249 Shares 40 Views

အနာဂတ္ စမတ္ဖုန္းမ်ားမွာ အနံ႕ခံ စြမ္းရည္ ပါလာေတာ့မည္

May 30, 2018
249 40

စမတ္ဖုန္းမ်ားမွာ အနံ႕ခံႏုိင္တဲ့ စြမ္းရ႔ည္ပါလာရင္ ဘာေတြ အက်ိဳးရွိသြားမလဲ? ဒီလို စြမ္းရည္သာ ပါလာရင္ေတာ့ စမတ္ဖုန္းမ်ားဟာ ပုပ္ေနတဲ့ ဟင္းသီးဟင္းရြက္၊ အသား၊ ငါးမ်ားကို ေျပာျပေပးႏုိင္မွာပါ။ လူေတြ အနံ႔မခံခ်င္ေလာက္ေအာင္ ဆိုးရြားတဲ့ အနံ႔အသက္မ်ား၊ အဆိပ္အေတာက္ ျဖစ္ေစတဲ့ အနံ႔အသက္မ်ားကို လူေတြ ကိုယ္စား အာရံုခံ ေျပာျပေပးမွာ ျဖစ္ပါတယ္။

အဲဒီ နည္းပညာကို ဂ်ာမနီမွ Karlsruhe Institute of Technology (KIT) က တီထြင္ေနပါတယ္။ ပညာရွင္မ်ားက လူေတြထက္ အနံ႔ခံစြမ္းရည္ ေကာင္းမြန္တဲ့ အီလက္ထေရာနစ္ ႏွာေခါင္းကို Smelldect စီမံကိန္းျဖင့္ ဖန္တီးေနပါတယ္။ ပညာရွင္ အဖြဲ႕မွ Dr. Martin Sommer က လူ႔ႏွာေခါင္းရဲ႕ စြမ္းရည္မ်ား ပါတဲ့ အီလက္ထေရာနစ္ ႏွာေခါင္းကို ဖန္တီးဖို႔ ႀကိဳးစားေနပါတယ္။

လူ႕ႏွာေခါင္းမွာ အနံ႔ခံ ဆဲလ္ေပါင္း ၁၀ သန္း၀န္းက်င္ရွိပါတယ္။ အဲဒီ ဆဲလ္မ်ားဟာ မတူညီတဲ့ အနံ႔မ်ားကို ခြဲျခမ္းစိတ္ျဖာႏုိင္ၿပီး လူ႔ရဲ႕ ဦးေႏွာက္ကို သတင္းေပးႏုိင္ပါတယ္။ Sommer က သူ႔႔ရဲ႕ အီလက္ထေရာနစ္ နွာေခါင္းမွ Nanofibers မ်ားဟာ အနံ႔မ်ားကို ခြဲျခားႏုိင္တယ္လို႔ ေျပာပါတယ္။ အီလက္ထေရာနစ္ ႏွာေခါင္းဟာ အရြယ္အစား အားျဖင့္ စင္တီမီတာ အနည္းငယ္သာ ရွိၿပီး လိုအပ္တဲ့ အီလက္ထေရာနစ္ အစိတ္အပိုင္းမ်ား ပါပါတယ္။ သူတို႔ရဲ႕ နည္းပညာက အနံ႔တစ္မ်ိဳးအတြက္ သီးျခား Pattern တစ္ခုကို Chip အား သင္ေပးထားလိုက္တာနဲ႔ ေနာက္ပိုင္းမွာ Chip က စကၠန္႔ပိုင္းအတြင္းမွာပဲ အဲဒီ အနံ႔ကို ခြဲျခား နိုင္ပါတယ္။

ပညာရွင္မ်ားက သူတို႔ရဲ႕ နည္းပညာဟာ မီးခိုးမ်ား၊ မီးေလာင္မႈမ်ားကို သတိေပးျခင္း၊ ေလထုညစ္ညမ္းမႈကို အာရံုခံေပးျခင္း၊ ေစ်း၀ယ္ရာမွာ လတ္ဆတ္တဲ့ အသား၊ ငါးမ်ားကို ေရြးခ်ယ္ေပးျခင္းမ်ားလို အလုပ္မ်ားကို ျပဳလုပ္လာႏုိင္မယ္လို႔ ေျပာပါတယ္။

Ref : digitaltrends

unicode

အနာဂတ် စမတ်ဖုန်းများမှာ အနံ့ခံ စွမ်းရည် ပါလာတော့မည်

စမတ်ဖုန်းများမှာ အနံ့ခံနိုင်တဲ့ စွမ်းရ့ည်ပါလာရင် ဘာတွေ အကျိုးရှိသွားမလဲ? ဒီလို စွမ်းရည်သာ ပါလာရင်တော့ စမတ်ဖုန်းများဟာ ပုပ်နေတဲ့ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးများကို ပြောပြပေးနိုင်မှာပါ။ လူတွေ အနံ့မခံချင်လောက်အောင် ဆိုးရွားတဲ့ အနံ့အသက်များ၊ အဆိပ်အတောက် ဖြစ်စေတဲ့ အနံ့အသက်များကို လူတွေ ကိုယ်စား အာရုံခံ ပြောပြပေးမှာ ဖြစ်ပါတယ်။

အဲဒီ နည်းပညာကို ဂျာမနီမှ Karlsruhe Institute of Technology (KIT) က တီထွင်နေပါတယ်။ ပညာရှင်များက လူတွေထက် အနံ့ခံစွမ်းရည် ကောင်းမွန်တဲ့ အီလက်ထရောနစ် နှာခေါင်းကို Smelldect စီမံကိန်းဖြင့် ဖန်တီးနေပါတယ်။ ပညာရှင် အဖွဲ့မှ Dr. Martin Sommer က လူ့နှာခေါင်းရဲ့ စွမ်းရည်များ ပါတဲ့ အီလက်ထရောနစ် နှာခေါင်းကို ဖန်တီးဖို့ ကြိုးစားနေပါတယ်။

လူ့နှာခေါင်းမှာ အနံ့ခံ ဆဲလ်ပေါင်း ၁၀ သန်းဝန်းကျင်ရှိပါတယ်။ အဲဒီ ဆဲလ်များဟာ မတူညီတဲ့ အနံ့များကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး လူ့ရဲ့ ဦးနှောက်ကို သတင်းပေးနိုင်ပါတယ်။ Sommer က သူ့ရဲ့ အီလက်ထရောနစ် နှာခေါင်းမှ Nanofibers များဟာ အနံ့များကို ခွဲခြားနိုင်တယ်လို့ ပြောပါတယ်။ အီလက်ထရောနစ် နှာခေါင်းဟာ အရွယ်အစား အားဖြင့် စင်တီမီတာ အနည်းငယ်သာ ရှိပြီး လိုအပ်တဲ့ အီလက်ထရောနစ် အစိတ်အပိုင်းများ ပါပါတယ်။ သူတို့ရဲ့ နည်းပညာက အနံ့တစ်မျိုးအတွက် သီးခြား Pattern တစ်ခုကို Chip အား သင်ပေးထားလိုက်တာနဲ့ နောက်ပိုင်းမှာ Chip က စက္ကန့်ပိုင်းအတွင်းမှာပဲ အဲဒီ အနံ့ကို ခွဲခြား နိုင်ပါတယ်။

ပညာရှင်များက သူတို့ရဲ့ နည်းပညာဟာ မီးခိုးများ၊ မီးလောင်မှုများကို သတိပေးခြင်း၊ လေထုညစ်ညမ်းမှုကို အာရုံခံပေးခြင်း၊ ဈေးဝယ်ရာမှာ လတ်ဆတ်တဲ့ အသား၊ ငါးများကို ရွေးချယ်ပေးခြင်းများလို အလုပ်များကို ပြုလုပ်လာနိုင်မယ်လို့ ပြောပါတယ်။

Ref : digitaltrends

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
296 shares363 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category