931 Shares 214 Views

ကိုယ္ပုိင္ Animojis မ်ားပါလာမယ့္ Xiaomi Mi 8

May 29, 2018
931 214

Xiaomi Mi 8 ကို လာမယ့္ ၂ ရက္မွာ ေတြ႕ျမင္ရေတာ့မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားဟာလည္း ေန႔စဥ္နဲ႔အမွ် ထြက္ေပၚေနပါတယ္။ အခုလည္း သူ႔ရဲ႕ ကိုယ္ပိုုင္ Animojis မ်ားကို ျပသထားတဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာပါတယ္။ ဒါဟာ Apple iPhone X မွာ ထည့္သြင္းေပးထားတဲ့ Animojis နဲ႔ ဆင္တူပါတယ္။ Samsung ကလည္း အလားတူ စြမ္းရည္မ်ိဳးကို Galaxy S9 Series မ်ားမွာ ထည့္သြင္းေပးထားပါတယ္။

သူ႔ရဲ႕ အေနာက္ကင္မရာ ႏွစ္လံုးရဲ႕ ဓါတ္ပံုမ်ားပါတဲ့ ပိုစတာမ်ားလည္း ထြက္ေပၚလာပါတယ္။ အေနာက္ကင္မရာ ႏွစ္လံုးဟာ Mi Mix 2S ရဲ႕ အေနာက္ကင္မရာ ႏွစ္လံုးထက္ စြမ္းရည္ျမင့္မားႏိုင္ပါတယ္။ ထြက္ရွိဖူးသမွ် ေရွာင္မီ ဖုန္းမ်ားထဲမွာေတာ့ အေကာင္းဆံုး ကင္မရာမ်ား ပါလာမွာပါ။

Xiaomi Mi 8 ရဲ႕ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းအခ်က္အလက္မ်ားကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ Xiaomi Mi 8 မွာ ၆.၀၁ လက္မ မ်က္ႏွာျပင္ တပ္ဆင္ထားမွာ ျဖစ္ၿပီး မ်က္နွာျပင္ရဲ႕ အထက္မွာ Width က်ယ္တဲ့ Notch ပါရွိမွာ ျဖစ္ပါတယ္။ သူ႔မွာ ေရွာင္မီ ကိုယ္တိုင္ ဖန္တီးထားတဲ့ မ်က္ႏွာျဖင့္ ဖုန္းကို Unlock လုပ္တဲ့ 3D Sensors မ်ား ပါလာမွာ ျဖစ္ပါတယ္။ Qualcomm Snapdragon 845 Chipset ပါလာမွာ ေသခ်ာသေလာက္ရွိပါတယ္။

သူ႔ကို ေမာ္ဒယ္ ႏွစ္မ်ိဳးထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။ 6GB RAM/64GB Storage ကို ၄၄၀ ေဒၚလာနဲ႔ စြမ္းရည္ျမင့္ 8GB RAM/128GB Storage ကို ၅၀၀ ေဒၚလာျဖင့္ ေရာင္းခ်မယ္လို႔ သတင္းထြက္ေနပါတယ္။ အဲဒီ ဖုန္းရဲ႕ အေနာက္ကင္မရာ ႏွစ္လံုးကိုလည္း ဥာဏ္ရည္တု နည္းပညာက ေထာက္ကူေပးမွာ ျဖစ္ၿပီး Scenes ေပါင္း ၂၀၀ ေက်ာ္ကို ခြဲျခမ္းစိတ္ျဖာႏုိင္ပါတယ္။ သူ႔မွာ မတူညီတဲ့ Portrait Mode ၁၂ မ်ိဳးလည္း ပါလာမွာပါ။

Xiaomi Mi 8 ရဲ႕ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို ျပသတဲ့ ဗီဒီယိုလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ ဗီဒီယို အတိုေလးမွာ လူတစ္ေယာက္က ဖုန္းတစ္လံုးရဲ႕ မ်က္နွာျပင္ေပၚကို လက္ေခ်ာင္း တင္၍ ဖုန္းကို Unlock ျပဳလုပ္ေနတာကို ျပသထားပါတယ္။ ဖုန္းမွ အိုင္ကြန္မ်ားဟာ Xiaomi MIUI Android Skin ျဖစ္တဲ့အတြက္ အဲဒီ စမတ္ဖုန္းဟာ ေရွာင္မီရဲ႕ Mi 8 ျဖစ္ႏုိင္ပါတယ္။ သူ႔မွာ Quick Charge 4.0+ လည္း ပါလာမယ္လို႔ Qualcomm က အတည္ျပဳထားပါတယ္။

ref : gsmarena

unicode

ကိုယ်ပိုင် Animojis များပါလာမယ့် Xiaomi Mi 8

Xiaomi Mi 8 ကို လာမယ့် ၂ ရက်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း နေ့စဉ်နဲ့အမျှ ထွက်ပေါ်နေပါတယ်။ အခုလည်း သူ့ရဲ့ ကိုယ်ပိုုင် Animojis များကို ပြသထားတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ ဒါဟာ Apple iPhone X မှာ ထည့်သွင်းပေးထားတဲ့ Animojis နဲ့ ဆင်တူပါတယ်။ Samsung ကလည်း အလားတူ စွမ်းရည်မျိုးကို Galaxy S9 Series များမှာ ထည့်သွင်းပေးထားပါတယ်။

သူ့ရဲ့ အနောက်ကင်မရာ နှစ်လုံးရဲ့ ဓါတ်ပုံများပါတဲ့ ပိုစတာများလည်း ထွက်ပေါ်လာပါတယ်။ အနောက်ကင်မရာ နှစ်လုံးဟာ Mi Mix 2S ရဲ့ အနောက်ကင်မရာ နှစ်လုံးထက် စွမ်းရည်မြင့်မားနိုင်ပါတယ်။ ထွက်ရှိဖူးသမျှ ရှောင်မီ ဖုန်းများထဲမှာတော့ အကောင်းဆုံး ကင်မရာများ ပါလာမှာပါ။

Xiaomi Mi 8 ရဲ့ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအချက်အလက်များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Xiaomi Mi 8 မှာ ၆.၀၁ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး မျက်နှာပြင်ရဲ့ အထက်မှာ Width ကျယ်တဲ့ Notch ပါရှိမှာ ဖြစ်ပါတယ်။ သူ့မှာ ရှောင်မီ ကိုယ်တိုင် ဖန်တီးထားတဲ့ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်တဲ့ 3D Sensors များ ပါလာမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 845 Chipset ပါလာမှာ သေချာသလောက်ရှိပါတယ်။

သူ့ကို မော်ဒယ် နှစ်မျိုးထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ 6GB RAM/64GB Storage ကို ၄၄၀ ဒေါ်လာနဲ့ စွမ်းရည်မြင့် 8GB RAM/128GB Storage ကို ၅၀၀ ဒေါ်လာဖြင့် ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းရဲ့ အနောက်ကင်မရာ နှစ်လုံးကိုလည်း ဉာဏ်ရည်တု နည်းပညာက ထောက်ကူပေးမှာ ဖြစ်ပြီး Scenes ပေါင်း ၂၀၀ ကျော်ကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ သူ့မှာ မတူညီတဲ့ Portrait Mode ၁၂ မျိုးလည်း ပါလာမှာပါ။

Xiaomi Mi 8 ရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို ပြသတဲ့ ဗီဒီယိုလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဗီဒီယို အတိုလေးမှာ လူတစ်ယောက်က ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်ပေါ်ကို လက်ချောင်း တင်၍ ဖုန်းကို Unlock ပြုလုပ်နေတာကို ပြသထားပါတယ်။ ဖုန်းမှ အိုင်ကွန်များဟာ Xiaomi MIUI Android Skin ဖြစ်တဲ့အတွက် အဲဒီ စမတ်ဖုန်းဟာ ရှောင်မီရဲ့ Mi 8 ဖြစ်နိုင်ပါတယ်။ သူ့မှာ Quick Charge 4.0+ လည်း ပါလာမယ်လို့ Qualcomm က အတည်ပြုထားပါတယ်။

You may be interested

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား
NEWS, Softwares & Application, Tech Update
0 shares0 views

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား

Ko Thuya - Mar 25, 2019

ရုရွားက စက္ရုပ္ စစ္သားမ်ားကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းကို ဗီဒီယိုတစ္ခုကေန မွ်ေ၀လိုက္ပါတယ္။ ကရင္မလင္က မွ်ေ၀လိုက္တဲ့ ဗီဒီယိုမွာ ရုရွားရဲ႕ ေနာက္ဆံုးထုတ္ ဒရုန္းနည္းပညာကို ျပသထားပါတယ္။ ဒါ့အျပင္ ေမာင္းသူမဲ့ တင့္ကားကို ျမင္ရပါတယ္။ တင့္ကားဟာ သူ႔ေဘးမွ စစ္သားရဲ႕ ေသနတ္ ခ်ိန္ရြယ္ရာ…

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
141 shares67 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

Leave a Comment

Most from this category