Ref : gsmarena
unicode
18:9 Display ပါတဲ့ တန်ဖိုးနည်း Nokia 5.1 ကို ကြေညာပြီ
HMD က စမတ်ဖုန်း အသစ်သုံးလုံးကို မိတ်ဆက်လိုက်ပါတယ်။ စွမ်းဆောင်ရည်နိမ့်နဲ့ စွမ်းဆောင်ရည် သင့် ဖုန်းများ ဖြစ်ပြီး နှစ်လုံးဟာ Android One Phone နဲ့ အခြား ဖုန်းတစ်လုံးမှာ ပေါ့ပါးသွက်လက်တဲ့ Android Go Phone ဖြစ်ပါတယ်။ Android One ဖုန်းများဟာ နှစ်နှစ်ကြာတဲ့အထိ Software Update နဲ့ သုံးနှစ်ကြာတဲ့အထိ Security Updates များကို ရရှိမှာ ဖြစ်ပါတယ်။
Nokia 5.1 ဟာ သူ့ယခင်မျိုးဆက်ထက် စွမ်းရည် အတော်ကို မြင့်မားလာပါတယ်။ သူ့မှာ FullHD+ (1080x2160p) Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ ယခင်မျိုးဆက်ထက် ၄၀ ရာခိုင်နှုန်း ပိုမို မြန်ဆန်တဲ့ Chipset ထည့်သွင်းထားပါတယ်။ Octa-Core 2.0 GHz MediaTek Helio P18 Chipset ဖြစ်ပါတယ်။ ၅.၅ လက်မ IPS LCD Display ဖြစ်ပြီး သူ့ကို 2.5D Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။
အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး On-Screen Navigation Buttons များကို သုံးရမှာပါ။ လက်ဗွေရာ ဆန်ဆာကို အနောက်ဘက်မှာ ထည့်ပေးထားပါတယ်။ သူ့ကို ဖုန်းကို Unlock လုပ်ဖို့နဲ့ Google Pay လုံခြုံရေးအတွက် သုံးနိုင်ပါတယ်။ Phase Detection AF ပါတဲ့ 16MP Rear Camera နဲ့ 8MP Selfie Camera များ ပါပါတယ်။
2970mAh Battery , 3.5mm Audio Jack များပါပါတယ်။ 2GB/16GB Model ကို ၂၁၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 3GB/32GB Model ကိုလည်း ရွေးချယ်နိုင်ပါတယ်။ microSD Slot ပါပါတယ်။ ကြေးနီ၊ အပြာနဲ့ အနက်ရောင်များ ရွေးချယ်နိုင်ပါတယ်။ ဇူလိုင်မှာ စတင် ရောင်းမှာပါ။
Ref : gsmarena
You may be interested
Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…
4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…
Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လုံးကို နှိုင်းယှဉ်ခြင်း။)
Ko Thuya - Feb 22, 2019Samsung က ၈၉၉ ဒေါ်လာတန် Galaxy S10 နဲ့ ၉၉၉ ဒေါ်လာတန် Galaxy S10 Plus တို့အပြင် တန်ဖိုးသက်သာတဲ့ Galaxy S10E ကိုပါ ရောင်းချမှာပါ။ သူဟာ iPhone XR ကို…
Leave a Comment
You must be logged in to post a comment.