နောက်ထပ် Xiaomi ဖုန်းတစ်လုံးကတော့ TENAA ကနေခွင့်ပြုချက်ရခဲ့ပြန်ပါပြီ။ သူကတော့ Xiaomi Redmi 6A ဖြစ်နိုင်ပြီး မော်ဒယ်လ်နံပါတ်ကတော့ M1804C3CT, M1804C3DT, M1804C3DC ဆိုပြီး ၃မျိုးထွက်လာပါတယ်။ ပထမဆုံးမော်ဒယ်ကတော့ 8MP ကင်မရာတစ်လုံးပဲပါပြီး ကျန်တဲ့၂လုံးကတော့ dual-camera (12MP+8MP) တွေနဲ့ပါ။
(Xiaomi M1804C3CT)
မော်ဒယ်လ်၃မျိုးလုံးကတော့ 5.45-inch 1440x720p resolution, 18:9 display ကိုသုံးထားပြီးတော့ Android 8.1 နဲ့ပွဲထွက်လာနိုင်ပါတယ်။ ရှေ့ဘက် ဆယ်လ်ဖီကင်မရာကတော့ 5MP ရှိပြီး 3000mAh ဘက်ထရီတွေကိုသုံးထားပါတယ်။ သုံးမျိုးလုံးရဲ့ dimension ကတော့ 147.46×71.49×8.3mm ြဖစ်ပြီး ၁၄၆ဂရမ်စီလေးပါတယ်။
(Xiaomi M1804C3DT/M1804C3DC)
Redmi 6A မှာ Processor ကိုတော့ Snapdragon 625 ကိုသုံးထားနိုင်ပြီး RAM တွေကတော့ 2GB, 3GB, 4GB ဆိုပြီးရွေးစရာရှိပါမယ်။ အရောင်ကတော့ အနက်၊ အပြာ၊ အနီ၊ ပန်းရောင်၊ ခရမ်း၊ အဝါ၊ အဖြူ၊ ရွှေရောင်၊ Rose Gold အရောင်နဲ့ Silver grey ရောင်ဆိုပြီး အနည်းဆုံး ၁၀ရောင်လာနိုင်ပါတယ်။
Source: GSMARENA
You must log in to post a comment.