0 Shares 167 Views

Xiaomi ရဲ႕ စီအီးအိုက Mi 8 ကင္မရာနဲ႔ ရိုက္ကူးထားတဲ့ ဓါတ္ပံုမ်ားကို ျပသ

May 31, 2018
0 167

Xiaomi Mi 8 နဲ႔ Mi 8 SE တို႔ကို မိတ္ဆက္ဖို႔ နာရီပိုင္းသာ လိုပါေတာ့တယ္။ အခုေတာ့ ေရွာင္မီရဲ႕ စီအီးအို ျဖစ္သူ လီဂြ်န္က Mi 8 ကင္မရာနဲ႔ ရိုက္ကူးထားတဲ့ ဓါတ္ပံု ၃ ပံုကို ျပသလိုက္ပါတယ္။ ဓါတ္ပံုမ်ားဟာ ေန႔ဘက္ ေနေရာင္ျခည္ ေကာင္းစြာ ရရွိတဲ့ အခ်ိန္နဲ႔ အလင္းေရာင္ နည္းပါးတဲ့ ညေန အခ်ိန္မ်ားမွာ ရိုက္ကူးထားျခင္း ျဖစ္ပါတယ္။ အဲဒီ ဓါတ္ပံုမ်ားကို ေအာက္မွာ ၾကည့္ပါ။

ဓါတ္ပံုမ်ားမွာ ပါတဲ့ အေဆာက္အဦးဟာ တရုတ္ႏိုင္ငံ ရွန္ဇန္မွာ ရွိတဲ့ Ping An Financial Center ျဖစ္ပါတယ္။ ဓါတ္ပံုမ်ားကို Compression ျပဳလုပ္ထားေပမယ့္ အရည္အေသြး အလြန္ျမင့္မားေနတာကို ေတြ႕ရပါတယ္။ Mi 8 မွာ AI စြမ္းရည္ပါတဲ့ အေနာက္ကင္မရာ ႏွစ္လံုး ပါလာမွာ ျဖစ္ၿပီး 20MP နဲ႔ 16MP မ်ား ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

Mi 8 ရဲ႕ ေပါက္ၾကား သတင္း အခ်က္အလက္မ်ားကို ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။ Xiaomi Mi 8 မွာ ၆.၀၁ လက္မ မ်က္ႏွာျပင္ တပ္ဆင္ထားမွာ ျဖစ္ၿပီး မ်က္နွာျပင္ရဲ႕ အထက္မွာ Width က်ယ္တဲ့ Notch ပါရွိမွာ ျဖစ္ပါတယ္။ သူ႔မွာ ေရွာင္မီ ကိုယ္တိုင္ ဖန္တီးထားတဲ့ မ်က္ႏွာျဖင့္ ဖုန္းကို Unlock လုပ္တဲ့ 3D Sensors မ်ား ပါလာမွာ ျဖစ္ပါတယ္။ Qualcomm Snapdragon 845 Chipset ပါလာမွာ ေသခ်ာသေလာက္ရွိပါတယ္။

သူ႔ကို ေမာ္ဒယ္ ႏွစ္မ်ိဳးထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။ 6GB RAM/64GB Storage ကို ၄၄၀ ေဒၚလာနဲ႔ စြမ္းရည္ျမင့္ 8GB RAM/128GB Storage ကို ၅၀၀ ေဒၚလာျဖင့္ ေရာင္းခ်မယ္လို႔ သတင္းထြက္ေနပါတယ္။ အဲဒီ ဖုန္းရဲ႕ အေနာက္ကင္မရာ ႏွစ္လံုးကိုလည္း ဥာဏ္ရည္တု နည္းပညာက ေထာက္ကူေပးမွာ ျဖစ္ၿပီး Scenes ေပါင္း ၂၀၀ ေက်ာ္ကို ခြဲျခမ္းစိတ္ျဖာႏုိင္ပါတယ္။ သူ႔မွာ မတူညီတဲ့ Portrait Mode ၁၂ မ်ိဳးလည္း ပါလာမွာပါ။ သူ႔မွာ Quick Charge 4.0+ လည္း ပါလာမယ္လို႔ Qualcomm က အတည္ျပဳထားပါတယ္။

Ref : gsmarena

unicode

Xiaomi ရဲ့ စီအီးအိုက Mi 8 ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို ပြသ

Xiaomi Mi 8 နဲ့ Mi 8 SE တို့ကို မိတ်ဆက်ဖို့ နာရီပိုင်းသာ လိုပါတော့တယ်။ အခုတော့ ရှောင်မီရဲ့ စီအီးအို ဖြစ်သူ လီဂျွန်က Mi 8 ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၃ ပုံကို ပြသလိုက်ပါတယ်။ ဓါတ်ပုံများဟာ နေ့ဘက် နေရောင်ခြည် ကောင်းစွာ ရရှိတဲ့ အချိန်နဲ့ အလင်းရောင် နည်းပါးတဲ့ ညနေ အချိန်များမှာ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ အဲဒီ ဓါတ်ပုံများကို အောက်မှာ ကြည့်ပါ။

ဓါတ်ပုံများမှာ ပါတဲ့ အဆောက်အဦးဟာ တရုတ်နိုင်ငံ ရှန်ဇန်မှာ ရှိတဲ့ Ping An Financial Center ဖြစ်ပါတယ်။ ဓါတ်ပုံများကို Compression ပြုလုပ်ထားပေမယ့် အရည်အသွေး အလွန်မြင့်မားနေတာကို တွေ့ရပါတယ်။ Mi 8 မှာ AI စွမ်းရည်ပါတဲ့ အနောက်ကင်မရာ နှစ်လုံး ပါလာမှာ ဖြစ်ပြီး 20MP နဲ့ 16MP များ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

Mi 8 ရဲ့ ပေါက်ကြား သတင်း အချက်အလက်များကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ Xiaomi Mi 8 မှာ ၆.၀၁ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး မျက်နှာပြင်ရဲ့ အထက်မှာ Width ကျယ်တဲ့ Notch ပါရှိမှာ ဖြစ်ပါတယ်။ သူ့မှာ ရှောင်မီ ကိုယ်တိုင် ဖန်တီးထားတဲ့ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်တဲ့ 3D Sensors များ ပါလာမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 845 Chipset ပါလာမှာ သေချာသလောက်ရှိပါတယ်။

သူ့ကို မော်ဒယ် နှစ်မျိုးထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ 6GB RAM/64GB Storage ကို ၄၄၀ ဒေါ်လာနဲ့ စွမ်းရည်မြင့် 8GB RAM/128GB Storage ကို ၅၀၀ ဒေါ်လာဖြင့် ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းရဲ့ အနောက်ကင်မရာ နှစ်လုံးကိုလည်း ဉာဏ်ရည်တု နည်းပညာက ထောက်ကူပေးမှာ ဖြစ်ပြီး Scenes ပေါင်း ၂၀၀ ကျော်ကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ သူ့မှာ မတူညီတဲ့ Portrait Mode ၁၂ မျိုးလည်း ပါလာမှာပါ။ သူ့မှာ Quick Charge 4.0+ လည်း ပါလာမယ်လို့ Qualcomm က အတည်ပြုထားပါတယ်။

Ref : gsmarena

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category