်း မရှိခဲ့ပါဘူး။
Ref : gsmarena
You may be interested
48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Android, HUBS, Mobiles & Tablets
0 shares0 views
48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Ko Thuya - Feb 23, 2019
OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…
Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Android, Huawei, HUBS
131 shares14 views
Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019
ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…
4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
NEWS, Odd
1072 shares231 views
4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019
သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…
Leave a Comment
Most from this category