585 Shares 130 Views

ေမလ ၃၁ ရက္ေန႔မွာ အထူးထုတ္ Mi 8 ကို မိတ္ဆက္မလား ?

May 30, 2018
585 130

Xiaomi က ယခုလ ၃၁ ရက္ေန႔မွာ Mi 8 , Mi Band 3 နဲ႔ MIUI 10 တို႔ကို မိတ္ဆက္မွာပါ။ ဒါ့အျပင္ ေရွာင္မီက ၀ယ္ယူသူမ်ားအား မဲေဖာက္ေပးမယ့္ ကူပြန္မွ သတင္းအခ်က္အလက္အရ အထူးထုတ္ Mi 8 ကိုပါ အဲဒီေန႔မွာ ျမင္ရႏုိင္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Xiaomi Mi 8 SE ျဖစ္ႏုိင္ၿပီး အထူးထုတ္ ဆိုေပမယ့္ သူဟာ Mi 8 ထက္ စြမ္းရည္နိမ့္၊ တန္ဖိုးနည္း ေမာ္ဒယ္ပါ။ သူ႔မွာ Snapdragon 845 အစား Snapdragon 710 ကို သံုးထားႏုိင္ၿပီး 4 or 6GB RAM မ်ား ထည့္ေပးထားႏုိင္ပါတယ္။ သူ႔မွာ Notch ပါေပမယ့္ 3D Sensing စြမ္းရည္ကို ဖယ္ရွားထားမွာပါ။ အေရွ႕ဘက္မွာ Mi 8 ရဲ႕ 16MP ထက္ပိုျမင့္တဲ့ 20MP Camera ပါလာႏုိင္ပါတယ္။

ေရွာင္မီက ကုမၸဏီ တည္ေထာင္တာ ၈ ႏွစ္ျပည့္တဲ့ အထိမ္းအမွတ္ ဗီဒီယိုတစ္ခုကိုလည္း မွ်ေ၀လိုက္ပါတယ္။ အဲဒီ ဗီဒီယိုမွာ Mi 8 ရဲ႕ စြမ္းရည္မ်ားကို အရိပ္အျမြက္ျပသထားပါတယ္။ ဗီဒီယိုမွာ ဒိုင္ယာရီ စာအုပ္၊ စာအုပ္စင္တို႔ကို လက္နဲ႔ ထိလိုက္တာနဲ႔ ပြင့္သြားတာကို ျပသထားတာက မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာကို ညႊန္ျပတာပါ။ ထီးတစ္ေခ်ာင္းကိုလည္း ဗီဒီယိုမွာ ျပသထားတဲ့အတြက္ ေရစိုခံ စြမ္းရည္ ပါလာမွာပါ။ ဒါ့အျပင္ ဗီဒီယိုမွာ စံုလင္တဲ့ အေရာင္မ်ား ပါရွိတဲ့အတြက္ Mi 8 ကို အေရာင္စံုထုတ္လုပ္ထားႏုိင္ပါတယ္။

Mi 8 ရဲ႕ ေပါက္ၾကား သတင္း အခ်က္အလက္မ်ားကို ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။ Xiaomi Mi 8 မွာ ၆.၀၁ လက္မ မ်က္ႏွာျပင္ တပ္ဆင္ထားမွာ ျဖစ္ၿပီး မ်က္နွာျပင္ရဲ႕ အထက္မွာ Width က်ယ္တဲ့ Notch ပါရွိမွာ ျဖစ္ပါတယ္။ သူ႔မွာ ေရွာင္မီ ကိုယ္တိုင္ ဖန္တီးထားတဲ့ မ်က္ႏွာျဖင့္ ဖုန္းကို Unlock လုပ္တဲ့ 3D Sensors မ်ား ပါလာမွာ ျဖစ္ပါတယ္။ Qualcomm Snapdragon 845 Chipset ပါလာမွာ ေသခ်ာသေလာက္ရွိပါတယ္။

သူ႔ကို ေမာ္ဒယ္ ႏွစ္မ်ိဳးထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။ 6GB RAM/64GB Storage ကို ၄၄၀ ေဒၚလာနဲ႔ စြမ္းရည္ျမင့္ 8GB RAM/128GB Storage ကို ၅၀၀ ေဒၚလာျဖင့္ ေရာင္းခ်မယ္လို႔ သတင္းထြက္ေနပါတယ္။ အဲဒီ ဖုန္းရဲ႕ အေနာက္ကင္မရာ ႏွစ္လံုးကိုလည္း ဥာဏ္ရည္တု နည္းပညာက ေထာက္ကူေပးမွာ ျဖစ္ၿပီး Scenes ေပါင္း ၂၀၀ ေက်ာ္ကို ခြဲျခမ္းစိတ္ျဖာႏုိင္ပါတယ္။ သူ႔မွာ မတူညီတဲ့ Portrait Mode ၁၂ မ်ိဳးလည္း ပါလာမွာပါ။ သူ႔မွာ Quick Charge 4.0+ လည္း ပါလာမယ္လို႔ Qualcomm က အတည္ျပဳထားပါတယ္။

Ref : gsmarena

unicode

မေလ ၃၁ ရက်နေ့မှာ အထူးထုတ် Mi 8 ကို မိတ်ဆက်မလား ?

Xiaomi က ယခုလ ၃၁ ရက်နေ့မှာ Mi 8 , Mi Band 3 နဲ့ MIUI 10 တို့ကို မိတ်ဆက်မှာပါ။ ဒါ့အပြင် ရှောင်မီက ဝယ်ယူသူများအား မဲဖောက်ပေးမယ့် ကူပွန်မှ သတင်းအချက်အလက်အရ အထူးထုတ် Mi 8 ကိုပါ အဲဒီနေ့မှာ မြင်ရနိုင်ပါတယ်။ သူ့ရဲ့ အမည်မှာ Xiaomi Mi 8 SE ဖြစ်နိုင်ပြီး အထူးထုတ် ဆိုပေမယ့် သူဟာ Mi 8 ထက် စွမ်းရည်နိမ့်၊ တန်ဖိုးနည်း မော်ဒယ်ပါ။ သူ့မှာ Snapdragon 845 အစား Snapdragon 710 ကို သုံးထားနိုင်ပြီး 4 or 6GB RAM များ ထည့်ပေးထားနိုင်ပါတယ်။ သူ့မှာ Notch ပါပေမယ့် 3D Sensing စွမ်းရည်ကို ဖယ်ရှားထားမှာပါ။ အရှေ့ဘက်မှာ Mi 8 ရဲ့ 16MP ထက်ပိုမြင့်တဲ့ 20MP Camera ပါလာနိုင်ပါတယ်။

ရှောင်မီက ကုမ္ပဏီ တည်ထောင်တာ ၈ နှစ်ပြည့်တဲ့ အထိမ်းအမှတ် ဗီဒီယိုတစ်ခုကိုလည်း မျှဝေလိုက်ပါတယ်။ အဲဒီ ဗီဒီယိုမှာ Mi 8 ရဲ့ စွမ်းရည်များကို အရိပ်အမြွက်ပြသထားပါတယ်။ ဗီဒီယိုမှာ ဒိုင်ယာရီ စာအုပ်၊ စာအုပ်စင်တို့ကို လက်နဲ့ ထိလိုက်တာနဲ့ ပွင့်သွားတာကို ပြသထားတာက မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာကို ညွှန်ပြတာပါ။ ထီးတစ်ချောင်းကိုလည်း ဗီဒီယိုမှာ ပြသထားတဲ့အတွက် ရေစိုခံ စွမ်းရည် ပါလာမှာပါ။ ဒါ့အပြင် ဗီဒီယိုမှာ စုံလင်တဲ့ အရောင်များ ပါရှိတဲ့အတွက် Mi 8 ကို အရောင်စုံထုတ်လုပ်ထားနိုင်ပါတယ်။

Mi 8 ရဲ့ ပေါက်ကြား သတင်း အချက်အလက်များကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ Xiaomi Mi 8 မှာ ၆.၀၁ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး မျက်နှာပြင်ရဲ့ အထက်မှာ Width ကျယ်တဲ့ Notch ပါရှိမှာ ဖြစ်ပါတယ်။ သူ့မှာ ရှောင်မီ ကိုယ်တိုင် ဖန်တီးထားတဲ့ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်တဲ့ 3D Sensors များ ပါလာမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 845 Chipset ပါလာမှာ သေချာသလောက်ရှိပါတယ်။

သူ့ကို မော်ဒယ် နှစ်မျိုးထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ 6GB RAM/64GB Storage ကို ၄၄၀ ဒေါ်လာနဲ့ စွမ်းရည်မြင့် 8GB RAM/128GB Storage ကို ၅၀၀ ဒေါ်လာဖြင့် ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းရဲ့ အနောက်ကင်မရာ နှစ်လုံးကိုလည်း ဉာဏ်ရည်တု နည်းပညာက ထောက်ကူပေးမှာ ဖြစ်ပြီး Scenes ပေါင်း ၂၀၀ ကျော်ကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ သူ့မှာ မတူညီတဲ့ Portrait Mode ၁၂ မျိုးလည်း ပါလာမှာပါ။ သူ့မှာ Quick Charge 4.0+ လည်း ပါလာမယ်လို့ Qualcomm က အတည်ပြုထားပါတယ်။

Ref : gsmarena

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category