0 Shares 240 Views


May 30, 2018
0 240


၁။ Ninite


• URLVoid Rating: 24/25

၂။ Softpedia



• URLVoid Rating: 25/25

၃။ MajorGeeks



• URLVoid Rating: 25/25

၎။ FileHippo


• URLVoid Rating: 24/25

၅။ Filepuma


• URLVoid Rating: 25/25

၆။ Download Crew



• URLVoid Rating: 25/25

ref : techviral

unicode

Windows Software များကို လုံခြုံစိတ်ချစွာ Download လုပ်နိုင်တဲ့ Website များ

အခမဲ့ ဆော့ဖ်ဝဲများကို ဒေါင်းလုပ်လုပ်နိုင်တဲ့ ဝက်ဆိုက်များစွာ ရှိပေမယ့် ဗိုင်းရက်စ်များ ပါလာနိုင်တဲ့ ပြဿနာ ရှိပါတယ်။ အဲဒီ ဆော့ဖ်ဝဲများကို အင်စတော လုပ်တာနဲ့ ဗိုင်းရက်စ် အပြင် Malware များလည်း သင့် ကွန်ပြူတာကို ကူးစက်နိုင်ပါတယ်။ ဝက်ဆိုက်များမှာ Fake Download Button များကိုလည်း ထည့်သွင်းထားတတ်ကြပါတယ်။ အချို့ ဝက်ဆိုက်များမှာ ဆော့ဖ်ဝဲတစ်ခု ဒေါင်းလုပ်လုပ်ဖို့အတွက် မလိုအပ်တဲ့ ဆာဗေးများကိုလည်း ဖြေကြရပါတယ်။ အဲဒီအတွက် လုံခြုံစိတ်ချမှု ရှိပြီး အခမဲ့ ဆော့ဖ်ဝဲများကို ဒေါင်းလုပ်လုပ်နိုင်တဲ့ ဝက်ဆိုက်များကို ဖော်ပြပေးလိုက်ပါတယ်။ လုံခြုံစိတ်ချရတဲ့ ဝက်ဆိုက်များကို လေ့လာစစ်ဆေးပေးတဲ့ Worth of Trust , URLVoid , SiteAdvisor များရဲ့ အဲဒီဝက်ဆိုက်များအပေါ် သုံးသပ်ပေးထားတဲ့ အညွှန်းကိန်းများကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။

၁။ Ninite

Ninite ဟာ အခမဲ့ ဆော့ဖ်ဝဲများကို ဒေါင်းလုပ်လုပ်နိုင်တဲ့ အကောင်းဆုံး ဝက်ဆိုက်များထဲမှ တစ်ခု ဖြစ်ပါတယ်။ သူ့မှာ ဆော့ဖ်ဝဲ များစွာ ရှိပြီး သင်နှစ်သက်တဲ့ ဆော့ဖ်ဝဲများကို တစ်ပြိုင်နက် ဒေါင်းလုပ်လုပ်ပေးတဲ့ Installer ကိုလည်း သူက ဖန်တီးပေးတဲ့အတွက် အလွန် အဆင်ပြေပါတယ်။ လုံခြုံစိတ်ချရမှုအပိုင်းမှာ သူက နာမည်ကြီးပါတယ်။

• WOT Trustworthiness: 94%
• URLVoid Rating: 24/25
• SiteAdvisor Verdict: Safe

၂။ Softpedia


Softpedia ဟာ ဆော့ဖ်ဝဲများ ဒေါင်းလုပ်လုပ်ဖို့ သာမက သတင်းများ ဖတ်ဖို့ပါ အသုံးဝင်တဲ့ ဝက်ဆိုက်ဖြစ်ပါတယ်။ သူ့မှာ Download ကဏ္ဍ ပါပြီး ဆော့ဖ်ဝဲပေါင်း ၈၅၀ ၀၀၀ ကျော် ရှိပါတယ်။ အင်တာနက်မှာတော့ အခမဲ့ ဆော့ဖ်ဝဲများ ရှိတဲ့ အကြီးမားဆုံး ဝက်ဆိုက် ဖြစ်ပါတယ်။

• WOT Trustworthiness: 93%
• URLVoid Rating: 25/25
• SiteAdvisor Verdict: Safe

၃။ MajorGeeks


MajorGeeks ဝက်ဆိုက် ဒီဇိုင်းဟာ ရှေးကျပေမယ့် ပေါ့ပါးသွက်လက်ပါတယ်။ ဆော့ဖ်ဝဲများစွာ ရှိပြီး ၁၅ နှစ်ကျော်ကြာ ရပ်တည်လာခဲ့တဲ့ နာမည်ကောင်းရှိတဲ့ ဝက်ဆိုက် တစ်ခု ဖြစ်ပါတယ်။

• WOT Trustworthiness: 93%
• URLVoid Rating: 25/25
• SiteAdvisor Verdict: Safe

၄။ FileHippo

FileHippo ဟာ ဆော့ဖ်ဝဲများရဲ့ နောက်ဆုံးထုတ် ဗားရှင်းများကို ဒေါင်းလုပ်လုပ်ဖို့ အရိုးရှင်းဆုံး နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။ အခမဲ့ ဆော့ဖ်ဝဲများကို ဒေါင်းလုပ်လုပ်နိုင်တဲ့ အကောင်းဆုံး ဝက်ဆိုက် တစ်ခု ဖြစ်ပါတယ်။ သူ့မှာ Popup Ads , Spyware များ မပါရှိဘဲ စိတ်ချရပါတယ်။

• WOT Trustworthiness: 93%
• URLVoid Rating: 24/25
• SiteAdvisor Verdict: Safe

၅။ Filepuma

ရုတ်တရက် ကြည့်လိုက်ရင် Filepuma ဟာ Filehippo နဲ့ ဆင်တူပါတယ်။ Filepuma မှာ ဆော့ဖ်ဝဲများ ရှာရတာ Filehippo ထက် ပိုမို လွယ်ကူပါတယ်။ ဝက်ဆိုက်ဟာ အသုံးပြုရလွယ်ကူပြီး ယုံကြည်စိတ်ချရပါတယ်။

• WOT Trustworthiness: 91%
• URLVoid Rating: 25/25
• SiteAdvisor Verdict: Safe

၆။ Download Crew


Download Crew မှာ ဆော့ဖ်ဝဲတစ်ခုချင်းစီအတွက် ဝေဖန်သုံးသပ်ချက်များကို ဖော်ပြပေးထားတဲ့အတွက် အသုံးဝင်ပါတယ်။ Windows အပြင် Mac, Linux, Android , iOS တို့အတွက်တောင် ဆော့ဖ်ဝဲများ ရှိပါတယ်။

• WOT Trustworthiness: 91%
• URLVoid Rating: 25/25
• SiteAdvisor Verdict: Safe

ref : techviral

You may be interested

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ
Android, Apple, HUBS
0 shares0 views

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ

Ko Thuya - Jul 21, 2019

စမတ်ဖုန်း အဟောင်းများကို အသစ်များနဲ့ လဲလှယ်ပေးတဲ့ BankMyCell ရဲ့ ဒေတာများအရ iPhone ကနေ Samsung Phone ပြောင်းကိုင်မှု များပြားနေတယ်လို့ သိရပါတယ်။ iPhone အဟောင်း ပိုင်ရှင်များဟာ iPhone အသစ်များနဲ့ လဲလှယ်ခြင်း မရှိတော့ဘဲ အခြား ဘရန်းများကို…

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ
HUBS, NEWS, Storage Devices
0 shares44 views

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ

Ko Thuya - Jul 21, 2019

Redmi က စမတ်ဖုန်းများ အပြင် ပါဝါဘန့်များကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး ပါဝါဘန့်များ ဖြစ်ပါတယ်။ 10000mAh နဲ့ 20000mAh Power Bank များ ဖြစ်ပြီး ၅၉ ယွမ်နဲ့ ၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။…

Pixel 4 ရဲ့ Screen ဓါတ်ပုံ ထွက်ပေါ်လာ
Android, Google, HUBS
0 shares15 views

Pixel 4 ရဲ့ Screen ဓါတ်ပုံ ထွက်ပေါ်လာ

Ko Thuya - Jul 21, 2019

Google Pixel 4 ရဲ့ ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှ ဘောင်ဟာ ကြီးမားတာကို မြင်ရပါတယ်။ Ice Universe က အဲဒီ ဓါတ်ပုံများကို မျှဝေလိုက်တာပါ။ S10 Plus , OnePlus 7…

Leave a Comment

Most from this category