0 Shares 62 Views


May 29, 2018
0 62





unicode

ထိုင်ဝမ်မှာ မိတ်ဆက်တော့မယ့် LG Q7 Stylus+

ပြီးခဲ့တဲ့ တစ်ပတ်က LG ဟာ LG Q7, LG Q7a နဲ့ LG Q7+ တို့ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သတင်းတွေထွက်ခဲ့တဲ့ LG Q7 Stylus+ တော့ မပါခဲ့ပါဘူး။ အခုတော့ အဲဒီ စမတ်ဖုန်းကို ထိုင်ဝမ် အမျိုးသား ဆက်သွယ်ရေး ကော်မရှင်ထံမှာ မှတ်ပုံတင်ထားပြီလို့ သိရပါတယ်။ သူ့ရဲ့ မော်ဒယ်အမည်မှာ LG LM-Q710 ဖြစ်ပါတယ်။

LG Q7 Stylus+ ကို ထိုင်ဝမ်မှာ LG Q7+ နဲ့အတူ မိတ်ဆက်နိုင်ပါတယ်။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များထဲမှာ LG Q7 Stylus+ ရဲ့ Specifications များကို ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမယ့် ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရတော့ သူ့ရဲ့ Specifications အများစုဟာ LG Q7 နဲ့ တူညီနိုင်ပါတယ်။ အဲဒီအတွက် သူ့မှာ ၅.၅ လက်မ LCD Display တပ်ဆင်ထားနိုင်ပြီး မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera များ ပါလာနိုင်ပါတယ်။ ရေစိုခံစွမ်းရည်လည်း ပါလာမှာ ဖြစ်ပါတယ်။ ကွာခြားချက်ကတော့ သူ့မှာ ဒစ်ဂျစ်တယ် ဘောပင် ပါလာမှာ ဖြစ်ပါတယ်။

LG Q7+ မှာ ၅.၅ လက်မ FullVision Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ Qualcomm Snapdragon 450 Chipset, 4GB RAM , 64GB Internal Storage များ ထည့်သွင်းထားပါတယ်။ 16MP Rear Camera နဲ့ 8MP Selfie Camera များ ပါပါတယ်။ Face Unlock, Fingerprint Sensor များကို လုံခြုံရေးအတွက် ထည့်သွင်းထားပါတယ်။ ဘက်ထရီမှာ 3000mAh ဖြစ်ပါတယ်။

Ref : gsmarena , nashvillechatterclass

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category