1263 Shares 334 Views
မနက်ဖြန်မှာ မိတ်ဆက်မယ့် Mi Band 3 ရဲ့ ဈေးနှုန်း ပေါက်ကြား
May 30, 2018
1263 334
[Zawgyi]
Ref: gadgets.ndtv
[Unicode]
မနက်ဖြန်မှာ မိတ်ဆက်မယ့် Mi Band 3 ရဲ့ စျေးနှုန်း ပေါက်ကြား
Xiaomi ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကြီးကို မြင်တွေ့ရဖို့ ၁ရက်သာ လိုပါတော့တယ်။ အဲဒီ မိတ်ဆက်ပွဲမှာ Xiaomi ရဲ့ ထုတ်ကုန်သစ်တွေ ဖြစ်တဲ့ Mi 8, Mi 8 SE နဲ့အတူ MIUI 10 တို့ကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Wearable Device ဖြစ်တဲ့ Mi Band 3 Fitness Tracker လည်း ပါဝင်မှာပါ။
ဒီနေ့မှာတော့ Mi Band 3 ရဲ့ စျေးနှုန်းဟာ Xiaomi ရဲ့ တရားဝင် Mobile App ကနေတစ်ဆင့် မှားယွင်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ မိတ်မဆက်ရသေးခင်မှာ စျေးနှုန်းထွက်ပေါ်လာခြင်းကြောင့် Mi Band 3 နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို Xiaomi က ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။ ပြန်လည်ဖျက်သိမ်းသွားပေမယ့် Mi Band 3 ရဲ့ စျေးနှုန်းကတော့ ပေါက်ကြားနေဆဲ ဖြစ်ပါတယ်။ တရုတ်ငွေ ၁၆၉ ယွမ် ( မြန်မာငွေ ၃သောင်းခွဲ ဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။
Mi Band 3 ကို Touchscreen OLED panel နဲ့ တည်ဆောက်ထားပြီး Gesture Key တွေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Swipe Up, Swipe Down, Swipe Right နဲ့ Swipe Left ပြုလုပ်ခြင်းဖြင့် Mi Band 3 ရဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်နိုင်မှာပါ။ ဒါ့အပြင် Bluetooth v4.2, Heart Rate Sensor, IP67, NFC, Step Counter, Calorie Counter နဲ့ Sleep Tracker တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း Xiaomi Mi 8 ဟာ iPhone X ရဲ့ Animoji ပုံစံမျိူး Emojis Feature ပါဝင်လာနိုင်ပြီး Snapdragon 845 SoC နဲ့ ပွဲထွက်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘောင်ပျောက်လုနီးပါး Bezel-less Display နဲ့အတူ Notch လည်း ပါဝင်လာနိုင်ပါတယ်။ Xiaomi Mi 8 မှာ Dual Camera Setup ကို ဒေါင်လိုက် တပ်ဆင်ထားနိုင်ပြီး AI Dual Camera စနစ်အသုံးနိုင်တယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။
Ref: gadgets.ndtv
You may be interested
iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views
iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
Ko Thuya - Jun 25, 2018
Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို ရောင်းချပေးလိုက်ပါပြီ။ Apple ရဲ့ iPhone အသစ်များကို ပိုင်ဆိုင်ထားသူများအတွက် အကောင်းဆုံး အသုံးချနိုင်မယ့် Tips & Tricks (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။…
Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Android, Huawei, HUBS
0 shares14 views
Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Ko Thuya - Jun 25, 2018
ဟွာဝေးက Honor Play မှာ GPU Turbo နည်းပညာကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီနည်းပညာက Chipset ရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အဲဒီနည်းပညာဟာ Honor…
Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
NEWS, Vivo
296 shares383 views
Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
Nwe Oo - Jun 25, 2018
[Zawgyi] ဖုန်းတစ်လုံးကို တစ်စစီဖြုတ်ကြည့်ရတဲ့ ရည်ရွယ်ချက်ကိုက ဒီဖုန်းဟာ ဘယ်လောက်ဖွင့်ရခက်လဲ ပြင်ဖို့ရောလွယ်ရဲ့လားဆိုတာကို သိနိုင်ဖို့ပါ။ ဒီလိုတစ်စစီဖြုတ်ကြည့်တဲ့အခါမျိုးမှာ ထူးထူးဆန်းဆန်းပစ္စည်းတွေဆို ပိုတောင်စိတ်ဝင်စားဖို့ကောင်းပါသေးတယ်။ ဥပမာ- Vivo NEX စမတ်ဖုန်းဆိုရင် ရိုက်မယ့်အချိန်မှ ကင်မရာလေးထွက်လာတဲ့ ပထမဆုံးဖုန်းပါ။ အခု MyFixGuide က ဒီ Vivo…
Leave a Comment
Most from this category