1613 Shares 339 Views

2019 iPhone ေတြအကုန္လံုးမွာ OLED Display ေတြပဲသံုးေတာ့မယ့္ Apple

May 29, 2018
1613 339

[Zawgyi]

Apple က OLED display ေတြကို မႏွစ္က iPhoneX ေတြမွာမွ စသံုးခဲ့ျပီး တျဖည္းျဖည္းနဲ႔ LCD ေတြကေန OLED panel ေတြကိုေျပာင္းသံုးဖို႔လုပ္ေဆာင္ေနဆဲပါ။ စက္တင္ဘာလမွာထြက္လာေတာ့မယ့္ iPhone ေမာ္ဒယ္လ္၃မ်ိဳးထဲမွာလည္း iPhoneX ရဲ႕ေနာက္မ်ိဳးဆက္ဖုန္းနဲ႔ iPhone X Plus တုိ႔ကိုေတာ့ OLED display ေတြသံုးထားမွာျဖစ္ျပီး ေစ်းသက္သာတဲ့ 6.1 inch ေမာ္ဒယ္လ္ကိုပဲ LCD display သံုးထားမယ္လို႔သတင္းထြက္ထားပါတယ္။   ဒီႏွစ္ျပီးရင္ေတာ့ ေနာက္လာမယ့္ ၂၀၁၉ ဖုန္းေတြအားလံုးမွာ OLED display ေတြကိုပဲသံုးေတာ့မွာပါ။

Apple to use OLED on all 2019 iPhones

ဒီသတင္းထြက္ထြက္ခ်င္း လက္ရိွ LCD panel ေတြကိုေထာက္ပံ့ေပးေနတဲ့ japan Display (JDI) ရဲ႕ရွယ္ယာေတြ ၁၀%ေလာက္ထိုးက်သြားပါတယ္။      လက္ရိွအခ်ိန္မွာ Japan Display က OLED panel ေတြမထုတ္ႏုိင္ေသးတာေၾကာင့္ Apple အေနနဲ႔ Samsung နဲ႔ LG တို႔ဆီကပဲသံုးရမွာပါ။

လက္ရိွ OLED display ေတြအဓိကထုတ္လုပ္ေနသူေတြကေတာ့ Samsung Display နဲ႔ LG Display တို႔ျဖစ္ျပီး mid-range ဖုန္းေတြမွာပါ ဒီ display ေတြသံုးသြားႏုိင္ဖို႔ ရည္ရြယ္ထားၾကပါတယ္။ iPhone X တုန္းကေတာ့ OLED display ေတြအတြက္ Samsung တစ္ဦးတည္းကဒိုင္ခံျပီး ေထာက္ပံ့ေပးခဲ့တာျဖစ္ေပမယ့္ ဒီ ၂၀၁၈ ဖုန္းေတြမွာ OLED panel ေတြသံုးႏုိင္ဖို႔ Apple က LG ဆီမွာ ေဒၚလာဘီလီယံနဲ႔ခ်ီျပီးျမွဳပ္ႏွံထားခဲ့ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ iPhone X Plus ေတြရဲ႕ supplier က Samsung သို႔မဟုတ္ LG သို႔မဟုတ္ ၂ခုလံုးျဖစ္ရင္လည္းျဖစ္လာႏုိင္ပါတယ္။ လာမယ့္ ၂၀၁၉ မွာ Japan Display ကလည္း OLED panel ေတြစထုတ္လာျပီဆိုရင္ OLED display ေလာကမွာ ျပိဳင္ဘက္ ၃ေယာက္ျဖစ္လာေတာ့မွာပါ။ Apple ရဲ႕ဖုန္းေတြမွာ LCD panel ေတြျမင္ရႏုိင္ေခ်ကလည္း ဒီႏွစ္က ေနာက္ဆံုးပဲျဖစ္ပါလိ့မ္မယ္။

Source : GSMARENA, MacRumors

[Unicode]

Apple က OLED display တွေကို မနှစ်က iPhoneX တွေမှာမှ စသုံးခဲ့ပြီး တဖြည်းဖြည်းနဲ့ LCD တွေကနေ OLED panel တွေကိုပြောင်းသုံးဖို့လုပ်ဆောင်နေဆဲပါ။ စက်တင်ဘာလမှာထွက်လာတော့မယ့် iPhone မော်ဒယ်လ်၃မျိုးထဲမှာလည်း iPhoneX ရဲ့နောက်မျိုးဆက်ဖုန်းနဲ့ iPhone X Plus တို့ကိုတော့ OLED display တွေသုံးထားမှာဖြစ်ပြီး ဈေးသက်သာတဲ့ 6.1 inch မော်ဒယ်လ်ကိုပဲ LCD display သုံးထားမယ်လို့သတင်းထွက်ထားပါတယ်။   ဒီနှစ်ပြီးရင်တော့ နောက်လာမယ့် ၂၀၁၉ ဖုန်းတွေအားလုံးမှာ OLED display တွေကိုပဲသုံးတော့မှာပါ။

Apple to use OLED on all 2019 iPhones

ဒီသတင်းထွက်ထွက်ချင်း လက်ရှိ LCD panel တွေကိုထောက်ပံ့ပေးနေတဲ့ japan Display (JDI) ရဲ့ရှယ်ယာတွေ ၁၀%လောက်ထိုးကျသွားပါတယ်။      လက်ရှိအချိန်မှာ Japan Display က OLED panel တွေမထုတ်နိုင်သေးတာကြောင့် Apple အနေနဲ့ Samsung နဲ့ LG တို့ဆီကပဲသုံးရမှာပါ။

လက်ရှိ OLED display တွေအဓိကထုတ်လုပ်နေသူတွေကတော့ Samsung Display နဲ့ LG Display တို့ဖြစ်ပြီး mid-range ဖုန်းတွေမှာပါ ဒီ display တွေသုံးသွားနိုင်ဖို့ ရည်ရွယ်ထားကြပါတယ်။ iPhone X တုန်းကတော့ OLED display တွေအတွက် Samsung တစ်ဦးတည်းကဒိုင်ခံပြီး ထောက်ပံ့ပေးခဲ့တာဖြစ်ပေမယ့် ဒီ ၂၀၁၈ ဖုန်းတွေမှာ OLED panel တွေသုံးနိုင်ဖို့ Apple က LG ဆီမှာ ဒေါ်လာဘီလီယံနဲ့ချီပြီးမြှုပ်နှံထားခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ် iPhone X Plus တွေရဲ့ supplier က Samsung သို့မဟုတ် LG သို့မဟုတ် ၂ခုလုံးဖြစ်ရင်လည်းဖြစ်လာနိုင်ပါတယ်။ လာမယ့် ၂၀၁၉ မှာ Japan Display ကလည်း OLED panel တွေစထုတ်လာပြီဆိုရင် OLED display လောကမှာ ပြိုင်ဘက် ၃ယောက်ဖြစ်လာတော့မှာပါ။ Apple ရဲ့ဖုန်းတွေမှာ LCD panel တွေမြင်ရနိုင်ချေကလည်း ဒီနှစ်က နောက်ဆုံးပဲဖြစ်ပါလိ့မ်မယ်။

Source : GSMARENA, MacRumors

You may be interested

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား
NEWS, Softwares & Application, Tech Update
0 shares0 views

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား

Ko Thuya - Mar 25, 2019

ရုရွားက စက္ရုပ္ စစ္သားမ်ားကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းကို ဗီဒီယိုတစ္ခုကေန မွ်ေ၀လိုက္ပါတယ္။ ကရင္မလင္က မွ်ေ၀လိုက္တဲ့ ဗီဒီယိုမွာ ရုရွားရဲ႕ ေနာက္ဆံုးထုတ္ ဒရုန္းနည္းပညာကို ျပသထားပါတယ္။ ဒါ့အျပင္ ေမာင္းသူမဲ့ တင့္ကားကို ျမင္ရပါတယ္။ တင့္ကားဟာ သူ႔ေဘးမွ စစ္သားရဲ႕ ေသနတ္ ခ်ိန္ရြယ္ရာ…

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
141 shares67 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

Leave a Comment

Most from this category