357 Shares 112 Views
Xiaomi ရဲ့ Mid-range ဖုန်းသစ်တစ်လုံး TENAA မှာပေါ်ထွက်လာခဲ့
May 29, 2018
357 112
[Zawgyi]
Source: GSMARENA
[Unicode]
ပြီးခဲ့တဲ့ ၅ရက်လောက်က Xiaomi ရဲ့ M1804C3DE ဆိုတဲ့ကုဒ်နံပါတ်နဲ့ဖုန်းတစ်လုံး TENAA မှာပေါ်ထွက်လာခဲ့ပြီး ပုံစံကိုကြည့်ရတာကတော့ Redmi 6 ဖြစ်မယ့်ပုံပါ။ ဒီနေ့ကတော့ သူ့ထက်နည်းနည်းပိုကြီးတဲ့ Plus ဗားရှင်းဖြစ်မယ်ထင်ပါတယ်။ ပုံစံတွေကိုကြည့်ရတာတော့ Redmi 5, Redmi 5 Plus တွေနဲ့ နဲနဲဆင်ပါတယ်။
နောက်ကင်မရာကိုတော့ 12MP+5MP ရှိတဲ့ dual-camera တပ်ဆင်ထားပြီး နာမည်ကတော့ Redmi Note 6 ဒါမှမဟုတ် Redmi 6 Pro တစ်ခုခုပေးနိုင်ပါတယ်။
Screen ကတော့ 5.84” ရှိပြီး Full HD+ resoltion နဲ့ပါ။ 19:9 ratio နဲ့ဖြစ်ပြီး ထိပ်မှာလည်း notch ပါနေပါသေးတယ်။ Mi 8 flagship ဖုန်းပြီးရင် Redmi တွေထဲမှာတော့ ပထမဆုံး notch ပါတဲ့ဖုန်းတစ်လံးုပါ။
သူကတော့ Redmi 6 Plus ဖြစ်နိုင်ချေများပြီး clock speed 2 GHz ရှိတဲ့ octa-core CPU နဲ့လာမယ်လို့ဆိုပါတယ်။ ဆိုတော့ Snapdragon 635 လည်းဖြစ်နိုင်သလို Helio P60 လည်းဖြစ်နိုင်ပါတယ်။ မမ်မိုရီပမာဏကတော့ 2GB/16GB, 3GB/32GB, 4/64GB တို့နဲ့လာမှာဖြစ်ပြီး microSD ကဒ်ပေါက်လည်းပါမယ်လု့ိသိရပါတယ်။
Xiaomi with a notch arrives on TENAA
TENAA မှာတော့ Android 8.1 Oreo ကိုမှ MIUI 10 နဲ့ပွဲထွက်လာမယ်လို့ ဖော်ပြထားပါတယ်။ ကိုယ်ထည်ကတော့ 149.33 x 71.68 x 8.75 mm ရှိပြီး ၁၇၈ ဂရမ်လေးပါတယ်။ ဘက်ထရီကတော့ 4000 mAh တောင်ရှိပြီး အရောင်တွေကတော့ အနက်ရောင်၊ Rose Gold, ရွှေရောင်၊ အဖြူရောင်၊ အပြာရောင်၊ အနီရောင်၊ ပန်းရောင်၊ မီးခိုးရောင်နဲ့ ငွေရောင်ဆိုပြီး အရောင်တွေအများကြီးနဲ့လာနိုင်ပါတယ်။ မေလ ၃၁ရက်နေ့ Xiaomi Mi 8 ကိုမိတ်ဆက်တဲ့အချိန်မှာ တစ်ခါတည်းပဲမိတ်ဆက်သွားမလား နောက်မှပဲသက်သက်ထွက်လာမလားတော့ မပြောတတ်သေးပါဘူး။
Source: GSMARENA
You may be interested
iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views
iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
Ko Thuya - Jun 25, 2018
Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို ရောင်းချပေးလိုက်ပါပြီ။ Apple ရဲ့ iPhone အသစ်များကို ပိုင်ဆိုင်ထားသူများအတွက် အကောင်းဆုံး အသုံးချနိုင်မယ့် Tips & Tricks (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။…
Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Android, Huawei, HUBS
0 shares14 views
Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Ko Thuya - Jun 25, 2018
ဟွာဝေးက Honor Play မှာ GPU Turbo နည်းပညာကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီနည်းပညာက Chipset ရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အဲဒီနည်းပညာဟာ Honor…
Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
NEWS, Vivo
204 shares342 views
Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
Nwe Oo - Jun 25, 2018
[Zawgyi] ဖုန်းတစ်လုံးကို တစ်စစီဖြုတ်ကြည့်ရတဲ့ ရည်ရွယ်ချက်ကိုက ဒီဖုန်းဟာ ဘယ်လောက်ဖွင့်ရခက်လဲ ပြင်ဖို့ရောလွယ်ရဲ့လားဆိုတာကို သိနိုင်ဖို့ပါ။ ဒီလိုတစ်စစီဖြုတ်ကြည့်တဲ့အခါမျိုးမှာ ထူးထူးဆန်းဆန်းပစ္စည်းတွေဆို ပိုတောင်စိတ်ဝင်စားဖို့ကောင်းပါသေးတယ်။ ဥပမာ- Vivo NEX စမတ်ဖုန်းဆိုရင် ရိုက်မယ့်အချိန်မှ ကင်မရာလေးထွက်လာတဲ့ ပထမဆုံးဖုန်းပါ။ အခု MyFixGuide က ဒီ Vivo…
Leave a Comment
Most from this category