281 Shares 73 Views
May 31, 2018
281 73
Ref : gsmarena
unicode
LG က FullVision Display ပါတဲ့ V35 ThinQ ကို မိတ်ဆက်
LG က V35 ThinQ ကို မိတ်ဆက်လိုက်ပါတယ်။ သူဟာ များသောအားဖြင့် LG V30S ThinQ နဲ့ တူညီပါတယ်။ V35 မှာ ၆ လက်မ FullVision OLED Display တပ်ဆင်ထားပြီး HDR10 ကို ထောက်ပံ့ပါတယ်။ ကင်မရာ အပိုင်းမှာ တိုးတက်လာပြီး LG G7 ThinQ ရဲ့ 16MP Dual Camera ကို သုံးထားပါတယ်။ V30 မှာ 16+13MP သာပါပါတယ်။ အရှေ့ဘက်မှာ 5MP အစား 8MP Camera ကို သုံးထားပါတယ်။ ပင်မ ကင်မရာမှာ G7 မှာလို Super Bright Camera Mode ပါပါတယ်
LG ရဲ့ Signature ဖြစ်တဲ့ Quad DAC အသံစွမ်းရည်ပါလာပါတယ်။ Band & Olufsen Headphones ကိုလည်း ထည့်ပေးထားပါတယ်။ IP68 စံနှုန်း ရှိပါတယ်။ 3300mAh Battery ထည့်သွင်းထားပြီး G7 ရဲ့ ဘက်ထရီထက် ၁၀ ရာခိုင်နှုန်း ပိုမိုကြီးမားပါတယ်။ ကြိုးမဲ့ အားသွင်း စနစ် ပါသလို Quick Charge 3.0 လည်း ထည့်သွင်းထားပါတယ်။
Snapdragon 84 , 6GB RAM , 64GB or 128GB Storage များ ထည့်သွင်းထားပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ Android 8.0 Oreo နဲ့အတူ ThinQ ဉာဏ်ရည်တု နည်းပညာကို သုံးနိုင်မှာပါ။ သူ့မှာ Notch မပါပါဘူး။ ဒေါ်လာ ၉၀၀ သတ်မှတ်ထားပါတယ်။ ဇွန်လ ၁ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဇွန်လ ၈ ရက်နေ့မှာ ရောင်းချမှာပါ။
Ref : gsmarena
You may be interested
နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN
FEATURES, Softwares & Application
0 shares0 views
နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN
Ko Thuya - Jun 21, 2018
TunnelBear VPN ဟာ အခမဲ့ VPN ၀န်ဆောင်မှုများထဲမှာ နာမည်ကြီးပါတယ်။ VPN များဟာ နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံကနေ ကြည့်ရှုလို့ မရတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကျော်ခွ၍…
Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်
NEWS, smartwatch
62 shares19 views
Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်
Ko Thuya - Jun 21, 2018
အမေရိကန် နည်းပညာ ကုမ္ပဏီ Garmin က Fitness Tracker/ Smartwatch အသစ်များကို ပြသလိုက်ပါတယ်။ Fenix 5 Plus ၊ Fenix 5S Plus နဲ့ Fenix 5X Plus တို့ ဖြစ်ပါတယ်။…
သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်
Local News
61 shares6 views
သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်
Nwe Oo - Jun 21, 2018
[Zawgyi] မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် Samsung Myanmar သည် သင်္ကြန်ပွဲတော်အထိမ်းအမှတ် “Samsung Love Myanmar” ကံစမ်းမဲအထူးအစီအစဉ်၏ Suzuki Ciaz Car ကံထူးရှင်အပါအဝင် အခြား ဆုမဲများပေါင်း ၁၆၀ ကျော်ကို ကံထူးသွားသူများအား ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို…
Leave a Comment
Most from this category