1102 Shares 245 Views
May 28, 2018
1102 245
[Zawgyi]
Xiaomi Mi TV 4C
Xiaomi Mi TV 4X
Xiaomi Mi TV 4S
Ref: gadgets.ndtv
[Unicode]
Mi TV တွေကို မိတ်ဆက်ပေးလိုက်တဲ့ Xiaomi
Xiaomi အနေနဲ့ Mi TV 4C, Mi TV 4X နဲ့ Mi TV 4S စီးရီး တို့ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၃၂လက်မ Mi TV 4C ကို တရုတ်ငွေ ၉၉၉ ယွမ် (မြန်မာငွေ ၂သိန်း ဝန်းကျင်), ၅၅လက်မ Mi TV 4X ကို တရုတ်ငွေ ၂၇၉၉ ယွမ် (မြန်မာငွေ ၆သိန်း ဝန်းကျင်), ၄၃လက်မ Mi TV 4S ကို တရုတ်ငွေ ၁၇၉၉ ယွမ် (မြန်မာငွေ ၄သိန်း ဝန်းကျင်) နဲ့ ၅၅လက်မ Mi TV 4S ကို တရုတ်ငွေ ၃၂၉၉ ယွမ် (မြန်မာငွေ ၇သိန်း ဝန်းကျင်) ဆိုပြီး ၄မျိူး ထုတ်လုပ်ရောင်ချသွားမှာ ဖြစ်ပါတယ်။
Xiaomi Mi TV 4C
၃၂လက်မ အရွယ်အစားရှိ HD Display ကို အသုံးပြုထားပြီး Resolution က 1366 x 768 pixel ရှိပါမယ်။ Viewing Angle က 178-Degree ရှိတဲ့အတွက် ဘေးဘက်ကနေကြည့်လို့ Screen ဖွေးသွားတာမျိူး၊ မမြင်ရတာမျိူးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ Response Time က 6.5ms နဲ့ Refresh Rate က 60Hz ဖြစ်ပါတယ်။ Clock Speed 1.5GHz ရှိတဲ့ ARM Advanced multi-core Processor ကို အသုံးပြုထားပြီး RAM 1GB ပါဝင်မှာ ဖြစ်ပါတယ်။ Internal Storage ကိုတော့ 4GB ထည့်သွင်းပေးထားပါတယ်။ Connectivity အပိုင်းအတွက် HDMI port ၂ပေါက်၊ AV port ၊ USB port ၊ Ethernet port ၊ S/PDIF နဲ့ Analogue Signal DTMB တို့ ပါဝင်မှာပါ။ Software အပိုင်းမှာတော့ အရံသင့် ထည့်သွင်းထားတဲ့ Apps များကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Xiaomi Mi TV 4X
၅၅လက်မ အရွယ်အစားရှိ 4K HDR Display ကို အသုံးပြုထားပြီး Resolution က 3840 x 2160 pixel ရှိပါတယ်။ အသံနဲ့ ခိုင်းစေနိုင်မယ့် AI Voice Recognition နည်းပညာကို ထည့်သွင်းထားပြီး Dolby Audio ကို တပ်ဆင်ထားပါတယ်။ 64-bit Quad-core Processor ကို အသုံးပြုထားပြီး RAM 2GB ပါဝင်မှာ ဖြစ်ပါတယ်။ Internal Storage ကိုတော့ 8GB ထည့်သွင်းထားပါတယ်။ Connectivity အပိုင်းမှာ HDMI port ၃ပေါက်၊ USB port ၂ပေါက်၊ AV port နဲ့ S/PDIF တို့ ပါဝင်မှာ ဖြစ်ပါတယ်။
Xiaomi Mi TV 4S
4S စီးရီးမှာတော့ ၄၃ လက်မ နဲ့ ၅၅ လက်မ အရွယ်အစားရှိ 4K Ultra HD Display ဆိုပြီး ၂မျိူး ထုတ်လုပ်ထားပါတယ်။ Viewing Angle က 178-Degree ရှိပါ့မယ်။ Response Time က 8ms နဲ့ Refresh Rate က 60Hz ဖြစ်ပါတယ်။ Quad-core Processor ကို အသုံးပြုထားပြီး ၄၃လက်မ TV အတွက် RAM 1GB နဲ့ ၅၅လက်မ TV အတွက် RAM 2GB ပါဝင်မှာ ဖြစ်ပါတယ်။ Internal Storage ကိုတော့ 8GB ထည့်သွင်းပေးထားပါတယ်။ Conncetivity အပိုင်းမှာတော့ Wi-Fi , Bluetooth, HDMI port ( ၄၃လက်မှာ ၂ပေါက်/ ၅၅လက်မမှာ ၃ပေါက်), AV port, Analog Signal DTMB port, Ethernet, S/PDIF နဲ့ USB ၂ပေါက်တို့ ပါဝင်မှာ ဖြစ်ပါတယ်။
Ref: gadgets.ndtv
You may be interested
8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views
8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Ko Thuya - Aug 21, 2018
ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…
နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views
နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Ko Thuya - Aug 21, 2018
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…
Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views
Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
Creepy Tyler - Aug 20, 2018
[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…
Leave a Comment
Most from this category