627 Shares 130 Views
Autopilot mode နဲ့မောင်းနေစဉ် ရဲကားကိုဝင်တိုက်မိခဲ့တဲ့ Tesla Model S
May 30, 2018
627 130
[Zawgyi]
Ref: Engadget, Reuters
[Unicode]
Autopilot mode တွေက စိတ်ချရပါ့မလားဆိုတာ သံသယရှိဖွယ်တော့ကောင်းလာပါပြီ။ မနေ့ကပဲ Tesla ရဲ့ Model S ကားကို Autopilot mode နဲ့မောင်းနေတုန်း လမ်းဘေးမှာရပ်ထားတဲ့ ရဲကားကို ဝင်တိုက်မိတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ပါကင်ထိုးထားတာဆိုတော့ အထဲမှာ ရဲလည်းရိုှမနေခဲ့ပါဘူး။ မောင်းတဲ့သူကတော့ ဒဏ်ရာလေးအနည်းငယ်ပဲရသွားခဲ့တာပါ။ ဒါဆို တိုက်ခါနီးအချိန်မှာ ဒရိုင်ဘာကမသိခဲ့ဘူးလား ဘာလုပ်နေခဲ့လို့လဲဆိုတာတွေထက် Tesla က ဒီ autopilot mode အကြောင်းကို ကားမောင်းသူတွေဆီ ကောင်းကောင်းမပြောပြထားဘူးလားဆိုတဲ့ မေးခွန်းကအရင်စရမှာပါ။
Tesla ကတော့ ကားမောင်းတဲ့သူတွေအနေနဲ့ Autopilot mode ကိုသုံးပြီဆိုရင် လက်တွေကို စတီယာရင်ပေါ်တင်ပြီး ဆက်ထိန်းနေရမှာဖြစ်ပြီး သူ့ရဲ့နည်းပညာက မတော်တဆဖြစ်ရလောက်တဲ့အထိမဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။ ပြောရရင် စတီယာရင်ကနေ ၁မိနစ်လောက်လက်လွှတ်လိုက်ရင်ကို Autopilot mode ပြုတ်သွားပါပြီ။ ဒါ့ပြင် မတော်တဆဖြစ်ခါနီးအခြေအနေရောက်တော့မယ်ဆိုရင်လည်း ဒရိုင်ဘာကို သတိပေးချက်တွေ ဆက်တိုက်ပြပေးပါသေးတယ်။
ဒါပေမယ့် ဒီသတိပေးချက်ကပဲ အချိန်မမီလိုက်လို့လား လက်မတင်မိဘဲ အမှတ်တမဲ့နေလိုက်ရင်းက ဖြစ်သွားတာလားဆိုတာတော့ ဘယ်သူမှမသိနိုင်သေးပါဘူး။ Autopilot mode တွေ အန္တရာယ်များတယ်မများတယ်ဆိုတာထက် ကားမောင်းသူတွေအနေနဲ့ ဒီ autopilot mode ရဲ့သဘောတရားကို သေချာနားလည်ထားမှပဲ အကျိုးရှိရှိသုံးနိုင်မှာဖြစ်ပါတယ်။
Ref: Engadget, Reuters
You may be interested
Google က အိန္ဒိယမှာ AI စနစ်နဲ့ ရေကြီးမှုကို ခန့်မှန်းပေးနေ
NEWS, Softwares & Application, Tech Update
0 shares0 views
Google က အိန္ဒိယမှာ AI စနစ်နဲ့ ရေကြီးမှုကို ခန့်မှန်းပေးနေ
Ko Thuya - Sep 26, 2018
Google က ဒေသတွင်း အစိုးရ ဌာနများနဲ့ ပူးပေါင်း၍ Maps နဲ့ Search တို့မှာ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အသိပေးမှုများ ပြုလုပ်နေတာ နှစ်များစွာ ကြာနေပါပြီ။ အခုလည်း ဂူဂယ်လ်က အိန္ဒိယမှာ AI ကို သုံး၍…
အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
26 shares10 views
အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Ko Thuya - Sep 26, 2018
အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…
ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
38 shares57 views
ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
Creepy Tyler - Sep 26, 2018
ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…
Leave a Comment
Most from this category