3008 Shares 899 Views
May 28, 2018
3008 899
[Zawgyi]
Mi ထုတ်ကုန်တွေထဲက ၁မျိုး အပါအဝင် ဖြစ်တဲ့ Mi Note 5 ကိုလည်း ၄င်း မိတ်ဆက်ပွဲမှာ မြင်တွေ့နိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။ Mi Note 5 ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Mi Note 3 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။ နောက်ထပ် ထုတ်ကုန် အသစ် ၁မျိုးကတော့ SoC (System-On-Chip) ဖြစ်ပါတယ်။ Xiaomi SoC တွေရဲ့ ဒုတိယ မျိုးဆက် ဖြစ်တဲ့ Surge S2 နဲ့အတူ Wireless Charging Pad ကိုလည်း မိတ်ဆက်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
Ref: gadgets.ndtv
[Unicode]
ဒီလကုန်မှာ မိတ်ဆက်နိုင်ဖွယ်ရှိတဲ့ Mi Note 5 ရဲ့ Specification များ ထွက်ပေါ်
Mi 8 ကို မိတ်ဆက်မယ့် ရက်က တဖြည်းဖြည်း နီးကပ်လာလို့ လာပါပြီ။
Xiaomi အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်အသစ် မိတ်ဆက်ပွဲမှာ Mi 8 နဲ့ MIUI 10 အပြင် အခြားသောထုတ်ကုန် အသစ်များကိုလည်း မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မိတ်ဆက်ပွဲနဲ့ ပတ်သတ်ပြီး လတ်တလော ထွက်ရှိနေတဲ့ သတင်းများကတော့ Xiaomi ဟာ Mi ထုတ်ကုန်အသစ် ၃မျိူးကို မိတ်ဆက်နိုင်ဖွယ်ရှိတယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုများ ဖြစ်ပါတယ်။
Mi ထုတ်ကုန်တွေထဲက ၁မျိူး အပါအဝင် ဖြစ်တဲ့ Mi Note 5 ကိုလည်း ၄င်း မိတ်ဆက်ပွဲမှာ မြင်တွေ့နိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။ Mi Note 5 ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Mi Note 3 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။ နောက်ထပ် ထုတ်ကုန် အသစ် ၁မျိူးကတော့ SoC (System-On-Chip) ဖြစ်ပါတယ်။ Xiaomi SoC တွေရဲ့ ဒုတိယ မျိူးဆက် ဖြစ်တဲ့ Surge S2 နဲ့အတူ Wireless Charging Pad ကိုလည်း မိတ်ဆက်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
Xiaomi Mi Note 5 ရဲ့ Specs တစ်ချိူ့ပါဝင်တဲ့ စာရွက်လေးဟာ တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာကနေ တစ်ဆင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ စာရွက်မှာ ပါဝင်တဲ့ အကြောင်းအရာများကတော့ မျိူးဆက်သစ် Mi စမတ်ဖုန်းရဲ့ Specs တစ်ချိူ့နဲ့ Features များ ဖြစ်ပါတယ်။ ပေါက်ကြား ထွက်ပေါ်ခဲ့တဲ့ စာရွက်အပေါ်က အချက်အလက်များအရ Mi Note 5 ဟာ ၅.၉၉ လက်မ မျက်နှာပြင် အကျယ်ရှိ Display နဲ့ ပွဲထွက်လာနိုင်ပါတယ်။ Full Screen 2.0 ဒီဇိုင်းနဲ့ ပွဲထွက်လာနိုင်တဲ့ အတွက် ဘောင်တွေ မရှိသလောက်နီးပါး ဖြစ်နိုင်ပါတယ်။ Processor အပိုင်းမှာ Snapdragon 835 SoC ကို အသုံးပြုထားနိုင်ပြီး RAM 6GB ပါဝင်နိုင်ပါတယ်။ Memory Storage အတွက် 64GB ထည့်သွင်းထားနိုင်ပါတယ်။ ကျောဘက် ကင်မရာ အပိုင်းအတွက် Single Camera ကိုတပ်ဆင်မလား၊ Dual Camera ကိုတပ်ဆင်မလား အတိအကျ မသိရသေးပေမယ့် Four-axis Optical Image Stabilistaion (OIS) စနစ် ပါဝင်တယ်လို့ သိရပါတယ်။
စျေးနှုန်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ RAM 4GB / ROM 64GB မော်ဒယ်အတွက် တရုတ်ငွေ ၂၂၉၉ ယွမ် (မြန်မာငွေ ၅သိန်း ဝန်းကျင်) ကျင်သင့်နိုင်ပါတယ်။ ဒီစျေးနှုန်းဟာ Mi Note 3 ကို တရုတ်မှာ စတင်ရောင်းချခဲ့တဲ့ စျေးနှုန်းထက် နည်းပါတယ်။ Mi Note 3 ကနေ Mi Note 4 မဟုတ်ဘဲ Mi Note 5 သို့ ပြောင်းလဲသွားတဲ့ အကြောင်းအရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ Mi 6 ကနေ့ Mi 8 ကို ခုန်တက်တာကတော့ ၈နှစ်ပြည့် အထိမ်းအမှတ်ကြောင့် ဖြစ်ပါတယ်။ အလားတူ OnePlus ကုမ္မဏီကလည်း OnePlus 3 ကနေ OnePlus 5 ကို ခုန်တက်ခဲ့တဲ့ အဖြစ်အပျက်မျိူး ရှိပါသေးတယ်။
Xiaomi Mi Note 5 ကို တရားဝင် မိတ်ဆက်တဲ့ အခါကျရင်လည်း Specification အပြည့်အစုံနဲ့ Features များကို Mi ချစ်ပရိတ်သတ်ကြီးအတွက် ထပ်မံ တင်ဆက် ရေးသားပေးပါ့မယ် ခင်ဗျာ။
Ref: gadgets.ndtv
You may be interested
Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ
Android, HUBS, Mobiles & Tablets
0 shares0 views
Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ
Ko Thuya - Oct 16, 2018
Xiaomi Black Shark 2 ရဲ့ Teaser တစ်ခု ထွက်ပေါ်လာပါတယ်။ ပိုစတာမှာ အောက်တိုဘာလ ၂၃ ရက်လို့ ရေးသားထားတဲ့ အတွက် ဒီဖုန်းကို အဲနေ့မှာ ကြေညာနိုင်ပါတယ်။ ပိုစတာမှာ တရုတ်လို ရေးသားထားတဲ့အတွက် အဲဒီမှာ ကြေညာနိုင်ပါတယ်။ ရှောင်မီကတော့…
Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ
Dell, HUBS, NEWS
0 shares6 views
Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ
Ko Thuya - Oct 16, 2018
Dell UltraSharp U4919DW ဟာ ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ဖြစ်လာပါတယ်။ ဈေးကွက်ထဲမှ အခြား Ultra-wide Display များဟာ Full HD Resolution သာ ရှိပါတယ်။ ဒါ့အပြင်…
၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos
NEWS, Tech Update
0 shares6 views
၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos
Ko Thuya - Oct 16, 2018
Amazon CEO Jeff Bezos က ကုန်ပစ္စည်းများ ရောင်းချတဲ့ လုပ်ငန်း အပြင် Blue Origin အမည်ရ အာကာသ နည်းပညာ ကုမ္ပဏီကိုပါ တည်ထောင်ထားပါတယ်။ ဒီကုမ္ပဏီဟာ သူ့အတွက် အရေးအကြီးဆုံးလို့တောင် သူက ပြောပါတယ်။ သူက အာကာသ…
Leave a Comment
Most from this category