0 Shares 54 Views

အမွှေးနဲ့ ချွေး ထွက်ရှိနိုင်တဲ့ အရေပြားတစ်သျှူးတုကို ဂျပန်သိပ္ပံပညာရှင်တွေ တီထွင်

Apr 05, 2016
0 54

ဂျပန်နိုင်ငံက သိပ္ပံပညာရှင်တွေကတော့ အမွှေးတွေ ထွက်ရှိနိုင်ပြီး ချွေးတောင်ထွက်နိုင်တဲ့ အရေပြားတစ်သျှူးတုတစ်မျိုးကို ဓာတ်ခွဲခန်းတွင်းမှာအောင်အောင်မြင်မြင်တီထွင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုး အရေပြားတစ်သျှူးတုကို ကြွက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာတော့ကြွက်မှာနဂိုရှိပြီးဖြစ်တဲ့ ကြွက်သားအမျှင်တွေ ၊ အာရုံခံနာဗ်ကြောတွေနဲ့ ဆန်းကြယ်စွာပဲ ပေါင်းစပ်သွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။လူတွေမှာလည်း ဒီလိုပေါင်းစပ်ခဲ့ရင်တော့ ဒီအရေပြားတုဟာ အာရုံခံနိုင်စွမ်းပါရှိလာမှာဖြစ်ပါတယ်။

ဒီလိုမျိုး အရေပြားတစ်သျှူးတုကို ရလဒ်အကောင်းဆုံးထုတ်လုပ်နိုင်ခဲ့တာဟာဆိုရင်တော့ မီးလောင်ဒဏ်ရာရထားတဲ့ လူနာတွေ ၊အရေပြားရောဂါကို ဆိုးဆိုးဝါးဝါးခံစားနေရတဲ့ ရောဂါသည်တွေအတွက် မျှော်လင့်ချက်ရှိလာခဲ့ပြီး လာမယ့် အရေပြားအစားထိုးကုသမှုတွေမှာဒီအရေပြားတုကို အစားထိုးကုသသွားနိုင်တော့မှာဖြစ်ပါတယ်။

ဒီလိုမျိုး လူသားအကျိုးပြု သုတေသနတွေကို စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိနေတဲ့ RIKEN ကတော့ အခုလောလောဆယ်မှာ ဒီအရေပြားတုဟာဆေးပညာလောကအတွက် ခေတ်ပြောင်းခေတ်လွဲမဖြစ်နိုင်သေးဘဲ ထပ်တိုးစမ်းသပ်မှုတွေကို ပြုလုပ်ရအုံးမယ်လို့ ကြေညာထားပါတယ်။အခုထုတ်လုပ်နိုင်လိုက်တဲ့ အရေပြားတစ်သျှူးဟာဆိုရင်တော့ အလွှာနှစ်ထပ်သာ ပါဝင်သေးပြီး လူတွေမှာဆိုရင်တော့ သဘာဝအတိုင်းအနေနဲ့အလွှာသုံးထပ်ပါတစ်သျှူးကို တွေ့ရှိရပါတယ်။

ဒီအရေပြား အလွှာနှစ်ထပ်တစ်သျှူးဟာဆိုရင်တော့ အမွှေးထောင်မတ်မှုနဲ့ ချွေးဂလင်းရဲ့ လုပ်ဆောင်ချက်တွေဟာအနည်းငယ်နှောင့်နှေးနေသေးတာကြောင့် ကြွက်တွေရဲ့ ခံတွင်းထဲက ဆဲလ်တစ်စုကို စမ်းသပ်နေဆဲဖြစ်ပြီး ပင်မအာရုံခံဆဲလ်တွေအဖြစ်ကူးပြောင်းဖို့ လုပ်ဆောင်သွားရအုံးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ လူသားတွေအတွက်တော့ ဒီအရေပြားတစ်သျှူးတုဟာ အကောင်းဆုံးရလဒ်တစ်ခုကိုတော့ ပေးစွမ်းနိုင်မယ်လို့တော့ RIKEN က မျှော်လင့်လျက်ရှိပါတယ်။

Ref : Digital Trend

You may be interested

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်
NEWS, Tech Update
0 shares0 views

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်

Ko Thuya - Jul 22, 2017

တောင်ကိုရီးယားမှာ လာမယ့်နှစ်တွင် ကျင်းပမယ့် Winter Olympics ပွဲအတွက် LG က နိုင်ငံရဲ့ အကြီးမားဆုံး လေဆိပ်မှာ စက်ရုပ်များကို စမ်းသပ်နေပါတယ်။ ဒီနေ့ကစပြီး ဆိုးလ်မြို့ရဲ့ အင်ချီယွန် နိုင်ငံတကာ လေဆိပ်မှာ LG ရဲ့ Airport Guide Robot…

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ
Mobiles & Tablets, NEWS
99 shares39 views

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ

Ko Thuya - Jul 22, 2017

Samsung က သြဂုတ်လ ၂၃ ရက်နေ့မှာ နယူးယောက်စီးတီးတွင် ကျင်းပမယ့် Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများအား မီဒီယာများထံ ဝေငှလိုက်ပါတယ်။ ဖိတ်စာမှာတော့ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ မရေးသားထားဘဲ Do bigger…

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro
Apple, HUBS, Mobiles & Tablets
687 shares1613 views

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro

zayarsan - Jul 21, 2017

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် လို့ နာမည်ကြီးနေတဲ့ အမျိုးအစား က ဘာများပါလိမ့်...ဆိုတဲ့ မေးခွန်းဟာ လတ်တလောမှာ Apple ထုတ်ကုန်တွေကို စောင့်ကြည့်လေ့လာနေသူတိုင်းအတွက် ခေါင်းစားစေတဲ့ မေးခွန်းတစ်ခု ဖြစ်တယ် လို့ DailyMail က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတဲ့…

Leave a Comment

Most from this category