0 Shares 234 Views

iPhone SE ကို ခံနိုင်ရည်စမ်းသပ်ရာမှာ အလွယ်တကူကွေးညွတ်သွားပြီး၊ ရလဒ်သိပ်မကောင်း

Apr 05, 2016
0 234

လူကြိုက်များ၊ ရေပန်းစားနေတဲ့ ၄ လက်မအရွယ် iPhone SE ကို (torture test) ခံနိုင်ရည်စမ်းသပ်ကြည့်ခဲ့ရာမှာ၊ ထင်သလောက် ခံနိုင်ရည်မကောင်းကြောင်း တွေ့ရှိခဲ့ရပါတယ်။

အီလက်ထရောနစ်ပစ္စည်းတွေကို ပြင်ပအာမခံသက်တမ်းရောင်းချတဲ့ ကုမ္ပဏီဖြစ်တဲ့ SquareTrade ကုမ္ပဏီဟာ iPhone SE ကို ရေထဲစိမ်၊ ဖိအားပေး၊ အမြင့်ကပစ်ချ အမျိုးမျိုး ပြုလုပ်ကာ၊ ခံနိုင်ရည် စမ်းသပ်ကြည့်ခဲ့ပါတယ်။

ရလဒ်ကို စိတ်မကောင်းစွာနဲ့ ပြောရမယ်ဆိုရင်တော့ iPhone SE ဟာ ပေါင် ၁၆၀ ဖိအားမှာတင်၊ အလွယ်တကူ ကွေးညွတ်သွားပြီး၊ အမြင့်ခြောက်ပေလောက်က ပစ်ချကြည့်ခဲ့ရာလည်း အလွယ်တကူ မှန်ကွဲအက်သွားခဲ့ပါတယ်။

ပထမဦးဆုံး ရေစိမ်ခံ စမ်းသပ်ချက်မှာ iPhone SE ကို ရေအနက်ငါးပေအောက် ချကြည့်ရာမှာ၊ ဖုန်းဟာ ချက်ချင်းလိုလို ပါဝါပိတ်သွားပြီး၊ ပါဝါလုံးဝပြန်တက်မလာတော့တာကို တွေ့ရပါတယ်။ SE နဲ့ ယှဉ်မယ်ဆိုရင် မနှစ်ကထုတ်ခဲ့တဲ့ iPhone 6s ဟာ ရေအောက်မှာ မိနစ်သုံးဆယ်လောက် ထားတာတောင် အသံ မထွက်တော့တာကလွဲရင် ဘာမှပျက်စီးမှုမရှိခဲ့ပါဘူး။

အမြင့်ကနေပြုတ်ကျမှုခံနိုင်ရည်စမ်းသပ်ချက်မှာ၊ iPhone SE ကို ခြောက်ပေအမြင့်ကနေ ပလက်ဖောင်းပေါ် ဖုန်းမှန်နဲ့ကျအောင် ပစ်ချကြည့်ခဲ့ရာမှာ၊ ဖုန်းမှန် ချက်ချင်းကွဲအက်သွားတာကို တွေ့မြင်ခဲ့ရပြန်ပါတယ်။

ဘေးတိုက် ပစ်ချကြည့်တော့လည်း၊ ပထမတစ်ခါလောက်မှာ ဘာမှမဖြစ်ပေမယ့်၊ ငါးကြိမ်မြောက်အပြီးမှာ၊ မှန်ကော ကိုယ်ထည်မှာပါ ပျက်စီးမှုတွေ တွေ့ရပြီး၊ ဆယ်ကြိမ်မြောက်မှာတော့ ဖုန်းဘေးက လုံးဝကွဲထွက် သွားကာ၊ မှန်လည်းကွဲအက်သွားခဲ့ပါတယ်။

46642e776a3b133204124882bfa5cad5

နောက်ဆုံးစမ်းသပ်မှုအဖြစ်၊ ဖုန်းကွေးညွတ်နိုင်မှုကို စမ်းသပ်ရာမှာ၊ iPhone SE ဟာ 6S နဲ့ 6S Plus ဖုန်းတွေ ထက် ထူပေမယ့်၊ ပေါင် ၁၆၀ လောက်ဖိအားပေးပြီး ဖိကြည့်တာနဲ့တင် အလွယ်တကူကွေးညွတ်သွားတာကို တွေ့ရပါတယ်။ ဒီအလေးချိန်ဟာ လူတစ်ယောက်ရဲ့ သာမန်အလေးချိန်လောက်ဖြစ်တာကြောင့် ဖုန်းကို ဘောင်းဘီနောက်အိတ်ကပ်ထဲ ထည့်ပြီး မထိုင်မိဖို့ အရေးကြီးပါတယ်။ ဖိအား ၁၇၈ ပေါင်ထိ တိုးလိုက်ရာမှာတော့ ဖုန်းဟာ လုံးဝကျိုးထွက်သွားခဲ့ပါတယ်။ ဒါဟာ iPhone 6S ထက် ၁၀ ပေါင် ခံနိုင်ရည် နည်းတာဖြစ်ပြီး၊ 6S Plus ထက် ခံနိုင်ရည် ပေါင် ၂၀ လောက်နည်းနေတာ ဖြစ်ပါတယ်။

iphone-se-bendgate-1-100654254-large

SquraeTrade ရဲ့ လက်တွေ့စမ်းသပ်ချက်ရလဒ်တွေကို ကြည့်မယ်ဆိုရင် iPhone SE ဟာ စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်ကောင်းတဲ့ဖုန်းဖြစ်ပေမယ့်၊ ခံနိုင်ရည်အားမှာတော့ သိပ်အကောင်းကြီး မဟုတ်တာကို တွေ့ရပါတယ်။

Ref: Fortune, SquareTrade

 

 

You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Apple, NEWS
0 shares0 views

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple

Nwe Oo Thant - Apr 20, 2018

[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
FEATURES, Softwares & Application
125 shares35 views

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း

Ko Thuya - Apr 20, 2018

Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Google, NEWS, Softwares & Application
115 shares17 views

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”

Nwe Oo Thant - Apr 20, 2018

[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app  အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…

Leave a Comment

Most from this category