သက်ဝင်လှုပ်ရှားနေတဲ့ GIFs များကို နှစ်သက်သူများ ရှိသလို စိတ်ရှုပ်စရာလို့ မြင်တဲ့ လူများလည်း ရှိပါတယ်။ သေချာတာကတော့ GIFs များဟာ ဒေတာကို စားသုံးမှု များကြပါတယ်။ ဘရောက်စာကနေ စာဖတ်သူများအတွက် GIFs များဟာ စိတ်ရှုပ်စရာလည်း ဖြစ်ပါတယ်။ နာမည်ကြီး ဘရောက်စာ အများစုမှာ GIFs များကို ပိတ်ပင်နိုင်တဲ့ နည်းလမ်း မပါကြပါဘူး။ ဒါပေမယ့် Extensions or Add-Ons များကို အသုံးပြု၍ GIFs များကို ပိတ်နိုင်ပါတယ်။
Google Chrome
Google က သူ့ဘရောက်စာမှာ GIFs များကို ထိန်းချုပ်ဖို့ Animation Policy အမည်ရ Extension ကို ဖန်တီးပေးထားပါတယ်။ Animation Policy က GIFs များကို ပိတ်ခြင်း၊ တစ်ကြိမ်သာ ခွင့်ပြုခြင်းနဲ့ လုံးဝခွင့်ပြုခြင်း စတဲ့ Options များကို ပံ့ပိုးပေးထားပြီး သင်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ သူ့ကို Chrome Web Store ကနေ အင်စတောလုပ်ပြီးရင် Address Bar ရဲ့ ညာဘက်မှ လျှပ်စီး အိုင်ကွန်ကို နှိပ်ပါ။ ပြီးရင်တော့ သင်နှစ်သက်တဲ့ Option တစ်ခုကို ရွေးချယ်ပေးပါ။
Install Animation Policy
Mozilla Firefox
Firefox မှာတော့ ESCape From Them GIFs အမည်ရ Add-On ကို အသုံးပြု၍ GIFs များကို ကန့်သတ်နိုင်ပါတယ်။ သူ့ကို Mozilla ရဲ့ Add-On Website ကနေ အင်စတော လုပ်ပြီး ဘရောက်စာကို Restart ချပါ။ ပြီးရင်တော့ ဝက်ဆိုက်တစ်ခုမှ ပြသထားတဲ့ GIFs များကို ပိတ်ချင်ရင် Esc Button ကို နှိပ်ပါ။ Giphy လို GIFs များနဲ့ ပြည့်နှက်နေတဲ့ ဝက်ဆိုက်များ အပါအဝင် ဝက်စာမျက်နှာအားလုံးမှ GIFs များ အားလုံးကို ပိတ်ပေးနိုင်ပါတယ်။ Esc Button ကို နောက်တစ်ချက်နှိပ်ရင် GIFs များကို ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်။
Microsoft ရဲ့ Internet Explorer ကို သုံးသူများအတွက်တော့ Internet Options > Advanced ထဲသွားပြီး “ Play animations in webpages “ မှာ Uncheck လုပ်ပေးပါ။ ဒါဆိုရင် Internet Explorer မှာ GIFs များကို မြင်ရမှာ မဟုတ်တော့ပါဘူး။ Microsoft ရဲ့ ဘရောက်စာ အသစ်ဖြစ်တဲ့ Edge မှာ GIFs များကို ပိတ်နိုင်တဲ့ စွမ်းဆောင်ချက် မပါသေးပေမယ့် နောက်ပိုင်းမှာ ထည့်သွင်းပေးမယ်လို့ မျှော်လင့်ရပါတယ်။
ref : pcworld
unicode
Chrome နဲ့ Firefox မှာ Animated GIFs များကို ဘယ်လို ပိတ်မလဲ ?
You must log in to post a comment.