2972 Shares 424 Views


May 29, 2018
2972 424





ref : techradar

unicode

၂၀၁၉ ထုတ် iPhone မှာ ကင်မရာ သုံးလုံးတပ် စနစ်ပါမည်

အနောက်ကင်မရာ နှစ်လုံးတပ် စနစ်များပါတဲ့ စမတ်ဖုန်းများစွာ ထွက်ပေါ်လာနေပါပြီ။ အချို့ဖုန်းများမှာ ကင်မရာ လေးလုံးတောင် တပ်ဆင်ထားကြပါတယ်။ အခုတော့ Apple ကလည်း ၂၀၁၉ ခုနှစ်ထုတ် အိုင်ဖုန်းမှာ အနောက်ကင်မရာ သုံးလုံး တပ်ဆင်ထားမယ်လို့ Apple အရေး လေ့လာသူများက ဟောကိန်းထုတ်လိုက်ပါတယ်။

Deutsche Securities မှ ခွဲခြမ်းစိတ်ဖြာသူ Jialin Lu က ဒီဟောကိန်းကို Taiwanese Economic Daily News မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အနောက်ကင်မရာ သုံးလုံး ပါတဲ့အတွက် iPhone ရဲ့ 3D Depth-Sensing စွမ်းရည်နဲ့ Augmented Reality များကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။ ကင်မရာ နှစ်လုံးဟာ မတူညီတဲ့ ရှုထောင့်များကနေ ဓါတ်ပုံများကို ဖမ်းယူပေးနိုင်ပြီး AR ကို ပုံဖော်ဖို့အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ Apple က ဒီလိုစွမ်းရည်မျိုး ဖန်တီးဖို့အတွက် လေဆာ အခြေပြု စနစ်ကိုလည်း ဖန်တီးနေတယ်လို့လည်း သတင်းထွက်နေပါတယ်။

Apple က ယခုနှစ်ထုတ် အိုင်ဖုန်းများမှာတော့ အနောက်ကင်မရာ သုံးလုံးတပ် စနစ်ကို ထည့်သွင်းထားမှာ မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်ထုတ် အိုင်ဖုန်းတစ်ခုမှာ Apple Pencil ကို သုံးနိုင်အောင်လည်း ဖန်တီးပေးထားမယ်လို့ သတင်းထွက်နေပါတယ်။

iPhone 9, Xs, Xs Plus ဘယ်လိုပဲနာမည်ပေးပေး လာမယ့် ယခုနှစ်ထုတ် Apple iPhone အသစ်တွေမှာ 18W USB-PD adapter တွေနဲ့ USB-C to Lightning cable ပါ တစ်ခါတည်းပါလာတော့မှာပါ။ ဒါက Apple အတွက် တခြား Android ဟန်းဆက်တွေထက်ကို အားသွင်းပိုမြန်စေတဲ့ပမာဏကြီးပါပဲ။ သူ့ရဲ့ 18W adapter တွေနဲ့သာဆို ၁နာရီခွဲတောင်မပြည့်ခင်ဘဲ အားအပြည့်ဖြစ်နေမှာပါ။ နောက်ဆုံးတော့လည်း ပိုက်ဆံအပိုထပ်မကုန်တော့ဘဲ iPhone တွေကိုအားအမြန်သွင်းနိုင်တော့မယ့်အချိန်ရောက်လာခဲ့ပါပြီ။

ref : techradar

You may be interested

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
0 shares0 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1106 shares91 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
271 shares47 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Leave a Comment

Most from this category