1160 Shares 270 Views
GTA V ကိုရောက်လာတော့မယ့် Thanos
May 28, 2018
1160 270
[Zawgyi]
[Unicode]
လူကြိုက်များလွန်းတဲ့ အမိုက်စား Grand Theft Auto V ဂိမ်းကို ပိုကြမ်းသွားအောင် Thanos ေရာက်လာခဲ့ပါပြီ။ Thanos mod မှာတော့ ကစားသမားတွေက ဗီလိန်အနေနဲ့ ဆော့ကစားရမှာဖြစ်ပြီး စွမ်းအင်တွေသုံးသောင်းကြမ်းရတော့မှာပါ။ မိုးမျှော်တိုက်တွေပေါ်ကနေ ခုန်ချတာတွေ၊ သံလက်အိတ်ကနေ စွမ်းအင်အလင်းတွေလွှတ်တာတွေစတဲ့ Thanos ရဲ့စွမ်းအင်တွေကို GTA Thanos မှာသုံးပြီးတိုက်ခိုက်ရမှာပါ။
ခုချိန်ထိတော့ mod က မပြီးသေးတဲ့အတွက် ထွက်မလာသေးသလို ဘယ်ချိန်ထွက်လာမလဲဆိုတာလည်း မသိရသေးပါဘူး။ ဒါပေမယ့် အောက်မှာတော့ ဒီ mod ရဲ့ ဗီဒီယိုလေးတွေကို ဖော်ပြထားပါတယ်။
Grand Theft Auto V ကိုတော့ PlayStation 4, Xbox One, PC, PS3 နဲ့ Xbox 360 တွေမှာဆော့နိုင်ပါတယ်။ ၂၀၁၃ ကတည်းက ထုတ်ခဲ့တာဖြစ်ပေမယ့် ခုချိန်ထိ ကမ္ဘာ့နာမည်ကြီးဂိမ်းတွေထဲက တစ်ခုဖြစ်နေဆဲဖြစ်ပြီး content update တွေ patch တွေကိုလည်း ပုံမှန်ရနေဆဲပါပဲ။
နောက်ထပ်သတင်းကောင်းတစ်ခုကလည်း ဒီဂိမ်းက lifetime sales မှာ သန်း ၁၀၀ နားတောင်ကပ်နေပြီဖြစ်လို့ Minecraft ပြီးရင် ဒုတိယရောင်းအားအကောင်းဆုံးဂိမ်းတစ်ခုလို့ပြောလို့ရပါတယ်။
ဂိမ်းရဲ့ mod သာထွက်လာပြီဆိုရင်တော့ Trevor နဲ့ Thanos တို့တိုက်ပွဲမှာ ဘယ်သူကအနိုင်ရမယ့်သူဖြစ်မလဲဆိုတာကတော့ သိပ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
You may be interested
S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
0 shares0 views
S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Ko Thuya - Aug 21, 2018
Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…
DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
851 shares79 views
DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Creepy Tyler - Aug 21, 2018
[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…
ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views
ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
Ko Thuya - Aug 21, 2018
Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…
Leave a Comment
Most from this category